Main menu

Background

ကော့သောင်း ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 12/04/2023 - 11:48 -- journal_editor

ကော့သောင်းကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၀၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇၇ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၃ ဒသမ ၅၈၅ သန်းဖြစ်သည်။  ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၉၇ သန်းပိုမိုပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ ၈၀၆ သန်း လျော့နည်းသဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ၇၀၉ သန်းလျော့နည်းကြောင်းသိရသည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ဒသမ၅၄၂ သန်း သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၇ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၈၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ ကာလတူနှိုင်းယှဉ်ချက်အရ ပို့ကုန်တင်ပို့မှုကဏ္ဍတွင် တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ဝ၉၇ ပိုမိုခဲ့ခြင်းမှာ ရေထွက်ပစ္စည်းနှင့် အခြားပစ္စည်းတင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ ကာလတူထက် သွင်းကုန်ပိုင်းတွင် လျော့နည်းခြင်းမှာ လုပ်ငန်းသုံး  ကုန်ကြမ်းပစ္စည်းအုပ်စုတွင် ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ လူသုံးကုန်ကြမ်း ပစ္စည်းအုပ်စုတွင် ဆေးဝါးပစ္စည်းများ၊ ဆပ်ပြာ/ဆပ်ပြာမှုန့်နှင့် အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုမိုခြင်းမှာ ရေထွက်ပစ္စည်းအုပ်စု တွင် ငါးမျိုးစုံ၊ ကင်းမွန်၊ ဂဏန်း၊ အခြားပစ္စည်းအုပ်စုတွင် ဆီအုန်းတို့ ပိုမိုခဲ့ခြင်း ကြောင့် ပို့ကုန်ပိုင်းတွင် ပိုမိုခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များနှင့် အခြား ပစ္စည်းများ၊ လူသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် ဆပ်ပြာ/ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး နှင့် အလှကုန်ပစ္စည်းမျိုးစုံ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ကောသောင်းကုန်သွယ်ရေးစခန်းအနေဖြင့်  အနီးစပ်ဆုံးကာလထက်ပို့ကုန် နှင့် သွင်းကုန်ပိုင်းတွင်  ပိုမိုဆောင်ရွက်ခဲ့ပြီး ကာလတူထက် ပို့ကုန်ပိုင်း၌ ပိုမိုတင်ပို့ ခဲ့ပြီး သွင်းကုန်ပိုင်းတွင် လျော့နည်းခဲ့ကြောင်း ကော့သောင်းကုန်သွယ်ရေးစခန်းမှ သိရသည်။

အိမ့် (DOT)