Main menu

Background

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Tue, 09/26/2023 - 10:36 -- journal_editor

ဘားအံမြို့ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရ သည်။  စက်တင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံ ဈေးနှုန်းများမှာ နဂါးမောက်သီး(သေး)  တစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ နဂါးမောက်သီး(ကြီး) တစ်လုံးလျှင်  ကျပ် ၃၅၀ဝ၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ဝ၊ စပျစ်သီး(အလုံးသေး) တစ်ပိဿာလျှင် ၂၅၀ဝ၀ ကျပ်၊ ပန်းသီး(ရိုးရိုး) တစ်လုံးလျှင်  ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင်  ကျပ် ၂၅၀ဝ၊ ပန်းသစ်တော် တစ်လုံးလျှင်  ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ၊ သရက်သီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀၊ မာလကာသီး တစ်လုံးလျှင်  ကျပ် ၁၀ဝ၀၊ ဆန်းကစ်သီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ၊ သီးမွှေးငှက်ပျော တစ်ဖီးလျှင်  ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ၊ သြဇာသီး တစ်လုံးလျှင်  ကျပ် ၇၀ဝ၊ ကြက်မောက်သီးတစ်ကီလိုလျှင်  ကျပ် ၈၀ဝ၀၊ ဖရဲသီးတစ်လုံးလျှင်  ကျပ် ၃၀ဝ၀ မှ ၅၀ဝ၀၊ နာနတ် သီး(ကြီး)တစ်လုံးလျှင်  ကျပ် ၃၅၀ဝ၊ နာနတ်သီး (သေး)တစ်လုံးလျှင်  ကျပ် ၂၀ဝ၀၊ ဒူးရင်းသီး(ကြီး)ယိုးဒယား တစ်လုံးလျှင်ကျပ် ၇၀ဝ၀ဝ၊ ဒူးရင်းသီး(သေး)ယိုးဒယား တစ်လုံးလျှင်  ကျပ် ၄၀ဝ၀ဝ၊ ကျွဲကောသီး(သေး) တစ်လုံးလျှင်  ကျပ် ၁၅၀ဝ၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် ကျပ် ၂၅၀ဝ ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေး တွင် ရောင်းချ လျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရသည်။

ဇာခြည်အောင်(ကရင်)