Main menu

Background

ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တင်ပို့မှု စံချိန်သစ်တင်ခဲ့

Mon, 02/05/2024 - 12:12 -- journal_editor

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ဆန် တန်ချိန် ၈ ဒသမ ၃ သန်း တင်ပို့ခဲ့ပြီး ယနေ့အထိ အမြင့်ဆုံး ဝင်ငွေအမေရိကန်ဒေါ်လာ ၄ ဒသမ ၇၈ ဘီလီယံရရှိခဲ့ကြောင်း သိရှိရသည်။ တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၃၈ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း အစိုးရ သတင်းဖော်ပြချက်အရ သိရှိရသည်။ ပို့ကုန်ဈေးနှုန်း တစ်တန်လျှင် ၆၆၃ ဒေါ်လာ မြင့်မား လာမှုကြောင့် တိုးတက်မှုနှုန်း  မြင့်မားလာခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ စုစုပေါင်း စပါးအထွက်နှုန်းမှာ တန်ချိန် ၄၃ ဒသမ ၅ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၉ ရာခိုင် နှုန်း တိုးမြင့်လာကြောင်း၊ ယခုနှစ်တွင် စုစုပေါင်း စိုက်ပျိုးဧရိ ယာ ဟက်တာ ၇ ဒသမ ၁ သန်းရှိပြီး   စိုက်ပျိုးရေးကဏ္ဍမှ စုစုပေါင်း စပါးအထွက်နှုန်း တန်ချိန် ၄၃ ဒသမ ၅ သန်းအထိ ရည်မှန်းထားကြောင်း သိရှိရသည်။ ၂၀၃၀ ပြည့်နှစ်အထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအောက်တွင် စိုက် ပျိုးရေးအာဏာပိုင်များမှ   ဆန်အဓိကစိုက်ပျိုးသည့်ဒေသ များကို ပြန်လည်ဖွဲ့စည်းရန်နှင့်  ပို့ကုန်တန်ဖိုး ပိုမိုမြင့်မားလာ စေရန်အတွက် အရည်အသွေးကောင်းသော စပါးများ ထုတ် လုပ်စိုက်ပျိုးရန် ညွှန်ကြားလျက်ရှိကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်၏ ဆန်တင်ပို့မှု မဟာဗျူဟာသည် ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်နှစ်မျိုးလုံးအတွက် အရည်အသွေး မြင့်ဆန်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည် ရွယ်သည်။
၂၀၂၃ ခုနှစ်တွင်    ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု အတွက် စံချိန်သစ်တင်နိုင်ခဲ့ပြီး နိုင်ငံ၏ဆန်ထုတ်လုပ်တင်ပို့မှု လုပ်ငန်းကို မြှင့်တင်ခဲ့သည့်အတွက် အဆိုပါ  မဟာဗျူဟာ၏ ထိရောက်မှုကို ပြသလျက်ရှိသည်။

 

စီးပွားရေးသံမှူး(ဗီယက်နမ်)