Main menu

Background

တစ်ပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Mon, 11/20/2023 - 11:22 -- journal_editor

ရော်ဘာ
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄၈  သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၁၄၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာ တင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ ရော်ဘာ ၈၀၆ တန်နှင့် မလေးရှားနိုင်ငံသို့  ရော်ဘာ တန်ချိန် ၆၀ဝ တန် တင်ပို့ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ ရော်ဘာ ၆၄  တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၀  သန်းရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတန်ချိန် ၁၄၇၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂၈ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာ တန်ချိန်  ၁၃၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ပြောင်း
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ  ၃၀ဝ သန်း တန်ဖိုးရှိ ပြောင်း တန်ချိန်   ၉၅၃၀ ကျော် တင်ပို့ခဲ့ သည်။ တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၉၅၁၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့ ခဲ့သည်။
နိုဝင်ဘာပထမပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၇၄၇  သန်းတန်ဖိုးရှိ ပြောင်း ၂၈၆၈ တန်ကျော်  တင်ပို့နိုင်ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု တန် ချိန် ၁၂၄၀ဝ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၄၇ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်း တန်ချိန် ၈၉၀ဝ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။              

 

DAAT