Main menu

Background

တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ သုံးလအတွင်း ရေထွက်ကုန် တန်ချိန် ၇၀ဝ၀ဝ နီးပါး တင်ပို့ထား

Mon, 07/31/2023 - 13:09 -- journal_editor

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်များကို တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ တန်ချိန် ၇၀ဝ၀ဝနီးပါး တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်   ပထမ သုံးလပတ်၌ ပြည်ပနိုင်ငံများသို့ ရေထွက် ကုန် ၆၉၆၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အနေဖြင့်     အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၂၄၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံ များသို့ ရေထွက်ကုန်တင်ပို့မှု   စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်းခန့်ကို  တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း  သိရ သည်။ 
တရုတ်နိုင်ငံသို့ ရေထွက်ကုန် တင် ပို့ရာတွင် လေကြောင်းမှနေ၍ရေသတ္တဝါ အရှင်များ    တင်ပို့လျက်ရှိပြီး ရေလမ်း ကြောင်းမှနေ၍လည်း အအေးခန်းစက်ရုံ များမှတစ်ဆင့် ကွန်တိန်နာများဖြင့် တင် ပို့ခြင်းများလည်းရှိကာ     နယ်စပ်လမ်း ကြောင်းမှ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။ 
မြန်မာ့ရေထွက်ကုန်များကိုတရုတ် နိုင်ငံအပါအဝင်    ထိုင်း၊ ဂျပန်၊ ဥရောပ နိုင်ငံများနှင့်     အိမ်နီးချင်းနိုင်ငံများသို့ ပင်လယ်ရေကြောင်း    ကုန်သွယ်မှုဖြင့် တင်ပို့လျက်ရှိသည့်အပြင် နယ်စပ် လမ်း ကြောင်းများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံ များသို့ပါ တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ နှစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ရက် အထိ သုံးလအတွင်း မြန်မာ့ရေထွက်ကုန် တင်ပို့မှုမှ     အမေရိကန်ဒေါ်လာ  ၁၃၅ ဒသမ ၆၀၃ သန်း ဝင်ငွေရရှိခဲ့ကြောင်းသိရ သည်။

ပန်းဆု