Main menu

Background

ကျောက်တန်းငါးခြောက်အကြောင်း သိကောင်းစရာ

Mon, 07/17/2023 - 10:58 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများအနက် မီးပြစံပြကျေးရွာသည် ငါးခြောက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အောင်မြင်လျက်ရှိသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ကျောက်တန်းမြို့မှထွက်ရှိသည့် ငါးခြောက် ၏ လူသိများလှပုံမှာ ကျောက်တန်းမြို့ဟု ပြောလိုက်သည်နှင့် ကျောက်တန်းငါးခြောက်ကို ပြေးမြင်မိသကဲ့သို့ ကျောက်တန်းငါးခြောက်ဟု ပြောလိုက်သည်နှင့် မသိသူ မရှိလောက်အောင် လူသိများလှပေသည်။
ကျောက်တန်းမြို့နယ်  မီးပြစံပြကျေးရွာမှ အဓိကဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက် အမျိုးအစားများမှာ ငါးပြေမခြောက်၊ ငါးကတ်သာခြောက်၊ ငါးရောင်ခြောက်၊ ငါးနှပ်ခြောက်၊ ငါးပုတ်ခြောက်၊ ငါးပုတ်သင်ခြောက်(ခ) နတ်ကတော်ခြောက် ဟူ၍ ခြောက်မျိုးရှိကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
အဆိုပါ ငါးခြောက်များကို ကျောက်တန်းမြို့နယ်အတွင်း၌သာ ရောင်းချကြောင်းနှင့် ကျောက်တန်းမြို့ရှိ ရေလည်ဘုရားသို့ ဘုရားဖူးလာရောက်သည့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များကလည်း ဝယ်ယူအားပေးလျက်ရှိကြောင်း၊ ဈေးနှုန်းများအနေ ဖြင့် ငါးပြေမခြောက် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ၀၊ ငါးကတ်သာခြောက် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ၊ ငါးရောင်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၀၊ ငါးနှပ်ခြောက်တစ်ပိဿာလျှင်ကျပ် ၁၀ဝ၀ဝ  ဖြင့် ရောင်းချကြောင်း သိရှိရပြီး ငါးခြောက်ဈေး ကွက်အနေဖြင့် နွေရာသီအချိန်တွင် ရောင်းအားကောင်းပြီး မိုးရာသီအချိန်၌ ရောင်းအားပါးကြောင်း သိရှိရသည်။            
ဝိုင်းအိတာ