Main menu

Background

ကလောဆိုရင် မြေဈေးက ခန့်မှန်းလို့ မရဘူး။ အခုက ကြိုက်ရောင်း ကြိုက်ဝယ်ဆိုတဲ့ အနေအထားပေါ့

Mon, 12/04/2023 - 12:06 -- journal_editor

အေးရိပ်မွန်ဗီလာစီမံကိန်း မန်နေဂျာ ဦးရာဇာမိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့သည် အိမ်ရာစီမံကိန်းများ၊ နွေရာသီအပန်းဖြေ နားနေအိမ်များဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြို့ဖြစ်သည်။ ယင်းမြို့တွင် မြို့ပြနှင့် ကျေးလက်ဒေသများမှ အခြေချနေထိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက်ကြောင့် အိမ်၊ ခြံ၊ မြေများ ဝယ်လိုအား၊ ရောင်းလိုအား မြင့်တက်လျက်ရှိသည်။သို့ဖြစ်ရာ ယင်းမြို့ရှိ အိမ်ရာစီမံကိန်းဖော်ဆောင်မှု၊ ဈေးကွက်အခြေအနေ မည်သို့ရှိနေပါသလဲဆိုခြင်းအား ရှမ်းပြည်နယ်ရှိ အေးရိပ်မွန်ဗီလာစီမံကိန်း၏ စီမံကိန်းမန်နေဂျာ ဦးရာဇာမိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ကလောမြို့ရဲ့ အိမ်ရာဈေးကွက်အခြေအနေ ဘယ်လိုရှိပါသလဲ။
အခုကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကတော့ တချို့ဒေသတွေကနေ ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးတွေဆီလာ ကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက တတ်နိုင်တဲ့ငွေကြေးကို အသုံးချပြီးတော့ ရွှေ့ပြောင်းလာတာကလည်း ဒီအိမ်၊ ခြံ၊ မြေနဲ့ လုံချင်းရောင်းအားပေါ်မှာ သက်ရောက်မှုတစ်ခုရှိတယ်။ နောက် တစ်ခုကတော့ ငွေကြေးဖောင်းပွမှုကို တော်တော်များများက မြေနဲ့  ရွှေမှာထိန်းကြတယ်။ တချို့ကျတော့လည်း ရှိတဲ့ပိုက်ဆံကို ငွေ အတိုင်းမထားဘဲနဲ့ လုပ်ငန်းတစ်ခု  လုပ်ရင်တောင် ဖိအားတွေများ တဲ့အတွက် ဒီမြေပေါ်မှာ ရင်နှီးမြှုပ်နှံကြတယ်။ အဲ့ဒီအကြောင်း အရာတွေ အချက်အလက်တွေပေါ်မူတည် ပြီးတော့ မြေရဲ့ဝယ်လို အားက တက်လာတယ်။ ကျွန်တော့်အမြင်ကတော့ ကလော၊ တောင်ကြီးဘက်တွေပေါ့။ ကလောလို့ ပြောပေမယ့် ကလောနဲ့ နီးတဲ့ ရွာတွေမှာ ဖော်ဆောင်တဲ့ အိမ်ရာတွေမှာ ရောင်းကြ၊ ဝယ်ကြ တယ်။ တောင်ကြီးဆိုလည်း ဒီလိုပဲ။ အားလုံးကတော့ လူသိများ ပြီးတော့ ဝယ်လိုအားများတဲ့နေရာကို လိုက်ကြတာများတယ်။ ကျွန်တော်တို့ စီမံကိန်းဖော်ဆောင်တဲ့သူတွေအနေ နဲ့ ခိုင်မာမှုရှိတဲ့ မြေနဲ့ ရင်းနှီးမြှုပ်နှံမှုရှိမယ့် နေရာတွေမှာ အကောင်အထည်ဖော် ကြပါတယ်။

အဲဒီဘက်မှာ မြေဈေးက အရမ်းမြင့်သွားတာမျိုးရှိလား။
ဈေးတွေကတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် ဆောက်လုပ်ရေး စကားနဲ့ပြောမယ်ဆိုရင် PAE တွေလိုက်မြင့်လာသလိုပဲ၊ အိမ်ခြံမြေ ဈေးတွေကလည်း ရွှေဈေး၊ဒေါ်လာဈေး မြင့်လာသလိုပဲ ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ  ဝယ်လိုအားပေါ်မှာ  နေရာဒေသ အလိုက် ကွာခြားပြီးတော့ မြင့်လာတယ်။ ကလောဆိုရင် မြေဈေး က  ခန့်မှန်းလို့မရဘူး။  အခုက ကြိုက်ရောင်း၊ ကြိုက်ဝယ်ဆိုတဲ့ အနေအထားရှိတယ်။

ကလောဘက်ကို ဘယ်ဒေသကနေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုတွေ များ နေပါသလဲ။
ကလောဘက်ကိုတော့ ရန်ကုန်မြို့ကသူတွေ တော်တော် များများ ဝယ်ကြတာများပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ခရီး သွားကဏ္ဍမှာဆိုရင် အင်းလေးမသွားခင်၊ ကလောရဲ့ ရာသီဥတု ကြောင့်မို့ သူက တိတ်ဆိတ်တယ်။ ငြိမ်သက်တယ်။ အေးချမ်းတယ်။ အဲဒါတွေကြောင့်  ခရီးသွားတွေက လာတည်းကြတာရှိတယ်။ နောက်ပိုင်းကျတော့ ကလောမှာ ခရီးသွားက နိုင်ငံခြားသားတွေ များလာတယ်။ တဖြည်းဖြည်း တိုးတက်လာတဲ့အခါမှာ မြို့ကလည်း အရင်ကပုံစံမဟုတ်တော့ ခရီးသွားတွေအတွက် အဓိကဖြစ်လာ တယ်။ ရွာတွေမှာလည်း အိမ်ရာစီမံကိန်းတွေနဲ့ အရမ်းတိုးတက် သွားတယ်။ အာမခံချက်အနေနဲ့ကတော့ ကလောဘက်ကတော့ အိမ်ခြံမြေက ဝယ်ထားရင် မရှုံးဘူး။ ဆွေစဉ်မျိုးဆက်နေမယ်ဆို လည်း တကယ်ကို  စိတ်ချမ်းသာတဲ့နေရာမျိုး နောက်တစ်ခုက ရာသီဥတုကြောင့်သော် လည်းကောင်း၊ လူတွေ  မျက်စိကျတဲ့ အတွက် လူတိုင်းဝယ်ချင်တဲ့နေရာ ဖြစ်လာတယ်။ ကလောမှာက ဂရန်မြေတွေ၊ စီမံကိန်းမြေ၊ ရွာမြေတွေကိုပဲ ဝယ်ကြတယ်။ အခု အရောင်းအဝယ်ဖြစ်နေတာက ရွာမြေပေါ့။ ရွာမြေကတော့ ဂရန် ရှိချင်မှရှိမယ်။ သူတို့က နေလာတာကြာပြီဖြစ်တဲ့ မြေတွေပါ။ အဲဒီ လို  နေရာတွေမှာတောင် အခုဆိုရင် လိုချင်တိုင်း  ဝယ်လို့မရတဲ့ အနေအထားရောက်နေတယ်။ ဒီရက်ပိုင်းတွေမှာ ဝယ်အားများတဲ့ အတွက်  ကြိုက်ရောင်း  ကြိုက်ဝယ်  ဈေးကွက်ဖြစ်နေပါတယ်။ ကလောမှာက မြို့လယ်နေရာက စီးပွားရေးအရ ဝယ်တာတွေရှိ တယ်။ ဟိုတယ်အတွက် တည်ဆောက်ဖို့ ဝယ်လို့ရတဲ့ နေရာတွေရှိ တာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ လုံးချင်းတွေက အရောင်း အဝယ်ဖြစ်နေတယ်။ ကလောမြို့ရဲ့ ရာသီဥတုက တိတ်ဆိတ်ငြိမ် သက်တာကြောင့် အဝယ်များကြလိမ့်မယ်။

အေးရိပ်မွန်ဗီလာရဲ့ အိမ်ရာဈေးကွက် အခြေအနေလေးလည်း ပြောပြပေးပါဦး။
အရောင်းအဝယ် အခြေအနေကို ပြောရမယ်ဆိုရင်တော့ အိမ်ရာစီမံကိန်း ပွဲတွေလုပ်တယ်။ လုပ်တိုင်းလည်း ရောင်းနေကြ ရတယ်။ ဘာလို့လဲဆိုတော့ ဝယ်လိုအားများနေတဲ့အတွက် ထိန်း ရောင်းနေရတယ်။ နောက် ဒီမှာက တည်ဆောက်ရေးအပိုင်းတွေ လည်း  ပါတဲ့အတွက်  ကျွန်တော်တို့နိုင်တဲ့အားနဲ့ ဈေးနှုန်းကို ပြောင်းလဲမူပေါ်မှာမူတည်ပြီး ပုံမှန်ဈေးအနေနဲ့ သွားနေရတာပေါ့။ အိမ်ရာနဲ့ပတ်သက်ပြီးကတော့ အခုအချိန်မှာ ရောင်းလိုအား မြင့် နေပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ရှမ်းပြည်မှာက အိမ်ရာစီမံကိန်းတွေက ပုံစံမျိုးစုံရှိကြတယ်။ စီမံကိန်း တစ်ခုနဲ့တစ်ခုက တန်ဖိုးတွေလည်း မတူညီကြပါဘူး။ ဒီမှာက ကျွန်တော်မြို့ပြမှာ  မရတဲ့ အရာတွေဖြစ်တဲ့ အေးချမ်းပြီး နေထိုင်နိုင်တဲ့ နေရာမှာ ဈေးနှုန်းအသင့်အတင့်ရှိတဲ့  အိမ်မျိုးကို ပြည်သူလူထုကို ပေးချင်ပါတယ်။ အခုလက်ရှိ အနေအထားမှာ တော့ တော်တော်များများက ကယားပြည်နယ်က ရှမ်းပြည်ဘက် ကို ပြောင်းလာကြတာတွေရှိတယ်။ နီးစပ်တဲ့ပတ်ဝန်းကျင်ကို ရွှေ့ ပြောင်းလာကြတယ်။ ဒါက ယာယီအနေနဲ့ ရွှေ့ပြောင်းလာကြတာ ရှိသလို သားသမီးအရေး၊ ပညာရေးအတွက်လည်း အခြေချဖို့ ရွှေ့ ပြောင်းလာကြတာရှိပါတယ်။ နီးစပ်ရာသူ့ပတ်ဝန်းကျင်ကို ရွှေ့ ပြောင်းနေတဲ့ အပြောင်းအရွှေ့တွေအပေါ်မှာလည်း အိမ်ခြံမြေ ဈေးကွက်က အတိုင်းအတာတစ်ခု၊ ရာခိုင်နှုန်းတစ်ခုအထိ လိုက် ပါနေတယ်လို့ ပြောလိုပါတယ်။

 

တိဗ္ဗ