Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်း၏ ရေထွက်ပို့ကုန်

Tue, 11/07/2023 - 12:03 -- journal_editor

တနင်္သာရီတိုင်းသားတို့သည် အခြားတိုင်းများနှင့် ယှဉ်လျှင် သဘာဝက မျက်သာ ပိုမိုပေးထားသည်။ အဘယ် ကြောင့်ဆိုသော် အခြားဒေသများထက် ငါးဖမ်းကွက်ပိုခြင်း၊ ငါးများပေါက်ဖွားရာအကြိုက်နှင့် ကျွန်းများပေါခြင်းကြောင့် ဆယ့်နှစ်ရာသီလုံး ငါးဖမ်းဆီးနိုင်ခြင်းအပြင် ပင်လယ်ပြင်တွင် ရာသီဥတုဖောက်ပြန်လာပါက  ခိုလှုံရန် ကျွန်းများစွာရှိခြင်း စသည်တို့ဖြစ်သည်။
မြန်မာ့ငါးလုပ်ငန်းရေပြင်တွင် နှစ်စဉ်ဖြစ်ထွန်းတည် ရှိပြီး ရေပေါ်လွှာကျက်စားသော ငါး ဏနူပေငန နှင့် ပင်လယ် ကြမ်းပြင်အနီးတွင် ကျက်စားသော ငါး  ီနာနျေူ င်္ငျ့ ဟူ၍ အဓိက နှစ်မျိုးနှစ်စားရှိသည့်အပြင် တနင်္သာရီတိုင်းတစ်တိုင်း တည်းတွင် ငါးမျိုးစိတ်ပေါင်း ၇၈ မျိုး တွေ့ရှိရသည်။    
တနင်္သာရီတိုင်းဒေသကြီး  ငါးလုပ်ငန်း  ရေပြင်သည် အခြားငါးဖမ်းကွက်များနှင့်ယှဉ်လျှင် ငါး၊ ပုစွန်များ ပေါက်ဖွား ရာ၊ ခိုအောင်းရာ ကျွန်းများပေါများခြင်းကြောင့် ဆယ့်နှစ်ရာသီ လုံး ငါးဖမ်းနိုင်သည့်အပြင် ရေအနက်မီတာ ၁၀ဝ နှင့် ၂၀ဝ ကြားတွင် တန်ဖိုးကြီးငါးများဖြစ်သော ကျောက်ငါး၊ ငါးပါးနီနှင့် အခြားတန်ဖိုးရှိ ရေထွက်သယံဇာတများ ပျော်စံရာ ရေပြင်ကြီး တစ်ခုဖြစ်သည်။
ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မွေးမြူရေးလုပ်ငန်းရှင်များအား ဖြစ်နိုင်သည့် နေရာ များတွင် တိုးချဲ့မွေးမြူရေးစည်းရုံးဆောင်ရွက်ခြင်း ၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း   နိုင်ငံခြားသို့ ငါး/ပုစွန်တင်ပို့မှု တိုး တက်နိုင်ရေးနှင့် (ွီဏ) တိုးတက်ရေးတို့အတွက် ဖမ်းဆီးရေး အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ ဖွံ့ဖြိုးတိုက်တက်ရန် စီမံ ဆောင်ရွက်ခြင်း၊ ရေချို /ရေငန်ငါး၊ ပုစွန်သားပေါက်များ ထုတ်လုပ်၊ ဖြန့်ဖြူးမျိုး စိုက်ထည့်ရေးကို စီစဉ်ဆောင်ရွက်ခြင်း၊ ငါးသယံဇာတ  မပြုန်းတီးစေရေးအတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြင့်  ရေရှည်တည်တံ့သော ငါး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းလမ်းတကျ ဆောင် ရွက်သွားရန်နှင့် ငါးဖမ်းကွက်များစိစစ်ခြင်း၊ ငါးဖမ်းကိရိယာ များ စိစစ်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်းများ မရှိစေရေး အတွက် ပညာပေးဆွေးနွေးခြင်းနှင့် အရေးယူ ဆောင်ရွက် ခြင်းများကို ဆောင်ရွက်ခြင်း၊ ပြည်ပပို့ကုန် ပိုမိုတိုးတက်လာ စေရေးအတွက် င်္သောူ ှနခအသမ လမ်းကြောင်းသို့ အပြည့်အဝ ရောက်ရှိရန် စီမံခန့်ခွဲနည်းလမ်းဖြင့် ရေလုပ်ငန်းရှင်များအား စည်းရုံးဆောင်ရွက်သွားခြင်း၊ နိုင်ငံခြားသို့ ရေထွက်ပစ္စည်း တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍ ပြည်ပပို့ကုန် ပိုမိုတင်ပို့ ရောင်းချနိုင်ရေး၊ မှန်ကန်မြန်ဆန်ရေးကိုလည်း ဆက်စပ်ဌာန  များ၊ ရေလုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ငါးသယံဇာတများ မပျက်စီး မပြုန်းတီးစေရေး စဉ်ဆက်မပြတ် ထုတ်ယူ သုံးစွဲနိုင်ရေးတို့အတွက် တာဝန်သိ ငါးဖမ်းလုပ်ငန်း အား ဦးတည်၍ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊  မျိုးထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေနေသတ္တဝါများ ရှင်သန်ကြီးထွားရာ (ကြမျနမပ ွမသကညိ ယ င်္နနိငညါ ွမသကညိ ယ ှစသတညငညါ ွမသကညိ) များ ဖြစ်သော သန္တာကျောက်များ ဒီရေတောများ ၊ ရှားပါးသတ္တဝါ များဖြစ်သည့် (နညိညေါနမ ှစနခငနျ) လိပ် ၊ လင်းပိုင်၊ ရေဝက်၊ ငါးမန်းများအား မျိုးထိန်းသိမ်းရေးအတွက် ဆောင်ရွက်ခြင်း၊ သဘာဝဒီရေတောများအတွင်း သယံဇာတ တိုးပွားရေး အစီ အစဉ်ဖြင့် မျိုးစိုက်ခြင်းလုပ်ငန်းများ  စီမံဆောင်ရွက်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် သားဖောက်ပြီး အင်တိုက်အားတိုက် အခမဲ့မျိုးစိုက်ထည့်ပေးရာ၌ အကန့်အသတ် အခက်အခဲများရှိ သဖြင့် ရေနေသယံဇာတအပေါ် အမှီပြုစီးပွားဖြစ် လုပ်ကိုင် လျက်ရှိသော ရေလုပ်ငန်းရှင်များ ၊ မိမိတို့လုပ်ငန်းများ ရေရှည် စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်ရေးအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင် မျိုးစိုက်ထည့်ပေးသွားရန် ငါးလုပ်ငန်းဦးစီးဌာန  တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ် ၍ တွန်းအားပေး စည်းရုံးဆောင်ရွက်သင့်ပါသည်။    
မြိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ အောက် တိုဘာလထိ)  ရေထွက်ကုန် ပစ္စည်းတင်ပို့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

    စဉ်    ဘဏ္ဍာနှစ်    ကုန်သွယ်မှုတန်ချိန်    ကုန်သွယ်မှုတန် (ဒေါ်လာသန်း)
    ၁    ၂၀၁၈-၂၀၁၉        ၅၃၂၁၀ .၃၁၈              ၇၀.၈၅၂
    ၂    ၂၀၁၉-၂၀၂၀         ၃၄၆၂၀  .၉၆၅            ၃၅ .ဝ၈၉
    ၃    ၂၀၂၀-၂၀၂၁          ၃၃၂၂၃  .၇၁၀             ၃၅.၇၇၇
    ၄    ၂၀၂၁-၂၀၂၂          ၁၉၂၁၄  .၃၁၀              ၂၁.၃၉၂
          (MIni Budget)        
     ၅    ၂၀၂၂-၂၀၂၃        ၂၄၁၃၄  .၅၄၆              ၄၅ .၁၀၇
    ၆    ၂၀၂၃-၂၀၂၄    ၁၀၄၃၇  .၂၀၅                  ၁၀.၁၄၁
        (ဧပြီမှ အောက်တိုဘာလထိ)        

မြိတ်ကုန်သွယ်ရေးစခန်း