Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 12/04/2023 - 11:47 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏  နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ  ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၁၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၉  ဒသမ ၉၈၆ သန်းဖြစ်ပြီး  အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈၇ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၉၁၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက်ပိုမိုရခြင်းမှာ တိရစ္ဆာန် ထွက်ပစ္စည်းတွင်  တင်ပို့မှုမရှိသော်လည်း  လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊  စက်မှုကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတင်ပို့မှုတွင် တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့် ဖြစ်သည်။  သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု တွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၈ သန်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ  သုည ဒသမ ၂၂၉ သန်း တင်သွင်းမှု လျော့နည်းခဲ့ သော်လည်း လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၇၇ သန်း တင်သွင်းမှုပိုမိုခဲ့သောကြောင့် သွင်းကုန်ပိုင်းတွင် တင်သွင်းမှုပိုမိုခြင်းဖြစ်သည်။

အိမ့် (DOT)