Main menu

Background

ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်နီ ဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Mon, 01/15/2024 - 11:12 -- journal_editor

ရန်ကုန်မြို့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်း ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့် နောင်ကုန်စည်ဒိုင်သို့   နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင် ရောက်လျက်ရှိသည်။ 
ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ရှိ  ကြက်သွန်နီပွဲရုံ ၄၀ အနက်  ျွညေိသာ စနစ်ဖြင့် ပွဲရုံ ၁၀ ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန် စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရ လည်းကောင်း၊  ကြက်သွန်နီ   လက်ကျန်အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိသည်။ 
ဇန်နဝါရီ  ၂  ရက်မှ ဇန်နဝါရီ ၈  ရက်အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြစ်သားဒေသတို့မှ ကြက် သွန်နီ ပိဿာ ၉၇၂၀ဝ၀ ဝင်ရောက်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရသည်။ ထို့ကြောင့် ကြက် သွန်နီ လက်ကျန်မှာ ပိဿာ ၃၈၈၈၀ဝ ကျန်ရှိကြောင်း ကုန် စည်ဒိုင် သတင်းအရ သိရသည်။ 
ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀ဝ၊ အကြီးမှာ ကျပ် ၃၀ဝ၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀ဝ၊ အကြီးမှာ ကျပ် ၂၈၀ဝ၊ ရှယ်မှာ ကျပ် ၃၀ဝ၀၊ မြစ်သား ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၃၁၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၅၀ဝ၊ အကြီးမှာ ကျပ် ၃၅၀ဝ၊ ရှယ်မှာ ကျပ် ၃၅၀ဝ၊  ဆိပ်ဖြူ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၁၆၀ဝ၊ အသန့် တစ်ပိဿာ ကျပ် ၂၂၀ဝ၊ အကြီးမှာ ကျပ် ၂၈၀ဝ၊ ရှယ်မှာ ကျပ် ၃၀ဝ၀၊  မိတ္ထီလာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀ဝ၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၀ဝ ၊ အကြီး ကျပ် ၃၀ဝ၀၊ ရှယ် ကျပ် ၃၃၀ဝ  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်း သိရသည်။                                        

  West DOCA (TTY)