Main menu

Background

ဗီယက်နမ်သည် ၁၀နှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားလာ

Mon, 01/15/2024 - 14:03 -- journal_editor

ဗီယက်နမ်သည် တရုတ်နှင့် အခြားအာရှ နိုင်ငံများနှင့်အတူ ပြီးခဲ့သော ၁၀ နှစ်တာကာလ အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ တွင်  ပါဝင်ခဲ့ကြောင်း ေ့့သသ င်္ငညညေခန ဖော်ပြ ချက်အရ သိရှိရသည်။ဈေးကွက်သတင်းများအား     နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFမှ ဝက်ဘ် ဆိုဒ် အချက်အလက်များအပေါ်  အခြေခံထား ကြောင်း၊  ပြီးခဲ့သည့်  ၁၀ နှစ်တာကာလအတွင်း   နိုင်ငံအားလုံးအတွက် ပျမ်းမျှ ဂျီဒီပီတိုးတက်မှုနှုန်း ကို ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။
ဗီယက်နမ်သည်၂၀၂၁-၂၀၂၂ခုနှစ်အတွင်း ပျမ်းမျှ ွီဏ တိုးတက်မှုနှုန်း  ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိသဖြင့် စီးပွားရေးတိုးတက်မှု   မြင့်မားသောနိုင်ငံ များအဆင့် သတ်မှတ်ထားကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍသည် ဂျီဒီပီနှင့်အလုပ်အကိုင်ရရှိရေးတို့ကို   ပံ့ပိုးပေးခြင်းဖြင့်   စီးပွားရေးကို မြင့်မားစွာ ပံ့ပိုးပေး ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုသည်   ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅၃ ဒသမ၂၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး   ယခင်နှစ်ကထက် ၉ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရလဒ် အနေဖြင့် လယ်ယာကဏ္ဍသည်  ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ ရှိလာခဲ့ပြီး စီးပွားရေး၏ စုစုပေါင်း   ကုန်သွယ်မှု ပိုငွေ၏ ၇၅ ရာခိုင်နှုန်းကျော်ရှိသည်။
ဗီယက်နမ်နိုင်ငံ၏  စာရင်းဇယားများ  ကိုး ကားချက်အရ အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေထွက်ကုန် ထုတ်ကုန် များ၏ အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ စုစုပေါင်းတင်ပို့မှု၏ ၂၅ရာခိုင် နှုန်းနှင့် ညီမျှကြောင်း သိရှိရသည်။ ၎င်း၏နောက် တွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီ ယံကျော်  ၁၈ ဒသမ ၉ရာခိုင်နှုန်း ၊ ဂျပန် ၄ ဒသမ၂ ဘီလီယံ ၇ဒသမ ၉ ရာခိုင်နှုန်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ၄ ဒသမ ၇ရာခိုင်နှုန်းတို့ဖြစ်ကြောင်း  ဖော်ပြထား သည်။ တိုက်ကြီးများ(ဃသညအငညနညအျ)အလိုက် တင်ပို့ မှုတွင် အာရှမှ ၄၄ဒသမ၇ ရာခိုင်နှုန်း၊ အမေရိကမှ ၂၇ ဒသမ၄ ရာခိုင်နှုန်း၊ ဥရောပ ၁၁ဒသမ၃ ရာခိုင် နှုန်း၊ ဥခနညေငေ ၁ဒသမ၇ ရာခိုင်နှုန်း နှင့် အာဖရိက မှ ၁ဒသမ၇ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရှိရသည်။
ဆယ်စုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ငါးနိုင်ငံမှာ   ဂိုင်ယာနာ(တောင် အမေရိက) မှ ၁၅ ရာခိုင်နှုန်းနီးပါး၊ အိုင်ယာလန် (ဥရောပ)မှ   ၉ ရာခိုင်နှုန်းကျော်၊ အီသီယိုးပီးယား (အာဖရိက) ၈ဒသမ၄၃ရာခိုင်နှုန်း၊တာဂျစ်ကစ္စတန် (အာရှ အလယ်ပိုင်း) ၇ ရာခိုင်နှုန်းနှင့် အိုင်ဗရီကို့စ် (အနောက်အာဖရိက)တွင်  ၆ဒသမ၈ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

(စီးပွားရေးသံမှူး၊ဗီယက်နမ်)