Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 11:38 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏  ဧပြီ ၂၀  ရက်မှ ၂၆ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၂၀  သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၂၁ သန်း၊ သွင်းကုန်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၉ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၀ သန်းပိုမိုခဲ့သည်။ ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင် ပိုမိုခြင်း မှာ ကော်ဖီစေ့၊ ငရုတ်သီးခြောက်နှင့် တံမြက်စည်းမွေး တင်ပို့မှု လျော့ နည်းခဲ့သော်လည်း ပြောင်း၊ လိမ္မော်သီး၊ ကြက်သွန်နီ၊ ြမေဘူန ှအသညန ျေသမအနိ ၊ စက္ကူဖြတ်စ၊ ပလတ်စတစ်ဖြတ်စ ပိုမို တင်ပို့ခဲ့သောကြောင့် ဖြစ်သည်။ 
ယခင်တစ်ပတ်ထက် သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းမှာ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော် လည်း ဘိလပ်မြေ၊  ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်း များ၊  ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ ဆေးဝါးပစ္စည်းများ၊ မီးဖိုချောင် သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။                        

 

  အိမ့် DOT)