Main menu

Background

ကုန်သွယ်မှုပိုပြီးဈေးကောင်းလာသောနှမ်း

Wed, 10/28/2020 - 13:26 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၇၃၄ ဒသမ ၅၉၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၆၉၄၃၆ ဒသမ ၇၉ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၆ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ ဂျပန်၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၃၃၅ ဒသမ ၂၅၅၊ တန်ဖိုး ၄၉၄၁၁၀ ဒသမ ၄၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ မလေးရှားဖြစ်ပြီး တန်ချိန် ၅ ဒသမ ၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇၂၀ ဖြစ်ကြောင်းသိရသည်။
    ယခင်အပတ် နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇၅၄၂ ဒသမ ၆၇ ဖြစ်သောကြောင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၅၆၇ ဒသမ ၅၉၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃၁၈၉၄ ဒသမ ၁၂ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်၊။
    နှမ်းတစ်တန်ဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၄၂၂ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၅၆ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၄ ပိုမိုရရှိခဲ့ကြောင်းသိရသည်။
                
                                    စန်းစန်းမော်