Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/15/2024 - 12:00 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၄ သန်း၊ သွင်းကုန်  တန်ဖိုး  အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၉၉ သန်းဖြစ်သည်။
ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆၉ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၁ဒသမ ၆၄၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 
ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၀ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၈၉ သန်း၊ အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၆၇ သန်း ပိုမိုခဲ့သော်လည်း သစ်တောထွက်အုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၁၇၈ သန်း၊ ရေထွက်ပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒဿမ ၁၀၈ သန်းလျော့နည်းတင် ပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင်ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည  ဒသမ ၁၁၅ သန်း လျော့နည်း တင်သွင်းခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ် လာ ၃ဒသမ ၇၃၇ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၃၇ သန်း ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံး ကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၂၁၇ သန်း ၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၂၈၉ သန်း ပိုမို ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၅၀၆ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ယခင်လထက် အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၈ သန်း လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၉၁ သန်း၊ သတ္တုတွင်းထွက် အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၄ သန်းတို့ ပိုမို ခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ယခင်လထက် ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၇၄၅ သန်း၊ လုပ်ငန်းသုံး ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၃၆၁ နှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုညဒသမ ၁၈၃ သန်း ပိုမိုခဲ့သောကြောင့်ဖြစ်သည်။ 

အိမ့် (DOT)