Main menu

Background

ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ရောင်းချနေသော ငါးခြောက်၊ ပုစွန်ခြောက်ဈေးကွက်

Mon, 11/20/2023 - 14:18 -- journal_editor

ဘားအံမြို့ ရေပေါ်စံပြဈေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါး ခြောက်များမှာ မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်၊ ရေးမြို့နယ်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှ အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရပြီး  ငါးခြောက် နှင့် ပုစွန်ခြောက်ဈေးနှုန်းများမှာ ထွက်ရှိရာဒေသကို မူတည်၍ လည်း ကောင်း၊ အရည်အသွေးကို လိုက်၍လည်းကောင်း အနည်းငယ်ကွာခြား လျက်ရှိသည်။
နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး)  တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ဝ၊ ပုစွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ၊ ပုစွန်ခြောက်(အသေး) တစ် ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ ၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀ဝ  ငါးနှပ်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ မှ ၂၅၀ဝ၀  ငါးနှပ်ခြောက်(အကောင်ကြီး) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ မှ ၄၅၀ဝ၀၊ ငါးရောင် အသားမျှင်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ၀  ငါးအိပေါင် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ   ငါးဗြတ်လုံး တစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ ငါးရောင်တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ငါးတန်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀၊ ငါးနီတူခြောက် တစ် ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၂၀ဝ၀ဝ၊ ငါးလျှာဖြတ် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ ငါးခွေးလျှာခြောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ ငါးမီးတံ သွယ်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ၁၇၀ဝ၀၊ တီလားဗီးယား ငါးခြောက်(အချို) တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀၊ ငါးရွှေခြောက် တစ် ပိဿာလျှင် ကျပ် ၁၈၀ဝ၀ တို့ဖြစ်ပြီး ဈေးနှုန်းများမှာ အပတ်စဉ်အလိုက် အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်း ငါးခြောက်ကုန်သည်များထံမှ သိရသည်။                                                                                            

ZAR(DOCA Kayin)