Main menu

Background

မတ်ပဲတင်ပို့မှုပိုပြီးဈေးကောင်းရ

Wed, 10/28/2020 - 13:25 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၀၈၂၉ ဒသမ ၅၇၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၅၁၂၅၉ ဒသမ ၉၅ ဖြစ်သည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၄ နိုင်ငံရှိပြီး ယူနိုက်တက်ကင်းဒမ်း၊ အီရန်၊ နီပေါ၊ နယ်သာလန်၊ စင်္ကာပူ၊ ကနေဒါ၊ သြစတြေးလျ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ပါကစ္စတန်နှင့် မလေးရှားတို့ ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာအိန္ဒိယဖြစ်၍ တန်ချိန် ၆၀၉၇ ဒသမ ၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၅၇၁၆၂ ဒသမ ၆၈ ဖြစ်ပြီး အနည်းဆုံးတင်ပို့ခဲ့သော နိုင်ငံမှာ နယ်သာလန်ဖြစ်၍ တန်ချိန် ၁၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၃၄၀ ဖြစ်သည်။
ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၆၁၅၆ ဒသမ ၇၂၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၁၂၂၆၉ ဒသမ ၁၇ ဖြစ်ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄၆၇၈ ဒသမ ၈၅၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၃၈၉၉၀ ဒသမ ၇၈ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
    မတ်ပဲတစ်တန်ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၈၄၇ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၈၉၁ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၄ ပိုမိုခဲ့ကြောင်းသိရသည်။
                                    
                                    စန်းစန်းမော်