Main menu

Background

‌‌ရောင်းလိုအား ဝယ်လိုအားများတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးကို ဆင်းလာနေတယ်လို့ ပြောချင်ပါတယ်

Tue, 11/07/2023 - 12:52 -- journal_editor

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ပြည်တွင်းတွင် လျှပ်စစ်ကားများ တွယ်ကျယ်စွာ အသုံးပြုနိုင်ရေး ၂၀၂၃ခုနှစ်အား ရှေ့ပြေးစီမံကိန်းကာလအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ပြည်တွင်းသို့ဝင်ရောက်လာနေပြီဖြစ်သည့် လျှပ်စစ်ကား (EV)များ ဈေးကွက်ထဲတွင် တွင်ကျယ်မှု အခြေအနေမည်သို့ရှိနေပါသလဲဆိုခြင်းအား မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်နှင့်တွေ့ဆုံခိုက် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာတဲ့ လျှပ်စစ်ကား(EV)ဈေးကွက်အခြေအနေလေး ပြောပြပေးပါဦး။

     အီးဗွီဈေးကွက်မှာတော့ တင်သွင်းပြီးသားနဲ့ မှတ်ပုံတင်ပြီးနာမည်ပေါက်လုပ်ပြီးသား ကားတွေကတော့ ဝယ်လိုအားရော
ရောင်းလိုအားရော များနေပါတယ်။ ရောင်းလိုအား ဝယ်လိုအားများတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးကို ဆင်းလာနေတယ်လို့ပြောချင်ပါတယ်။ ဒါပေမဲ့ ရောက်သင့်တဲ့ဈေးကိုတော့ မရောက်သေးပါဘူး။ လက်ရှိမှာလည်း အီးဗွီကားတွေက ဝယ်ယူမှုများပြားလျက်ရှိပါတယ်။ ဒါကြောင့်မို့ အီးဗွီကား ဝယ်မယ်ဆို အီးဗွီကားတစ်စီးရဲ့ အရည်အသွေး ဘယ်လောက်ကောင်းမလဲ၊ ဝန်ဆောင်မှုဘယ်လောက်ကောင်းမလဲ၊Maintenance ဘယ်လိုကောင်းမလဲဆိုတာပဲ ကြည့်ဖို့လိုတယ်။ ဈေးခန့်မှန်းပြီး ဝယ်ရင်တော့ အီးဗွီကားအတွက် ပိုပြီးတော့ အလှမ်းဝေးမယ်လို့ မြင်ပါတယ်။ လက်ရှိမှာ တော့ ၀င်လာအီးဗွီးကားတွေက စံချိန်စံညွှန်း နဲ့ပြောရင်တော့ မြန်မာပြည်အနေနဲ့ကိုက်ညီမယ့် အနေအထား အနိမ့်ဆုံးပဲ ဝင်လာတာလို့ ပြောလိုပါတယ်။

၂၀၂၃ ခုနှစ်ကို လျှပ်စစ်ကားရဲ့ ရှေ့ပြေးစီမံကိန်းကာလအဖြစ်သတ်မှတ်ထားပါတယ်။ ဘယ်လောက်ထိ အောင်မြင်မှုရရှိနေတယ်လို့မြင်ပါသလဲ။
      အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကတော့ အဓိကအဖွဲ့အစည်းဖြစ်ပြီး ထုတ်ပြန်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အီးဗွီရဲ့ ရှေ့ပြေးစီမံကိန်းအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက်ဖေော် ဆာငြ်ပးီ ပြလီ ေို့ တာ ့သးုံ သပခ် ျငပ် ါတယ။် လကရ် သှိ ွာ းနေတဲ့နိုင်ငံတော်ရဲ့ မော်တော်ယာဉ်နဲ့ ပတ်သက်လို့ တင်သွင်းခွင့်ဆိုတာက မရှိသလောက်ဖြစ်သွားပြီ။ မော်တော်ကားနဲ့ပတ်သက်ပြီးတော့က လုပ်ငန်းသုံးအချို့ကိုပဲ ပေးထားပေါ့နော်။ တကယ်တမ်းခွင့်ပြုနေတာက အီးဗွီကိုပဲ တင်သွင်းခွင့်ပြုထားတာပါ။ အီးဗွီကိုရှေ့ပြေးစီမံကိန်းအနေနဲ့ ဖော်ဆောင်ပြီး သွားနေတဲ့အတွက်ကိုတော်တော်လေးလည်း ခရီးရောက်နေပါပြီလို့ ပြောချင်ပါတယ်။သင်္ဘောသားတွေအတွက် အီးဗွီကို တင်သွင်းခွင့်ပေးထားတယ်လို့သိရပါတယ်။ ဘယ်လိုပုံစံမျိုးပါလဲ။လက်ရှိမူဝါဒအရတော့ နိုင်ငံခြားငွေကို မြန်မာပြည်ကိုတရားဝင်လွှဲတယ်။ အခွန်ဆောင်ထားတဲ့ သင်္ဘောသား နိုင်ငံခြားအလုပ်လုပ်ကိုင်တဲ့သူတွေကို နှစ်အလိုက် အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ငွေကြေးသတ်မှတ်ချက်နဲ့ ကင်းလွတ်ခွင့်ပေးမယ်လို့ မူဝါဒအကြမ်းဖျင်း ထွက်လာပါတယ်။ ဒီလိုပေးတဲ့အပေါ်မှာလည်း အီးဗွီတင်သွင်းခွင့်အတွက် ခွင်ပြုထားတဲ့ကုမ္ပဏီမှ ဆက်သွယ်ပြီးပဲသွင်းရမယ်။ အဲကုမ္ပဏီမှ မဟုတ်ရင် သွင်းလို့မရဘူး။သက်ဆိုင်ရာ ဦးဆောင်ကော်မတီရဲ့ အဖွဲ့အစည်းက အသေးစိတ်ကြေညာပြီးမှပဲ တိတိကျကျသိရှိရမှာဖြစ်ပါတယ်။  တကယ်တမ်း အီးဗွီရဲ့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကနေ သွားနေတာကတော့Authorized Distributor တစ်ယောက်မဖြစ်ရင် ဒီကားရဲ့ လုံခြုံမှု၊ပြုပြင်ထိန်းသိမ်းမှုတွေ၊ ဝန်ဆောင်မှုတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ အဲဒီအတွက်ကို Authorized မဖြစ်ရင်တော့Brand ပေါင်းစုံကို ကြုံသလိုသွင်းလို့မရပါဘူး။ သွင်းခွင့်လည်း မပေးထားပါဘူး။ တစ်ဦးချင်းအနေနဲ့ ပေးမလား၊ မပေးဘူးလားဆိုတာကတော့စောင့်ကြည့်ရမှာပေါ့။ ပေးမယ်ဆိုရင်တော့ သတ်မှတ်ချက်တွေစံနှုန်းတွေ တင်ရမယ်လို့တော့ ပြောချင်ပါတယ်။

ပြည်တွင်းဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်လာနေတဲ့ အီးဗွီလျှပ်စစ်ကားတွေအကြောင်းလည်း ရှင်းပြပေးပါဦး။

     နောက်ဆုံး ဝင်ရောက်လာနေတာကတော့ တရုတ်ပေါ့။တရုတ်ဆိုပေမယ့်လည်း တစ်ကမ္ဘာလုံးက တရုတ်မှာ အခြေပြုပြီးတော့ ဖရန်ချိုင်းသဘောမျိုးထုတ်နေတဲ့ ကားတွေလည်းရှိတယ်။အခုလက်ရှိရောက်နေတာကတော့ တရုတ်နိုင်ငံထုတ် ကားတွေပါ။ကျွန်တော်တို့နိုင်ငံက လက်ရှိမှာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက်ကိုစီးပွားရေးလည်း အများကြီးနိမ့်ကျနေတဲ့ နိုင်ငံဖြစ်တဲ့အတွက်အရမ်းမြင့်တဲ့နိုင်ငံက ကားရောက်ဖို့အတွက်ကို မျှော်မှန်းထားတာထက်စာရင် အများသုံးနိုင်တဲ့ကားကို တစ်ကမ္ဘာလုံးလက်ခံနေတဲ့ တရုတ်နိုင်ငံထုတ်ကားကို သုံးပြီးတော့ ကောင်းကောင်း
Authorized Personကနေပြီးတော့ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်အောင် ဖော်ဆောင်ပေးဖို့လိုမယ်လို့ သုံးသပ်ချင်ပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
      အီးဗွီးဆိုတာကျွန်တော််တို့ နိုင်ငံတစ်ခုတည်း မဟုတ်ဘူး။  တ်ကမ္ဘာ လုံးသုံးနေတာကြာပါပြ။ီ အီးဗွီ ကအချိန် တစ်ခုမှာ မဖြစ်မနေသွားရမှာပါ။   သွားရမယ့်အချိန်အတွက် အခုကတည်းကစလုပ်မယ်ဆိုရင်တော့ စိုးရိမ်စိတ်တွေ ဖယ်ရှားဖို့လိုပါတယ်။အီးဗွီက ကောင်းကျိုးလည်းရှိမယ်။ ဆိုးကျိုးလည်း ရှိမယ်။ဒါတွေအကုန်လုံးသိလာဖို့ ဒီအချိန်ကစပြီးတော့ ပြင်ဆင်ရမယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အီးဗွီနဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်နေတဲ့အချက်ကို ပြောလိုပါတယ်။ အီးဗွီကား ဝင်လာရင်ပဲ လက်ရှိအသုံးပြုနေတဲ့ကားတွေက အရည်ကျိုရတော့မလို၊ရောင်းစားရတော့မလိုဖြစ်လာတဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားဖို့ လိုအပ်ပါလိမ့်မယ်။ အီးဗွီက အီးဗွီအတိုင်း သွားပါလိမ့်မယ်။ အီးဗွီလို့ကြားရင် စိုးရိမ်နေမယ့်အစားအတူတူ ဟန်ချက်ညီညီ လိုက်ပါနိုင်ဖို့အသိပညာ ဗဟုသုတတွေကို အတတ်နိုင်ဆုံး မျှဝေပေးဖို့ လိုအပ်တယ်လို့ပြောပါတယ်။ 

 

တိဗ္ဗ