Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 11/20/2023 - 11:19 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာ ၄ ရက်မှ ၁၀ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၄၈ သန်းဖြစ်၍ ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁  ဒသမ ၇၀၇ သန်းဖြစ်ပြီး  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၅ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၆၁၂ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ကြက်သွန်နီ၊ လက်ဖက်ခြောက်၊ ဆေးရွက်ကြီး၊ ပလတ်စတစ်ဖြတ်စ လျော့နည်းတင်ပို့ခဲ့သော်လည်း ကြက် သွန်ဖြူ၊ ထောပတ်သီး၊ စက္ကူဖြတ်စ ပိုမိုတင်ပို့ခဲ့ခြင်းကြောင့် ပို့ကုန်တွင် ပိုမိုခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်ပတ်ထက် ဘိလပ်မြေ၊ အခြား စက္ကူများ၊ သတ္တုကုန်ကြမ်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း လယ် ထွန်စက်များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊  ရေနံထွက်ပစ္စည်းများ၊  ဓာတုပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ ဆပ်ပြာများ၊ ပရိဘောဂများ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင် သွင်းခဲ့ခြင်းကြောင့် သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းဖြစ်သည်။ 

အိမ့် (DOT)