Main menu

Background

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်မှ ဂျပန်အဆင့်လျော့ကျသွားခဲ့

Mon, 03/04/2024 - 12:01 -- journal_editor

၂၀၂၃ ခုနှစ်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆိုင်ရာ နောက်ဆုံးထုတ်ပြန်ခဲ့သည့်  အချက်အလက် များအရ ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ကမ္ဘာ့စတုတ္ထအဆင့် သို့ အဆင့်လျော့ကျခဲ့ကြောင်းနှင့်  ထိုသို့ဖြစ်ရခြင်းမှာ ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းခြင်းနှင့်သက် ကြီးရွယ်အိုဦးရေ    များပြားလာပြီး ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းမှာ ၂၀၂၃ ဘဏ္ဍာနှစ်    စတုတ္ထသုံးလပတ်ကာလ အတွင်း ၁ဒသမ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးမှာအမေ ရိကန်ဒေါ်လာဖြင့် ကည့်မည်ဆိုပါက    ဂျာမနီနိုင်ငံ အောက်သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ဂျပန်နိုင်ငံ၏ GDP မှာ ၂၀၁၂ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၆ဒသမ၃ ထရီလီယံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ဒသမ၂ ထရီလီယံသို့ လျော့ကျခဲ့ကြောင်း   နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ ဂျပန်နိုင်ငံ၏ ယန်းငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ယန်း ၈၀ ရှိခဲ့ရာမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁၄၁ ယန်းအထိ တန်ဖိုးကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။  ထို့ပြင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းမှာ ဂျပန်နိုင်ငံကို ၂၀၂၆  ခုနှစ်တွင်လည်းကောင်း၊ ဂျာမနီနိုင်ငံကို ၂၀၂၇ ခုနှစ်တွင်လည်းကောင်း ကျော် လွန်သွားနိုင်ကြောင်း    နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။  ထို့ပြင် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် တရုတ်နိုင်ငံကို ကျော်လွန်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတွင်  အသက် (၁၅)  နှစ်နှင့် (၆၄) နှစ်ကြားလူဦးရေမှာ နိုင်ငံ့လူဦးရေ၏ သုံးပုံ နှစ်ပုံကျော်ရှိသည့်အတွက်   ကုန်ထုတ်လုပ်မှုများ ပိုမို ထုတ်လုပ်နိုင်ပြီး  နည်းပညာတီထွင်ဆန်းသစ်မှုများလည်း ပိုမိုဆောင်ရွက်လာနိုင်သည့်အတွက်     စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာလည်း  ဆက်လက်မြင့်တက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံအနေဖြင့်လည်း    နိုင်ငံ၏မော်တော် ယာဉ်ထုတ်လုပ်မှုအတွက် အရေးပါသည့်   တစ်ပိုင်း လျှပ်ကူးပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ရရှိ ထားနိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများ   မြှင့်တင်နိုင်ရေး အတွက် အစိုးရမှ  ပံ့ပိုးထောက်ပံ့မှုများ  ဆောင်ရွက် လျက်ရှိသည်။  ထို့ပြင် လက်ရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်နိုင်မှု၏ သုံးဆဖြစ်သော ယန်း  ၁၅ ထရီလီယံ ကျော်တန်ဖိုးရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ရေးကို ကာလရှည် မျှော်မှန်းချက်အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။
သုံးသပ်တင်ပြချက်
နိုင်ငံတကာ   ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဖေဖော်ဝါရီ ၁၄ ရက်  ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စု၏ Nominal GDP မှာ    အမေရိကန် ဒေါ်လာ ၂၇ဒသမ၉၇ ထရီလီယံ၊   တရုတ်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၁၈ဒသမ၅၆ ထရီလီယံ၊ ဂျာမနီနိုင်ငံ၏Nominal GDP မှာ ၄ဒသမ၇ ထရီလီယံနှင့် ဂျပန်နိုင်ငံ၏Nominal GDP မှာ အမေ ရိကန်ဒေါ်လာ ၄ဒသမ၂၉ ထရီလီယံရှိကြောင်း တွေ့ရ သည်။

သူဇာဖြိုး(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ တိုကျိုမြို့