Main menu

Background

သီလဝါအထူးစီးပွားရေးဇုန်အောင်မြင်ရေး အလားအလာကောင်းများ၇ှိ

Fri, 02/06/2015 - 19:02 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

      ဂျပန်နိုင်ငံတွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးဟောပြောပွဲ၏စကားဝိုင်း ဆွေးနွေးပွဲ (၂) တွင် ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုစီးပွားရေး ဌာန ညွှန်ကြားရေးမှူးချုပ်မစ္စတာကုဒို၊မြန်မာ-ဂျပန်သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကုမ္ပဏီဥက္ကဋ္ဌမစ္စတာရနအိနှင့် မြန်မာငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၏ အမှု ဆောင်ဒါရိုက်တာ မစ္စတာအိနမိ တို့မှ '' မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် လက်ရှိအခြေအနေ'' ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။ သီလဝါအထူး စီးပွားရေးဇုန်၏လုပ်ငန်းစဉ်များကိုနေ့ရက်သတ်မှတ်ကာဆောင်ရွက်လျက်ရှိပြီးလက်ရှိကာလအထိသတ်မှတ်ရက်ထက်တစ်ရက်နောက်ကျနေသော်လည်းယင်းအနေအထားမှာပြောပလောက်သည့်အနေအထားမဟုတ်ဘဲဇုန် တစ် ခုလုံးပြီးစီးရေးကိုထိခိုက်မည်မဟုတ်ကြောင်းကိုမစ္စတာရနအိကပြောကြားခဲ့သည်။ထို့အတူသီလဝါအထူးစီးပွားရေးဇုန်တွင်ရင်းနှီးမြှုပ်နှံမှုလာရောက်သည့်ကုမ္ပဏီပေါင်း၃၄ခုအထိရှိနေပြီး၎င်းအနက်ဂျပန်နိုင်ငံမှကုမ္ပဏီ၁၄ခုသာပါဝင်ကြောင်း၊ဂျပန်ကုမ္ပဏီ၁၈ခုမှာလည်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊သို့သော်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုပမာဏသည်အများဆုံးအဆင့်ပင်မဟုတ်သေးကြောင်းလည်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
     မြန်မာနိုင်ငံ၏ အစိုးရဌာနပိုင်းမှဒုတိယသမ္မတဦးစီး၍လိုအပ်သည်များကို စနစ်တကျပံ့ပိုးကူညီပေးမှုမှာလည်း သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအကြောင်းရင်း ဖြစ်ပြီး လက်ရှိအခြေအနေတွင် ၎င်းaနထိုင်လုပ်ကိုင်နေသည့်သီလဝါအထူးစီးပွားရေးဇုန်တွင်လျှပ်စစ်ဓါတ်အားအတွက်အင်ဂျင်ကိုအသုံးပြု၍ ဆောင်ရွက်နေရပြီးမိုဘိုင်းဆက်သွယ်ရေးမှာလည်းအဆင်မပြေသေးဘဲ ဖုန်းကိုပိတ်ထားရသည့် အချိန် ကသာများေ ကြာင်းစသည့်အခက်အခဲများကိုလည်းထုတ်ဖော်ပြောကြားခဲ့သည်။မစ္စတာရနအိမှဆက်လက်ဟောပြောဆွေးနွေးရာတွင်မြန်မာနိုင်ငံအနေဖြင့်တိုးတက်မှုမြန်ဆန်သဖြင့်တစ်ကြိမ်နဲ့တစ်ကြိမ် မြန်မာနိုင်ငံ၏တိုးတက်မှုနဲ့ပတ်သက်သည့် ဆွေးနွေး တိုင်ပင်လျှင် သုံးနှုန်းသည့်စကားများ ကွာခြားကြောင်းလည်း ပြောကြားခဲ့သည်။
  သီလဝါအထူးစီးပွားရေးဇုန်အတွင်းရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများမှာမော်တော်ကားပစ္စည်းတပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်း၊အထည်ချုပ်လုပ်ငန်း၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းနှင်စားသောက်ကုန် ထုတ်လုပ်ငန်း များ ဖြစ်ကြပြီး ပြည်ပသို့တင်ပို့ဖို့ ရည်ရွယ်ပြီး လုပ်ကိုင်မည့်ကုမ္ပဏီများမှာ ၅ ရာခိုင်နှုန်းခန့်သာရှိကြောင်းလည်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်မှာ ကြီးမားပြီး အဆိုပါပစ္စည်းအများစုကို ပြည်ပ မှ မှာယူတင်သွင်းနေရသည့်အတွက်လည်း အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အလားအလာကောင်းကြောင်းလည်း မစ္စတာရနအိမှ ဟောပြောဆွေးနွေးခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် ရန် သေချာပြီး ဖြစ်သည့် ကုမ္ပဏီပေါင်း ၃၄ ခုရှိသွားပြီ ဖြစ်ပြီး တရုတ်(တိုင်ပေ)၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်အစရှိသည့်နိုင်ငံများလာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

 သီလဝါ အထူးစီးပွားရေးဇုန် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍လည်း မစ္စတာရနအိအနေဖြင့် အဆင်ပြေပြေဆောင်ရွက်ထားပြီး ဖြစ်ရာ မိမိအနေဖြင့် အဆိုပါတည် ဆောက်ရေးလုပ်ငန်းခွင်တွင် နေထိုင်နေသော်လည်း တစ်စုံတစ်ရာရန်မူခြင်း မခံရဘဲ အေးချမ်း စွာ ဆောင်ရွက်နေနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သဖြင့် ဂျပန် နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပင်မှုကို အမှန်အတိုင်း သိမြင်စေနိုင်ခဲ့သည်။
မစ္စတာရနအိအနေဖြင့်မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြားပူးတွဲအကောင်အထည်ဖော်တည်ဆောက်နေသည့်သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့်သင်လွယ်တတ်လွယ်သည့်လူ့စွမ်းအားအရင်းအမြစ် များရှိခြင်းနှ င့် ပြုပြင်ပြောင်းလဲ တိုးတက်မှုကိုဆန္ဒ ပြင်းပြနေသည့်အစိုးရရှိခြင်းတို့ကြောင့် အောင်မြင်နိုင်မည်ဟု တစ်ထစ်ချပြောကြားနိုင်သော်လည်းအစိုးရအနေဖြင့် လျှပ်စစ်၊ အိုင်တီနှင့် အထူးစီးပွားရေးဇုန်သို့ ရောက်ရှိနိုင်မည့် လမ်းတံတား များစသည့်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်ပံ့ပိုးကူညီမှသာလျှင်ရည်ရွယ်ချက်အောင်မြင်မည်ဖြစ်aကြာင်းလည်ပြောကြားခဲ့သည်။အထူးစီးပွားရေးဇုန်ဖွင့်ပြီး နောက်တွင်လည်း မြန်မာအစိုးရအနေဖြင့် ဇုန်မဖွင့်မီအားထည့် ဆောင်ရွက်သည့် အရှိန်နှုန်းအတိုင်းဆက်လက်ဆောင်ရွက်သွား စေလိုကြောင်းနှင့် ဖွင့်ပွဲကျင်းပပြီးစီးပါက မိမိမှ အာမခံ၍ ဂျပန် ကုမ္ပဏီများအား အခြေခံအဆောက်အအုံ များရရှိမည်ပြောကြား ခဲ့သည်များ ချွတ်ချော်မှုရှိလာပါကဇုန်အတွင်းအုပ်ချုပ်မှုကိစ္စအတွက်ပါထိခိုက်လာနိုင်သည့်အတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြောင်းဆွေးနွေးဟောပြောခဲ့သည်ကိုလည်းသိရှိလေ့လာရပါသည်။ ဂျပန်နိုင်ငံမှ    ရင်းနှီး မြှုပ်နှံသူများအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်အပေါ် အထူး စိတ်ဝင်စားလျက်ရှိပြီး တိုင်းပြည်တည်ငြိမ်အောင် ထိန်းထား နိုင်မည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာမည့်အပေါ်မူတည်၍ သီလဝါ အထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် များပြား လာနိုင်မည့် အလားအလာကောင်းများလည်း တည်ရှိနေသည်ကို တွေ့ရပါသည်။
မင်းဇော်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့