Main menu

Background

စီးပွားဖြစ်ရေငန်ပုဇွန်စီးပွားဖြစ်မွေးမြူနည်း

Thu, 08/31/2023 - 11:19 -- journal_editor

ရေငန်ပုစွန် အသားတိုးမွေးမြူခြင်းလုပ်ငန်းကို   စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်  အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပထမဦးစွာ    မွေးမြူထုတ်လုပ်မည့်နည်းစနစ်(Culture System)ကို အခြေခံ၍ စဉ်းစားရပါမည်။ မွေးမြူထုတ်လုပ်မည့် နည်းစနစ်ကို နည်း ပညာနှင့်ငွေကြေး    မတည်ရင်းနှီးနိုင်မှုတို့အပေါ်တွင် အခြေခံပြီး စဉ်းစားရပါသည်။ ထိုမှတစ်ဆင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်၊ နောင်တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့်အစီအစဉ်၊ လုပ်ငန်း ဆိုင်ရာ ထုတ်လုပ်မှုစီမံချက်တို့ကို ယေဘုယျအားဖြင့် လျာထားသတ် မှတ်ပြီး အစီအစဉ် ရေးဆွဲရပါသည်။ ထိုစီမံချက်များကို  အဆင့်ဆင့် အစီအစဉ်တကျ စီမံခန့်ခွဲ၍ ဆောင်ရွက်သွားမှသာ   ရေရှည်တွင် အောင်မြင်နိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပေ မည်။
လက်ရှိ    အာရှနှင့်ပစိဖိတ်ဒေသတွင် လုပ်ကိုင်လျက်ရှိသော ပုစွန်မွေးမြူရေး နည်းစနစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)သမားရိုးကျမွေးမြူနည်းစနစ် 
     (Traditional System or Trap and Hold)
(၂)ကန်ကျယ်မွေးမြူနည်းစနစ် (Extensive System)
(၃)သမားရိုးကျဖြည့်စွက်ကျွေးမွေးစနစ်  Improved Extensive or Extensive plus System)
(၄)သိပ္ပံနည်းကျ ဂရုတစိုက်မွေးနည်းစနစ် 
     Semi-intensive System)
(၅)အထူးဂရုစိုက်မွေးနည်းစနစ် (Intensive System))
(၆)အဆင့်မြင့် အထူးဂရုစိုက် မွေးနည်းစနစ်(Super Intensive System)တို့ ဖြစ်ကြသည်။

ရေငန်ပုစွန်မွေးမြူရေး၏ အခြေခံအချက်များ
၁။မြေနေရာရွေးချယ်ခြင်း 

ပင်လယ်ရေငန်ပုစွန် စီးပွားဖြစ် အသားတိုးမွေးမြူရေးလုပ်ငန်း တွင်    အသားတိုးမွေးမြူရေးကန်များ တည်ဆောက်ရန် မြေနေရာ ရွေးချယ်ခြင်းသည် အဓိကအရေးပါသောအချက်တစ်ချက်ဖြစ် သည်။
ပင်လယ်ရေငန်ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို ရေချို ရေငန်စပ်ဒေသများ၊ ပင်လယ်ရေငန် ဝင်ရောက်ရာ  ကမ်းခြေဒေသ၊ ကမ်းစပ်ကုန်းတွင်းဒေသများ၊ ရေငန်ဝင်ရောက်နိုင်သည့် မြစ်၊ ချောင်း လက်တက်ဒေသများတွင်   လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ အဆိုပါ နေရာဒေသများတွင် လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများနှင့်လည်း   ကြုံတွေ့နိုင်ပါ သည်။ မြေနေရာရွေးချယ် အသုံးပြုမှု မှန်ကန်မှသာ စီးပွားရေးဆိုင် ရာ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပင်လယ်ရေငန် နှုန်းမီသည့် ပင်လယ်ဒေသများ၊ ရေငန်အလုံအလောက်  ရရှိနိုင်မည့် နေရာများကို အဓိကထားပြီး ရွေးချယ်ရန် လိုအပ်ပါသည်။
 မြေနေရာရွေးချယ်ရာတွင် အမြဲတမ်း  ဒီရေအတက်အကျရှိ သည့် နေရာ (ှုညအနမအငေိူ ဇသညန)များကို အဓိကထား၍ ရွေးချယ်ရမည်။ မွေးမြူရေးကန်များအတွက် လုံလောက်သော မြေနေရာရရှိမှု၊ မြေ နေရာပိုင်ဆိုင်မှုရရှိရေးနှင့်   တည်ငြိမ်မှုရှိရန် လိုအပ်ပါသည်။ ရေငန် ပုစွန်မွေးမြူရေးလုပ်ငန်းမှာ    ကာလတို  လုပ်ကိုင်ရသည့်လုပ်ငန်း မဟုတ်ဘဲ ရေရှည်လုပ်ကိုင်ရသည့်လုပ်ငန်းဖြစ်သဖြင့်  မြေနေရာရရှိ ရုံနှင့်  လုံလောက်မှုမရှိဘဲ ရေသွင်း/ရေထုတ် အမြဲတမ်းရရှိရေးမှာ လည်း အရေးကြီးပေသည်။  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မြေ နေရာရွေးချယ်ခြင်း၌ မြေအမျိုးအစား၊ ရေရရှိမှု၊   ဒီရေအတက်အကျ၊ အနိမ့်အမြင့်၊ ရာသီဥတု၊ ဆက်သွယ်ရေးလမ်းကြောင်း၊ လျှပ်စစ်မီးရရှိ နိုင်မှု၊အစာရရှိနိုင်မှု၊လုပ်သားများရရှိရေးနှင့် ဈေးကွက်အကွာအဝေး စသည့်အချက်များပေါ်တွင်   မူတည်၍  ရွေးချယ်ရန် လိုအပ်သည်။ မြေနေရာရွေးချယ်ခြင်း မှားယွင်းသွားပါက  ကုန်ထုတ်လုပ်မှုကိုလည်း ထိခိုက်သွားနိုင်ပါသည်။ ထို့ကြောင့် မြေနေရာ ရွေးချယ်မှုမှန်ကန်စေ ရန် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။
၎င်းအပြင် စီးပွားဖြစ်    ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းတွင် မွေးမြူ ထုတ်လုပ်ရန်အတွက် ကန်တူးဖော်ခြင်းနှင့် သက်ဆိုင်သည့် ဒေသဆိုင်ရာ   အချက်အလက်များနှင့်အညီ ရွေးချယ်ပြီးသည့်တိုင် အောင် ရေငန်ပုစွန်သားပေါက်များ   အလုံအလောက် ရရှိစေရေး အတွက် ရေငန်ပုစွန်သားပေါက်စခန်းများ   တည်ရှိရာနေရာများနှင့် လည်း  ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးမှာ အထူးလိုအပ်လှ သည်။ ထို့ပြင် မိမိမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် အနီးအနားပတ် ဝန်းကျင်ရှိဒေသ၏ပေါက်ရောက်နေသောအပင်များနှင့် ကန်တူးဖော် ရာတွင်ကုန်ကျမည့်စရိတ်များသည်လည်း မြေနေရာရွေးချယ်မှုအခန်း ကဏ္ဍတွင် အလေးထားထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ပေသည်။

၂။မြေအမျိုးအစား (Soil Type)
ရေငန်ပုစွန်မွေးမြူရေးကန်  တူးဖော်မည်ဆိုပါက အရေးကြီး သောအချက်တစ်ချက်မှာ မြေအမျိုးအစားဖြစ်ပါသည်။  ပုစွန်မွေးမြူ ရေးကန်၏အောင်မြင်မှု၊ဆုံးရှုံးမှုသည်မြေအမျိုးအစားပေါ်တွင် တည် မှီပါသည်။ သဘာဝအစာများ မဖြစ်ထွန်းသောမြေ၊ ရေအလွယ်တကူ စိမ့်ထွက်နိုင်သောမြေ၊  ထုံးဓာတ်အချဉ်ဓာတ်ပါသောမြေများ မဖြစ် စေရန် လိုအပ်ပါသည်။
မြေအမျိုးအစားသိရှိနိုင်ရန်     မိမိတူးဖော်မည့် ကန်နေရာ၏ နေရာအနှံ့အပြားတွင် တူးပြီးဒေသအခြေအနေကိုပါ စစ်ဆေးကြည့်ရှု နိုင်သည်။ တစ်ခါတစ်ရံတွင်  ၃ ပေ၊ ၄ ပေလောက်တွင်  စိတ်ကြိုက် မြေမျိုးကို ရရှိနိုင်သော်လည်း  ၅ ပေ၊၆ပေခန့်တွင် သဲဆန်သောမြေများ ဖြစ်နေတတ်ပါသည်။ မြေအမျိုးအစားတွင် ပါဝင်သော အရာဝတ္ထုများ ၏ဖွဲ့စည်းတည်ရှိမှု(ွှနထအကမန)အပေါ်တွင် မူတည်၍အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားရှိပါသည် -
(၁)ရွှံ့စေးမြေ(Clay Soil))
(၂)သဲမြေSandy Soil)
(၃)နုန်းမြေLoam Soil)ဟူ၍ ဖြစ်သည်။
မြေအမျိုးအစား ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအမည်များ
အထက်ဖော်ပြပါ မြေအမျိုးအစားများအနက် အမှတ်စဉ်(၃)တွင် ပါရှိသော မြေအမျိုးအစားအမည်များအားလုံးမှာ  မွေးမြူကန် တူးဖော်ရန် အထူးသင့်တော်သော   မြေအမျိုးအစားများဖြစ်သည်။ အမှတ်(၂) မြေအမျိုးအစားသည် အထိုက်အလျောက် သင့်တော်သည့် မြေအမျိုးအစားဖြစ်ပြီး အမှတ်စဉ်(၁)ပါ  မြေအမျိုးအစားမှာ မွေးမြူ ကန်တူးဖော်ရန် လုံးဝ မသင့်တော်သည့် မြေအမျိုးအစားများ ဖြစ်ပါ သည်။
ရွှံ့စေးမြေသည် ရေကိုနောက်ကျိစေရန် မျှောလှေး(ဏူညေုအသည) ြွကယ်ဝမှုကို နည်းစေသည်။ ရွှံ့သဲမြေသည်  သဲအထိုက်အလျောက် ပါဝင်သဖြင့်အပူအအေးကိုထိန်းနိုင်ပြီး အောက်ခြေရှိသဲထဲသို့ အညစ် အကြေးများ ပျော်ဝင်ရန် အရည်အသွေးကောင်းမွန်ပါသည်။ နုန်းမြေ သည် ရွှံ့နုန်း၊သဲ အချိုးအစားအလိုက်ပါဝင်သော မြေဖြစ်၍မြေသြဇာ ကောင်းမွန်ခြင်း(င်္နမအငူန)အမျိုးအစားဖြစ်ပါသည်။ ရေငန်ပုစွန်မွေးမြူ ရေးကန်များ တူးဖော်ရာ၌ ရေကိုထိန်းသိမ်းမှု  စွမ်းအားမြင့်မားသော မြေ၊ နုန်းမြေပါဝင်မှုများသောမြေ (သို့မဟုတ်)  နုန်းဆန်သည့် ရွှံ့စေး မြေ၊ သဲအနည်းငယ် ပါဝင်သောမြေ၊ ရွှံ့၊ နုန်း၊ သဲ အချိုးအစားအလိုက် ပါဝင်သောမြေစသည့် မြေအမျိုးအစားများကိုသာ ရွေးချယ်သင့်သ ည်။ သဲဆန်သောမြေအမျိုးအစားကိုမူ   အထူးသတိပြု ရှောင်ရှား သင့်ပါသည်။
မြေအမျိုးအစားများအနက်မှ ရွှံ့စေးမြေ(ဃူပေ)သည်  ရေထိန်း ချုပ်နိုင်မှု ရာခိုင်နှုန်းအမြင့်မားဆုံးဖြစ်သည်။ ရေနှင့်ရောပြီး  လက်ကို စမ်းသပ်ကြည့်ပါလျှင် သဲကြမ်းပါဝင်သည့် မြေအမျိုးအစားဖြစ်သော ကြောင့် မွေးမြူကန်တူးဖော်ရန် အကောင်းဆုံးဖြစ်ပါသည်။  ရေငံ ပုစွန်မွေးမြူရေးစနစ်တွင် ရွေးချယ်ရမည့် မြေအမျိုးအစားမှာ ရွွှံ့နုန်း မြေ(ဃူပေ ူသော)အမျိုးအစားဖြစ်ပါသည်။  ရွှံ့နုန်းမြေ အမျိုးအစား တွင် သဲ(ှညေိ)  ၁၀မှ၂၀ရာခိုင်နှုန်း၊ နုန်း(ှငူအ)  ၂၀  မှ  ၃၀  ရာခိုင်နှုန်း၊ ရွှံ့(ဃူပေ)  ၄၀မှ  ၆၀ရာခိုင်နှုန်း အချိုးအစားပါရှိရမည်။

၃။မြေအနိမ့်အမြင့်(Elevation)
ရေငန်ပုစွန် အသားတိုးမွေးမြူရေးကန်များ  တူးဖော်ရာတွင်  နေရာဒေသရှိ မြေအမျိုးအစားကို အခြေခံ၍ မြေအနိမ့်အမြင့် တည် နေရာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။  ကန်တူးဖော် ခြင်းလုပ်ငန်းများ မွေးမြူရေးကန်များမှ ရေသွင်း/ရေထုတ် ပြုလုပ်ရာ တွင်   စရိတ်စက ကျဉ်းစေရန် မွေးမြူရေးကန်များ၏ပထဝီအနေ အထားကို  ရွေးချယ်ရာတွင် မနိမ့်လွန်း၊ မမြင့်လွန်းသည့်နေရာများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ပါသည်။
ရေထိန်းသိမ်းနိုင်မှုစွမ်းအားကို သိရှိနိုင်ရန် လိုအပ်ပါက မြေ ဓာတ်ခွဲစမ်းသပ်ခြင်း(Soil Analysis))ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အဓိကအားဖြင့် မြေပြိုနိုင်သည့်နေရာများ၊  ရေကြီးရေလွှမ်းမိုးမှုရှိနိုင် သည့်ဒေသများ၊ လေမုန်တိုင်းဒဏ်  ကျရောက်နိုင်သည့်နေရာဒေသ များကို ရှောင်ကြဉ်သင့်သည်။
မွေးမြူရေးကန် တည်ဆောက်မည့်နေရာ၏ ရေသေရက်များ တွင် နေ့စဉ် ပုံမှန်အတက်အကျရှိနေသည့် ဒီရေအနိမ့်အမြင့်၊ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိသည့်   ထူးကဲဒီရေ အနိမ့်အမြင့်များလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး ကန်တည်ဆောက်မည့် မြေအနိမ့်အမြင့်တွင် လိုအပ်မည့်   တာတမံ(ကန်ဘောင်)အနိမ့်အမြင့်ကို တည်ဆောက် ရမည်ဖြစ်သည်။ 
မြေနိမ့်ဒေသများသည် ရေသွင်းရန်   လွယ်ကူပြီး  ရေထုတ်ရန် ခက်ခဲကာ မြေမြင့်ဒေသများသည် ရေထုတ်ရန် လွယ်ကူ၍ ရေသွင်း ရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်ရာ ရေသွင်း/ရေထုတ်  လွယ်ကူစေရန် အတွက် မနိမ့်လွန်း မမြင့်လွန်းသော မြေမျိုးကို ရွေးချယ်ရန် လိုအပ် သည်။ မညီမညာဖုထစ်နေသော မြေအမျိုးအစားများကို ရှောင်ရှား ကာ မွေးမြူကန်နေရာသည် အမြင့်ဆုံး   ဒီရေအမှတ်ထက် တစ်မီတာ မြင့်သော နေရာမျိုးဖြစ်သင့်သည်။    ရေငန်ပုစွန် မွေးမြူရေးကန်များ အနေဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန်  ကန်များတည်နေရာ အနိမ့် အမြင့်ကိုလိုက်၍   ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများနှင့် ဒီရေအတက်အကျများပေါ်တွင်  အခြေခံ၍ မနိမ့်လွန်း၊ မမြင့်လွန်း သောနေရာမျိုးကို  ရွေးချယ်နိုင်ရန် လိုအပ်ကြောင်း တင်ပြလိုက်ရ ပါသည်။

 

နှင်းအိ (ရာမည)