Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းမျာ

Mon, 12/04/2023 - 12:18 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊   ဘုရင့် နောင်  ကုန်စည်ဒိုင်၌ ၂၄-၁၁- ၂၀၂၃ မှ ၂၈-၁၁-၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်း များမှာ     ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၂၅၀ဝ မှ အနိမ့်ဈေး   ကျပ် ၁၁၅၀ဝ ထိလည်း ကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်းထူး-၂) တစ်ပိဿာလျှင် ကျပ် ၁၀၃၀ဝ ဖြင့်လည်း ကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်းထူး-၃) တစ်ပိဿာလျှင် ကျပ် ၁၀၈၀ဝ ဖြင့်လည်း ကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်းထူး-၄) တစ်ပိဿာလျှင် ကျပ် ၁၁၃၀ဝ ဖြင့်လည်း ကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်းထူး-၅) တစ်ပိဿာလျှင် ကျပ် ၁၁၈၀ဝ ဖြင့်လည်း ကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) တစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀  မှ ၁၆၀ဝ၀ ထိ လည်းကောင်း၊ ငရုတ်သီး(အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ကျပ် ၆၀ဝ၀မှ ကျပ်၇၀ဝ၀ ထိ လည်းကောင်း၊  ငရုတ်သီး(ပန်းရဲ-သစ်) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀ ထိလည်းကောင်း၊  ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ၁၂၀ဝ ထိ လည်းကောင်း၊   မန်ကျည်းသီး (အသား) တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၅၀ဝ ထိ လည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ ဖြင့်လည်း ကောင်း၊ ကြံသကာ (သစ်) တစ်ပိဿာ လျှင် ကျပ် ၄၁၀ဝ ဖြင့်   လည်းကောင်း၊ သကြား (ပြည်တွင်း)   တစ်ပိဿာလျှင် ကျပ် ၃၇၆၀ မှ ၃၇၈၀ ထိလည်းကောင်း၊ ထန်းလျက်(တောင်သာ) တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ မှ   ကျပ်  ၄၀ဝ၀  ထိလည်း ကောင်း၊ ထန်းလျက် (ညောင်ဦး) တစ် ပိဿာလျှင်   ကျပ် ၄၃၀ဝ မှ ၄၄၀ဝ ထိ လည်းကောင်း၊  ရေစကြို ထန်းလျက် တစ် ပိဿာလျှင် ကျပ် ၅၅၀ဝ မှ ကျပ် ၅၆၀ဝ ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၃၀ဝ ကျပ်ဖြင့်လည်းကောင်း၊      ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ  မှ ၃၉၀ဝ ထိလည်းကောင်း အသီးသီး   ဖြစ် ပေါ်ခဲ့ပြီး   အခြေခံစားသောက်ကုန်များ မှာ ဈေးနှုန်းအနည်းငယ်သာ   အတက် အကျ ဖြစ်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်း နှင့်အာလူးဈေးနှုန်းများ    အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း   တွေ့ရှိရ သည်။        

 

      နှင်းနွယ် (DOCA YGN)