Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲကို အိန္ဒိယဝယ်လက်

Thu, 03/12/2015 - 19:48 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ဈေးပေးအဝယ်ရှိလို့ ဈေးမာ၊ ပဲစင်းငုံနီဈေးမြင့်
ဘုရင့်နောင်ဈေးကွက်မှာ   ဒီတစ်ပတ်  ပဲမျိုးစုံအရောင်း အဝယ်ပြုလုပ်လိုတဲ့ ကုန်သည်ကြီးများ  ပုံမှန်လာရောက်ကြပြီး မတ်ပဲ(RC) ကိုအိန္ဒိယဝယ်လက်က ဈေးပိုပေးပြီး အဝယ်ရှိသလို ဝယ်လိုအား ပိုသွက်လာတာကြောင့် ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါ က ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၈၅၇၀၀၀  ကျပ်မှ အမြင့်ဆုံး ၈၈၀၀၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်မှုပမာဏ များခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဒါ့အပြင် ပဲစင်း ငုံနီ(RC) ကိုလည်း အိန္ဒိယဝယ်လက်က ပဲရဲ့အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်တစ်ပတ်ဖြင့် နှိုင်း ယှဉ်ပါက ဈေးမြင့်လာပြီး တစ်တန်ကို ၉၁၈၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။