Main menu

Background

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၀ဝကျော် ရရှိထား

Tue, 11/07/2023 - 12:30 -- journal_editor

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ကိုဗစ်ကာလ  မတိုင်ခင်နှင့်   ကိုဗစ်ကာလတွင်လည်း ယင်းပမာဏ အတိုင်း တင်ပို့ခဲ့ခြင်းဖြစ်သည့်အတွက် တင်ပို့မှုလျော့ကျခြင်း  မရှိခဲ့ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။ “ရေထွက်ကုန်ကို ပင်လယ်ရေကြောင်းနဲ့  နယ်စပ်လမ်းကြောင်းကနေ တင်ပို့တယ်၊ ရေချို၊ ရေငန် နှစ်မျိုးဆိုပြီး တင်ပို့တယ်။ ဒီဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ သန်း ၈၀ဝ နီးပါး ရရှိဖို့ မျှော်လင့်ထားပါတယ်”ဟု   ၎င်းက ပြောသည်။ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ  စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့်   နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုအနေဖြင့် တန်ချိန် ၁၇၅၀ဝ၀ ကျော်  တင်ပို့ ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ဖော်ပြ ထားသည့်အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ ၂၇၆ သန်းကျော်ရရှိထားပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့်ဥရောပ နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး   တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်  ကုန်သွယ် ရေးစခန်းများကတစ်ဆင့်လည်း  ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု