Main menu

Background

ဗီယက်နမ် ဆန်စပါးလုပ်ငန်းနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ

Wed, 03/31/2010 - 05:00 -- Anonymous (not verified)

အစိုးရပေါ်လစီနှင့် ပုဂ္ဂလိကကဏ္ဍအပေါ် ရိုက်ခတ်မှုဗီယက်နမ်အစိုးရရဲ့ ဆန်စပါးဆိုင်ရာပေါ်လစီ ဟာ ပုဂ္ဂလိကကဏ္ဍကို ရိုက်ခတ်မှုများရှိခဲ့ပြီး နား လည်မှုများ လွဲမှားခဲ့ပါတယ်။ ဗီယက်နမ် လယ် သမားများဟာ ဆန်စပါးနဲ့ပတ်သက်ပြီး သူတို့ထုတ် လုပ်မှုကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်းလောက် အမြတ်မာဂျင်ရှိရမယ်ဆိုတဲ့ အချက်အပေါ် အခြေ ခံပြီး အနိမ့်ဆုံးဝယ်ယူရမဲ့ဈေးကို သတ်မှတ်ခဲ့ကြ သည့်ပြင် ပြည်ပတင်ပို့တဲ့ အခါ ရရှိရမဲ့ အနိမ့်ဆုံး ဈေး၊ ပြည်ပတင်ပို့ခွင့် လိုင်စင်နှင့် ဆန်စက်များက ဝယ်ယူရန် တွန်းအား ပေးမည့်  အစီအစဉ်တွေ ပါဝင်လာပါတယ်။တကယ်တော့ ကျေးရွာမှာရှိတဲ့ စပါးပွဲစား တွေ ဝယ်ယူရမည့် အနိမ့်ဆုံး သတ်မှတ်ဈေးဆိုတာ လက်တွေ့မှာမဖြစ်နိုင်ဘဲ စပါးပွဲစားတွေက လယ် သမားတွေကို ကြိုတင်ထုတ်ပေးထားတဲ့ ချေးငွေ ပေါ်က ရသင့်တဲ့အတိုးကို လုံးဝထည့်သွင်းမစဉ်း စားခဲ့ကြပါဘူး။ နောက်ပြီး ပြည်ပတင်ပို့တဲ့အခါမှာ အနိမ့်ဆုံးရရှိသင့်တဲ့ ပြည်ပတင်ပို့ဈေး သတ်မှတ် ထားခြင်းဟာလည်း ပြည်ပတင်ပို့ခြင်းကို အားမပေး တဲ့သဘော ဆောင်နေပါတယ်။ အဲဒီအခါမှာ အိတ်စ်ပိုတာ မလုပ်ဖြစ်တော့ သိုလှောင်ထားတဲ့ ဆန်ပမာဏဟာ တစ်နေ့တခြား များသထက် များ လာပြီး ဈေးနှုန်းကျဆင်းရေးကို တစ်ဖက်တစ်လမ်း ကလုပ်နေသလိုမျိုး ဖြစ်နေတယ်လို့ ဆိုကြပါတယ်။၂၀၀၈ ခုနှစ်တွင် ဗီယက်နမ်အစိုးရသည် ဖိလစ်ပိုင်သို့ဆန်တင်ပို့သည့်လုပ်ငန်းအား အစိုးရပိုင် အဖွဲ့ အစည်းများကို မလုပ်စေတော့ G 2 G စနစ် ဖြင့် ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ ပြည်တွင်းမှာ ရော ဒေသတွင်းမှာရော ဆန်ဈေးတွေ တက်ခဲ့လို့ ဘဲလို့ သုံးသပ်ပါတယ်။ အစိုးရအဖွဲ့အစည်းများကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်စေခြင်းဟာ ပြည်တွင်းမှာ ဆန်ရောင်းလိုအား တက်လာနိုင်ပေမဲ့ ဆန်ဈေး တွေ ကျဆင်းခြင်းမရှိတာဟာ အံ့သြစရာ ဖြစ်ခဲ့ပါ တယ်။ ဒီအချက်ဟာလည်း ဗီယက်နမ်အစိုးရက ဆန်ရောင်းဝယ်ရာမှာ  ဝင်ရောက်စွက်ဖက်ခဲ့မှု ကြောင့် ဆန်ကုန်သည်တွေဟာ ပြည်တွင်းမှာ ဆန် တွေ အမြောက်အမြား ဝယ်ယူခဲ့ကြလို့ဘဲ ဖြစ်ပါ တယ်။ အခြားတစ်ဖက်မှာလည်း နောက်ဆုံးတော့ အစိုးရအနေနဲ့ ဆန်ပြည်ပတင်ပို့ခွင့်ကို ဆက်လက် ခွင့်ပြုလိမ့်ဦးမယ်လို့ မျှော်လင့်ခဲ့ကြခြင်းလည်း ဖြစ် နိုင်ပါတယ်။ အချို့ ဗီယက်နမ် ကုန်သည်တွေဟာ ဆန်ကို ဈေးကြီးပေးပြီး စုဆောင်းခဲ့ကြတာကြောင့် အရှုံးပေါ်ခဲ့ကြပါတယ်။ပုဂ္ဂလိကကဏ္ဍ၏ သဘောထား၂၀၀၉ ခုနှစ် ကုန်ခါနီး၌ ပုဂ္ဂလိက ကဏ္ဍမှ အစိုးရက ဆန်ဈေးကွက်တွင် ဝင်ရောက်စွက်ဖက်မှု အပေါ် မကျေနပ်ချက်များ ဖြစ်ပေါ်ခဲ့ကြပါတယ်။ စက်ပိုင် အများအပြားက မလိုအပ်ဘဲ စပါးတွေကို အတင်းအကျပ် ဝယ်ခိုင်းတာမျိုး (အတိုးမပေးရတဲ့ ချေးငွေထုတ်ချေးခဲ့တာတောင်)သူတို့ရဲ့ အသုံး စရိတ်ကို ပိုမိုစေပြီး သိုလှောင်စဉ်ကာလမှာ ရိတ် သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ် လို့ ဆိုပါတယ်။သို့ပေမဲ့လည်း   ဆန်စက်များအနေဖြင့် အစိုးရရဲ့  မေတ္တာရပ်ခံချက်ကို အလွယ်အကူနဲ့ဘဲ ဖြည့်ဆည်းပေးခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒီလို ခိုင်းခဲ့ခြင်းအပေါ် လုံလောက်သော တရားဥပဒေ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် များမရှိခဲ့သည့်တိုင် ဗီယက်နမ်  ဆန်စက်ပိုင်ရှင်များက လိုက်နာ ဆောင်ရွက်ခဲ့ကြပါတယ်။  ပြည်ပတင်ပို့တဲ့ ကုမ္ပဏီ တွေကတော့ ပြည်ပတင်ပို့ရန် သတ်မှတ်တဲ့ အရေ အတွက်ဟာ စိတ်ကူးထဲမှာ ပေါ်လာသလို လုပ်ခဲ့ တာမျိုးဖြစ်ပြီး အဆုံးအဖြတ်ပေးရမဲ့ အချိန်မှာ လည်း အင်မတန်နှေးကွေးခဲ့တယ်လို့ စွပ်စွဲပြောဆို ခဲ့ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ကုန်သည်များ အနေဖြင့်  မြတ်စွန်းရမဲ့အချိန်မှာ  မမြတ်တော့ဘဲ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြ တယ်လို့ ပြောပါ တယ်။ VINA FOOD 2 ရဲ့ တစ်ဆင့်ခံစာချုပ် ချုပ်တဲ့  အစီအစဉ်တွေပေါ်မှာ မကျေနပ်မှုတွေ အများဆုံးပါ။ ဒီအစီအစဉ်တွေဟာ လယ်သမား များ စိုက်ပျိုးထုတ်လုပ်မှုအပေါ် မျှတတဲ့ အကျိုး အမြတ်များ ပြန်ပေးနိုင်သလို ပြည်တွင်း ဆန်ဈေး ကိုလည်း  ထိန်းထားနိုင်ပေမဲ့  ပုဂ္ဂလိကကဏ္ဍရဲ့ တောင်းဆိုချက်များကို လစ်လျူရှုခဲ့ပါတယ်။လေ့လာချက်များအရကတော့ ဒီအစီအစဉ် တွေဟာ ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်အောင် လုပ်ဆောင်ရာမှာ ထိရောက်မှု သိပ်မရှိလှဘူးလို့ ဆိုပါတယ်။ ဗီယက်နမ်မှ ပုဂ္ဂလိကကုန်သည်များ ကတော့ VFA ကို ပိုမိုယုံကြည်ကိုးစား၍ ရနိုင် သော အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲမှုကို လိုလားပြီး နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်ကိုလည်း ယခုထက် ပိုမို လျင်မြန်စွာ ဆောင်ရွက်စေလိုကြပါတယ်။ ဆန် ပြည်ပတင်ပို့တဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်ပတင် ပို့ခွင့် ကန်ထရိုက်နဲ့ တစ်ဆင့်ခံ ကန်ထရိုက်ရတဲ့ ပုဂ္ဂလိကကုမ္ပဏီများ ကြေညာရာမှာ ပိုမိုပြီးသိသာ မြင်သာအောင် လုပ်သင့်တယ်လို့ ဗီယက်နမ်လုပ် ငန်းရှင်များက လိုလားကြပါတယ်။ နောက်ဆုံး ပြောရရင် VINA FOOD 2 ကို ဗီယက်နမ် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေး တာဝန်ယူမှုနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို တစ်သီး တခြားစီ ဖြစ်စေချင်ပါတယ်။ ဆိုလိုချင်တာက တော့ ဠှုဗြ ၤဥဦ ၂ယ ကို ဆန် အိတ်စ်ပို့လုပ်ငန်း နှင့် ပြည်တွင်း ဆန်ဖူလုံမှုလုပ်ငန်းကို မရောထွေး စေချင်တာပါ။ဆန်အရည်အသွေးပြဿနာဗီယက်နမ်လည်း ဆန် အရည်အသွေးနှင့် ပတ်သက်ပြီး ပြဿနာများ  ရှိပါတယ်။ ထိုင်းနိုင်ငံ ကြုံတွေ့ရတာထက်တောင် များဦးမယ်ထင်တယ်။ တစ်ခုသော သုတေသနပြုလုပ်ချက်အရ ဗီယက် နမ် လယ်သမားများဟာ သူ့မျိုးစေ့ကို သူကိုယ် တိုင်ပဲ သိုလှောင်ထားတဲ့ဓလေ့ ရှိနေဆဲ ပါ။ သုတေ သနက ဘာတွေ့သလဲဆိုရင်  ၅၀ ကီလိုရှိတဲ့ စပါး အိတ်ထဲမှာ စပါးအမျိုးအစား ပေါင်း များစွာ ရော နှောပါဝင်နေတာပဲဖြစ်ပါတယ်။ စက်ပိုင်တွေက တော့ စပါးအစိုဓာတ ်များတာကို ထောက်ပြပြော ဆိုပါတယ်။ တခြား ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံမှာများ လယ်သမားတွေ ခြောက်တဲ့ စပါး ရောင်းတဲ့အတွက် မက်လုံးဘယ်လောက်များ ရပါ သလဲ။(စာရေးသူမှတ်ချက်။ကုန်သွယ်/လယ်ယာ ခေတ်က စပါးအဝယ်ဒိုင်မှာ စပါးအစိုဓာတ် များလို့ ဒိုင်မှူးကပယ်ရင် သက်ဆိုင်ရာတွေက မကျေနပ်ကြဘူး။ စပါးဝယ်ယူရေး ညွှန်ကြား ချက်မှာ တိတိကျကျ ဖော်ပြထားပေမဲ့လည်း ဒါလောက်တော့   ဇီဇာမကြောင်သင့်ဘူးလို့ ထင်ကြပါတယ်။  အမှန်တော့ စကတည်းက အစိုဓာတ်များတဲ့ စပါးဝယ်လိုက်မိလို့ကတော့ Supply Chain ဖြစ်စဉ်မှာ ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့ရမှာတော့ အသေအချာပါပဲ။)ဆန်စက်ကြီးတွေကတော့ ကိုယ်ပိုင်ဓာတ်ခွဲ ခန်းတွေရှိတော့ ဝယ်ယူရလာတဲ့စပါး မဝယ်ခင် အစိုဓာတ်ကို စစ်ဆေးနိုင်တဲ့ အခွင့်အရေးရကြပါ တယ်။ (စာရေးသူမှတ်ချက်။ Moisture Meterကောင်းကောင်း တစ်လုံးဝယ်ထားပြီး စနစ် တကျ စစ်ဆေးသွားရင် ရပါတယ်။ ဓာတ်ခွဲခန်း တွေ ဘာတွေတောင် မလိုပါဘူး။) စပါးပွဲစားတွေ ကတော့ မျက်မြင်ကြည့်ပြီးတော့ပဲ ဝယ်ပါတယ်။ စပါးဈေးက နည်းလို့ကတော့ စပါးအရည်အသွေး ဘယ်လိုဖြစ်နေ ဖြစ်နေ စပါးပွဲစားတွေက ဝယ်ကြ ပါတယ်။ဇလားပုံအခြောက်ခံစက်(Flat bed drier) များ အသုံးပြုဖို့ ဗီယက်နမ်မှာ လှုံ့ဆော်ကြပေမဲ့ ဈေးကြီးမြင့်တာကြောင့်နဲ့ အသုံးပြုရချိန် နည်းတာ ကြောင့် သိပ်မအောင်မြင်လှပါဘူး။ အချို့စက်ပိုင် တွေက အဆိုပါ  စပါးအခြောက်ခံစက်တွေကို မလုပ်တတ်မကိုင်တတ်တဲ့  လုပ်သားတွေလုပ်ခါမှ စပါးအရည်အသွေးဟာ  တစ်ခါတည်း ကျသွား တော့တာပါပဲလို့ စွပ်စွဲပြောဆိုကြပါတယ်။လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း ဗီယက် နမ် ဆန်စပါးလုပ်ငန်းမှာ တိုးတက်မှုတစ်ခုအနေနဲ့ ပေါ်ပေါက်လာတာကတော့ စက်မှုအားသုံး စပါး အခြောက်ခံစက် (Mechanical grain drier)များ အသုံးပြုလာခြင်းပဲ ဖြစ်ပါတယ်။ ဆန်စက်တွေမှာ စပါးအခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ ဆန်ချောဖွပ် ခြင်းနဲ့ ထုပ်ပိုးခြင်းများကို ခေတ်မီစွာ ဆောင်ရွက် လာခြင်းပဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေနဲ့ အစိုးရနဲ့ ဆန်စက်ပိုင်ရှင်များဟာ ဆန်စက်တွေကို ခေတ်မီတဲ့ လုပ်ငန်းအဆင့်တွေ လုပ်ဆောင်နိုင် ဖို့ စက်ကိရိယာတွေ တိုးချဲ့တပ်ဆင်ဆောင်ရွက်ခဲ့ ပါတယ်။ ဗီယက်နမ်လည်း ကိုရီးယားနိုင်ငံလိုပဲ လုပ်ခဲ့ပေမဲ့ စက်ကိရိယာများ ဈေးကြီးမြင့်တာရယ်၊ ချေးငွေရဖို့ အခက်အခဲရှိတာရယ်နဲ့ အရေးကြီး ဆုံးက မူဝါဒနှင့် အဖွဲ့အစည်းများ  ဖွဲ့စည်းမှုပိုင်းမှာ အားနည်းခဲ့တာကြောင့် ထင်သလောက် မအောင် မြင်ဘူးလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။မောင်တိုင်ပင်