Main menu

Background

ဗီယက်နမ်၏ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု ခန့်မှန်း

Mon, 02/05/2024 - 12:08 -- journal_editor

ဗီယက်နမ်သို့   နှစ်သစ်အစောပိုင်းကာလ များမှပင် အပျော်စီးသင်္ဘောအများအပြား  လာ ရောက် လည်ပတ်ခဲ့ကြပြီးဖြစ်ရာ   နိုင်ငံအတွက် အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း အရှိန်အဟုန် ဖြင့် တိုးတက်လာမည့်  အနေအထားဖြစ်ကြောင်း ဠြ နခသညသာပ အွန်လိုင်းသတင်း  ဖော်ပြချက်အရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသKhanh Hoa ပြည်နယ်ရှိ  ညချမ်းမြို့သို့ Spectrum of the Seas ဖြင့် နိုင်ငံခြားခရီးသွား ၃၅၀ဝ ကို ခေါ်ဆောင် လာခဲ့ပြီးCelebrity Solstice jဖြင့်   ဒီဇင်ဘာလ အတွင်း လေးကြိမ်နှင့် ယခုလအတွင်း  တစ်ကြိမ် လာရောက်ခဲ့ပြီး မတူညီသောဒေသများသို့ နိုင်ငံ ခြား ခရီးသွား ၃၀ဝ၀ ကျော်   ခေါ်ဆောင်လာခဲ့ ကြောင်း ဖော်ပြထားသည်။
Thua Thien-Hue ပြည်နယ်ရှိ Chan May ဆိပ်ကမ်း၏ ညွှန်ကြားရေးမှူးချုပ်   Huynh Van Toan က ခရီးသည် စုစုပေါင်း ၆၀ဝ၀ဝ နီးပါးရှိသော အပျော်စီးသင်္ဘော ၃၂ စင်းသည်   ယခုနှစ်တွင် ဆိပ်ကမ်းတွင် ဆိုက်ရောက်ရန် စာရင်းသွင်းထား ကြောင်း၊ တစ်ချိန်တည်းတွင်  ခရီးသည် ၄၀ဝ၀ဝ ခန့်ရှိသော နိုင်ငံတကာအပျော်စီးသင်္ဘော ၄၅ စင်း သည် ဒါနန်းမြို့လယ်ရှိ ဒါနန်းဆိပ်ကမ်းတွင် ဆိုက် ကပ်ရန် မှတ်ပုံတင်ထားကြောင်း သိရှိရသည်။
ဒါနန်း   ခရီးသွားလာရေးဌာနမှ    လက် ထောက်ညွှန်ကြားရေးမှူး   ွှညေ ဠညေ ဠကသညါ က ဒါနန်းမြို့အနေဖြင့် အပျော်စီးခရီးသွားလုပ်ငန်းကို ခရီးသွားများ၏အဓိကရင်းမြစ်အဖြစ် မှတ်ယူပြီး ဆိပ်ကမ်းများတွင်  ပိုမိုရင်းနှီးမြှုပ်နှံကာ ဧည်သည့် များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေး နိုင်ရန် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသို့ အပျော်စီးသင်္ဘောလာ ရောက်လည်ပတ်မှု   တိုးလာခြင်းသည်  နိုင်ငံ၏ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းအတွက် အပြု သဘောဆောင်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း နှင့် စီးပွားရေးလုပ်ငန်းများအပေါ်   အကျိုးသက် ရောက်မှုရှိနိုင်သည်။ အပျော်စီးသင်္ဘောလိုင်းများမှ ပေးဆောင်သည့် အခွန်အခများနှင့်  အခကြေးငွေ များမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးအတွက် သိသာ ထင်ရှားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်း ပေးနိုင်သကဲ့သို့   လုပ်ငန်းအမျိုးမျိုးတွင် အလုပ် အကိုင်သစ်များ ဖန်တီးပေးနိုင်ပြီး  နိုင်ငံတစ်နိုင်ငံ ၏ အလုပ်အကိုင်နှုန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ကို အထောက်အကူပြုနိုင်ပါသည်။    ဗီယက်နမ်၏ အပျော်စီးခရီးသွားလုပ်ငန်း တိုးတက်မှုသည် ခရီး သွားလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍနှစ်ခုလုံးအတွက် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း  သိရ သည်။                     

စီးပွားရေးသံမှူး(ဗီယက်နမ်)