Main menu

Background

သီတင်းကျွတ်၊ တန်ဆောင်မုန်းက ပွင့်လင်းရာသီလည်း ဖြစ်တဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ်က ပိုပြီးတော့ ကောင်းလာမှာပါ

Mon, 10/23/2023 - 16:07 -- journal_editor

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပဲခူးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်ကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း 

စီးပွားရေးအချက်အချာကျသလို ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားရာ နေရာထဲတွင် ပဲခူးမြို့သည် တစ်ခုအပါအဝင်ဖြစ်သည်။ လတ်တလောတွင် ရွှေ၊ ဒေါ်လာဈေးကွက် ကမောက် ကမ ဖြစ်ပေါ်နေချိန် ရင်းနှီးမြှုပ်နှံလိုသူ၊ရွှေ့ပြောင်းနေထိုင်လိုသူများသည် စီးပွားရေးအချက်အချာကျမည့် မြို့နယ်များဆီသို့ ခြေဦးလှည့်လျက်ရှိသည်။ သို့ဖြစ်ရာ အဆိုပါ ပဲခူးမြို့ရှိ အိမ်၊ ခြံ၊ မြေကွက်ဈေး အခြေအနေ မည်သို့ရှိနေပါသလဲဆိုခြင်းအား မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်ကျော်နှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြလိုက်ရပါသည်။

ပဲခူးရဲ့ အိမ်ခြံမြေဈေးကွက်အခြေအနေလေး ပြောပြပေးပါဦး။
ဈေးကွက်အခြေအနေက  ပြောမယ်ဆိုရင် အခွန်ကိစ္စ ကြေညာတော့ လူတွေက တစ်မျိုးလေးဖြစ်သွားပြီးတော့ အရောင်း အဝယ်နည်းနည်းလေး တုံ့ဆိုင်းသွားတာရှိတယ်။တုံ့ဆိုင်းသွား ပေမယ့်လည်း အခုလက်ရှိအချိန်မှာက ရေကြီးတာတွေ ဘာတွေ နဲ့ဆိုတော့ နည်းနည်းလေးအရောင်းအဝယ် အေးသွားတယ်။ အခွန်မှာတော့ ရောင်းခွန်ရယ်၊ ဝယ်ခွန်ရယ်ကတော့ ရှိနေပြီးသား ပေါ့။ ခြံမြေတစ်ကွက်ကို ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တော့ သေချာ ပေါက် အခွန်ဆောင်ရမယ်ဆိုတာကို နားလည်ရမှာပါ။အခွန်ကို လည်း ကြောက်နေလို့လည်းမရဘူး။ အခွန်ပေးခြင်းအားဖြင့်လည်း နိုင်ငံတော်အတွက်လည်းကောင်းမယ်။ ဒီအခွန်ကလည်း ပြည်သူ တွေရဲ့  လိုအပ်ချက်ကို ပြန်သုံးတာပဲဆိုတာကို နားလည်ရမယ်။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာလည်း အခွန်ကို ကြောက်နေလို့မရဘူး။ ပေးဆောင်ရမယ်။  အရောင်းခွန်ရော အဝယ်ခွန်ကိုရော သေချာ စနစ်တကျနဲ့ ပေးဆောင်ရမယ်။ အဲတော့ ဒီအခွန်တွေသည်လည်း အခုကဖြစ်တဲ့အခွန်မဟုတ်ပါဘူး။ နဂိုကတည်းက ရှိနေတဲ့အခွန် ဖြစ်ပါတယ်။ အခွန်နဲ့ပတ်သက်ပြီးတော့ အရောင်းအဝယ်တုံ့ဆိုင်း ပေမယ့်လည်း  ပြန်ပြီးတော့ကောင်းလာမှာပါ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းက ပွင့်လင်းရာသီလည်း ဖြစ်တဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ်က ပိုပြီးတော့ ကောင်းလာမှာပါ။ ရင်းနှီးမြှုပ်နှံမှု လည်း လာကြမယ်လို့ထင်ပါတယ်။

ဈေးနှုန်းအခြေအနေလည်း သိပါရစေ။
အဓိက ပဲခူးတိုင်းဒေသကြီးထဲမှာတော့ အရင်အခြေအနေ နဲ့စာရင် လက်ရှိအခြေအနေမှာက ၃၀  ရာခိုင်နှုန်းလောက်တော့ တက်သွားတာပေါ့။ မြို့တွင်းပိုင်း၊ မြို့ပြင်ပိုင်းတွေမှာ ဈေးတက် တယ်။ စက်မှုလုပ်ငန်းတွေ အထိုက်အလျောက်တက်သွားပါတယ်။ပဲခူးမှာတော့ စက်ရုံဆောက်ချင်တဲ့သူ၊ လုပ်ငန်းလုပ်ချင်တဲ့သူတွေ  အတွက်ကတော့ အင်မတန်ကောင်းပါတယ်။  ဘာဖြစ်လို့လဲဆို တော့ ရန်ကုန်နဲ့ယှဉ်လို့ရှိရင် ပဲခူးရဲ့ စက်မှုဇုန်စရိတ်က အင်မတန် နည်းပါတယ်။ ဒီမှာ တက်သွားတယ်ဆိုလို့ရှိရင်လည်း သိန်း ၁၅၀ဝ နဲ့ သိန်း ၂၀ဝ၀ ကြား ဝယ်လို့ရမယ်။  လမ်းပေါ်ဆိုလို့ရှိရင်တော့ ကျပ်သိန်း ၂၅၀ဝ နဲ့ သိန်း ၃၀ဝ၀ ကြားလောက်ပါပဲ။ ရာခိုင်နှုန်း အားဖြင့် စက်မှုဇုန်ဘက်က ၂၀ ရာခိုင်နှုန်း၊ အိမ်ခြံမြေဘက်ကတော့ ၃၀ ရာခိုင်နှုန်းလောက် တက်သွားတာတွေ့ရပါတယ်။ အခုလက် ရှိကတော့  အိမ်ရာစီမံကိန်းလုပ်မယ့်ဟာတွေ သုံးလေးခုတော့ ဝင်နေတယ်။

အမြတ်ခွန်ဆောင်ရမယ့်  ကိစ္စက  အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုရှိပါသလား။
အခွန်နှုန်းထားကတော့ နဂိုအတိုင်းပဲ ရှိနေပါတယ်။ ဒါပေ မယ့်လို့လည်း လူတွေက အမြတ်ခွန်ပါ ဆောင်ရမယ်ဆိုတော့ တစ် မျိုးဖြစ်သွားတာပေါ့လေ။ အရင်တုန်းကတော့ အမြတ်ခွန်ကတော့ ရောင်းခွန်ဆောင်ပြီးတဲ့အချိန်မှာ အမြတ်ခွန်ကို ရောင်းတဲ့သူက ဒါကို  ကြေညာလိုက်တဲ့အခါမှပဲ  ဆောင်ချင်လည်းရတယ်။မဆောင်ချင်လည်းရတယ်။ အခုကတော့ အမြတ်ခွန်ကို သေချာ ပေါက် ရှင်းတမ်းထုတ်ပြီးတော့မှပဲ ဝယ်သူရဲ့ အမည်ပေါက်ကို ဖောက်လို့ရမယ်ဆိုတာကို ကြေညာလိုက်တဲ့အတွက် အမြတ်ခွန်က တော့ သေချာပေါက်ဆောင်ရမယ်။ ဒီအမြတ်ခွန်ဆိုတာကလည်း တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ငွေဖြူပြလို့ရတဲ့ အခြေအနေပါလို့ ပြည်သူတွကို ပြောချင်ပါတယ်။ ဒီဟာတွေကို ကြောက်စရာမလို ဘူး။ ဥပမာ အမြတ်ခွန် သိန်းတစ်ထောင်ဆောင်တယ်ဆို သိန်း တစ်ထောင်နဲ့တန်တဲ့ ပစ္စည်းတစ်ခုကို ပြန်ပြီးတော့ ဝယ်လို့ရတယ်။ ငွေဖြူပြလို့ရတယ်။ နောက်တစ်ကြိမ် ထပ်ပြီး ပြန်ဆောင်စရာ မလိုတော့ဘူး။ သိန်းတစ်ထောင် နဲ့ ခြံအရောင်းအဝယ်လုပ်လိုက်ပြီး  သိန်းတစ်ထောင် အမြတ်ခွန်ဆောင်တယ်ဆိုလို့ရှိရင် ကားဝယ် တယ်ဆိုရင် ဒီကားအတွက် ထပ်ပြီး ဆောင်စရာမလိုတော့ဘူး။ ဒီလိုမျိုး ငွေဖြူပြလို့ရတဲ့အတွက် အခွန်ကို  ကြောက်စရာမလိုပါဘူး။ပြောရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာလည်း အေးအေးလူလူ နဲ့ နိုင်တဲ့ဘက်ကနေပြီးတော့ သိန်းတစ်ရာနိုင်တယ်၊ သိန်းနှစ်ရာ နိုင်တယ်။ အဲဒါလေးတွေနဲ့ ရင်းနှီးမြှုပ်နှံတယ်။ ပြောချင်တာက တော့ တကယ်တမ်းလုပ်ငန်းလုပ်မယ့်သူတွေကတော့ သေချာ ပေါက် ပဲခူးတိုင်းဒေသကြီးကို ရွေးချယ်ကြတယ်။ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေပေါတယ်။ စက်မှု ဇုန်ဆိုလည်း မီးဆိုလည်း အဆင်သင့်ရအောင် စီစဉ်ပေးနေတာ ဖြစ်တဲ့အတွက် စိတ်ရှုပ်စရာမရှိတဲ့အတွက် စက်မှုဇုန်သမားတွေ လည်း များများစားစား ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ပဲခူးမှာ ရင်းနှီးမြှုပ်နှံမယ်ဆို ဘယ်လိုအားသာချက်တွေ ရှိနိုင်ပါ သလဲ။
ပဲခူးတိုင်းဒေသကြီးရဲ့  အားသာချက်ကတာ့ အလုပ်သမား တွေ ပေါပေါများများရှိသလို လျှပ်စစ်မီးအတွက် စိုးရိမ်စရာ မရှိ ဘူး။ တစ်ပတ်နှစ်ပတ်အတွင်းကို လျှောက်ထားတာနဲ့ ချက်ချင်း ရအောင်  စီစဉ်ပေးနေတယ်။  တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း လိုအပ်တဲ့  ြှုဃ ကို တင်ရမယ်ဆိုရင်လည်း ချက်ချင်း ဥညန ှအသစ ှနမလငခန နဲ့ စီစဉ်ပေးနေပါတယ်။

ဖြည့်စွက်ပြောချင်တာရှိပါသလား။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ဗဟို)ကတော့ ပဲခူးမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ တွေကို လှူဒါန်းနေတာရှိပါတယ်။ အခြေခံစားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့  ဖျာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ ဆန်၊ ဆီ၊ ဖယောင်းတိုင်ပါမယ်။ ကြက်သွန်၊ မုန့်ခြောက်နဲ့ အဝတ် အထည်တွေကို လှူဒါန်းပေးလျက်ရှိပါတယ်။ ဒါကတော့ အသင်း ရဲ့လုပ်ဆောင်ချက်တွေပါ။ ဈေးကွက်အနေနဲ့က ပဲခူးဈေးကွက်မှာ ကတော့ အကျိုးဆောင်တွေက သူ့ဟာနဲ့သူ လုပ်နေကြတာပေါ့။တကယ်တမ်းတော့ ဈေးကွက်မှာ ထိထိမိမိနဲ့ စက်ရုံ၊ အလုပ်ရုံဆို ရင်လည်း ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့သူတွေ ချောချောမွေ့မွေ့နဲ့ ပြေပြေလည်လည်လေးနဲ့ လုပ်နိုင်အောင် တိုင်းဒေသကြီး အစိုးရ အဖွဲ့လည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတယ်လို့ ပြော ချင်ပါတယ်။ တိုင်းအစိုးရအဖွဲ့လည်း  MIC တင်ဖို့ ထောက်ခံချက် ပေးဖို့နဲ့ အခြားကိစ္စတွေဆိုလည်း ဆောင်ရွက်ပေးပါတယ်။ နောက် ထပ်ပြီးတော့ လျှပ်စစ်မီးကိစ္စအတွက်လည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လိုအပ်တဲ့ လျှပ်စစ်မီးပမာဏကိုလည်း ချက်ချင်းဆို သလို ဆောင်ရွက်ပေးနေတယ်လို့ ပြောချင်ပါတယ်။

 

တိဗ္ဗ