Main menu

Background

လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရန် ဗီယက်နမ်နိုင်ငံ စီစဉ်နေ

Fri, 03/04/2022 - 14:09 -- journal_editor

ဗီယက်နမ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ပုံမှန်ဆင်းသက်မှုကို နှစ်နှစ်ကျော်ကြာမျှ ပိတ်ထားခဲ့ရာမှ ယခုနှစ် မတ်လ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။ ထိုသို့ ပြန်လည် ဖွင့်လှစ်ရာတွင် နေရာအားလုံးမှ လေယာဉ်များကို အပြန်အလှန်ပြေးဆွဲ ရန် စီစဉ်နေပြီး တစ်ဖကနိုင်ငံမှ ကပ်ရောဂါကာကွယ်ရေး လိုအပ်ချက်များ နှင့် ညီညွတ်စေရန်အတွက် ကြိုတင်စီစဉ်၍ အတည်ပြုချက်ရယူရန် လိုမည်ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ လက်ခံမည်ဟု အကြောင်းပြန်ကြား လာပါက ဗီယက်နမ်နှင့် အသွားအပြန် ခရီးသည်များ သယ်ဆောင်ပေး မည့် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများအတွက် ပျံသန်းခွင့်ပေးမည် ဖြစ်ကြောင်း ဗီယက်နမ် မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာနက ပြောကြား ထားသည်။
ဇန်နဝါရီ ၁ ရက်တွင် ဘန်ကောက်၊ ပေကျင်း(သို့မဟုတ်) ကွမ်ကျိုး၊ ဖနောင်ပင်၊ ဆန်ဖရန်စစ္စကို၊  စင်ကာပူ၊  ဆိုးလ်၊  တိုင်ပေ၊  တိုကျိုနှင့် ဗီယန်ကျင်းတို့မှ ပုံမှန်လေကြောင်းလိုင်းများ စတင်ပြေးဆွဲရန် အစိုးရက ခွင့်ပြုခဲ့သည်။ ထိုသို့ခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံ၏ Zero-Covid မူဝါဒကြောင့် ဗီယက်နမ်သို့ ပုံမှန်လေကြောင်းလိုင်းများ စတင်ပြေးဆွဲရန် သဘောတူခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့်လအတွင်း ဗီယက်နမ်နိုင်ငံမှ သြစတြေးလျနှင့် ဥရောပ သို့ လေယာဉ်ပျံသန်းပြေးဆွဲမှုများကို ပြန်လည်စတင်ခဲ့ပြီး တရုတ်နှစ်သစ် ကူးကာလအတွင်း ပြည်ပရောက် ဗီယက်နမ်လူမျိုး ထောင်ပေါင်းများစွာကို  ဗီယက်နမ်သို့ ပြန်လာနိုင်ရေး  ဆောင်ရွက်ပေးခဲ့သည်။ လေကြောင်း ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီးနောက် ဗီယက်နမ်လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကလည်း ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာအဆက် အသွယ်များကို ပြန်လည်စတင်မည့် အစီအမံများကို စတင်ကြေညာလာ ကြသည်။
လက်ရှိ ပြည်ဝင်ခွင့်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရ ကာကွယ် ဆေးအပြည့်အဝ ထိုးနှံပြီးသူများနှင့် ကိုဗစ်(၁၉) ရောဂါ မှ ပြန်လည် နာလန်ထူလာပြီးသူများသည် ဗီယက်နမ်သို့ ရောက်ရှိချိန်တွင် သုံးရက် သာ သီးခြားနေထိုင်ရန် လိုအပ်မည်ဖြစ်သည်။
အသက်နှစ်နှစ်အောက်ကလေးများမှအပ ဗီယက်နမ်သို့ လာရောက် မည့် ခရီးသည်အားလုံးတို့သည် လေယာဉ်မထွက်ခွာမီ ၇၂ နာရီအတွင်းPCRနည်းလမ်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးပြီး  ရောဂါကင်းရှင်း ကြောင်း လက်မှတ်ပြသရမည်ဖြစ်သည်။ နိုင်ငံခြား ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် ပတ်စ်ပို့(သို့မဟုတ်)အခြား အထောက် အထားများကို ပြသနိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ လေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟု စီမံထားသော်လည်း ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်လူနာအသစ်များ ပိုမိုများ ပြားလာပြီး ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်တည်းမှာပင် ရောဂါ ဖြစ်ပွားသူ ၃၁၇၈၇ ဦး တွေ့ရှိခဲ့သည်။ အဆိုပါနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဖြစ်ပွားမှုနှုန်းထက် နှစ်ဆတက်လာခြင်းဖြစ် သည်။
 ရင်းမြစ်။ vnexpress (14-2-2022)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်းနင်းမြို့။