Main menu

Background

ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ရာမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေချည်းပဲလုပ်လို့ မရပါဘူး

Wed, 12/20/2023 - 11:56 -- journal_editor

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့သည်။ အဆိုပါအသင်းကို  ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်သူများ၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းသည့် အရည်အသွေးမြင့်စားသောက်ကုန်များ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်ပဈေးကွက်သို့  ထိုးဖောက်ရောင်းချနိုင်စေရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များအား ဈေးကွက်တွင်းထုတ်လုပ်မှု အခြေအနေနှင့် စားသောက်ကုန်ဈေးကွက်တွင် အသေးစားအလတ်စားလုပ်ငန်းများ ကြုံတွေ့နေရသည့် အခြေအနေများအား မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရဲ့ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ ခဲ့ပုံလေး ပြောပြပေးပါဦး။
(၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောချင်တာကတော့ အသင်းကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ လာတာဆိရင်  အသင်းရဲ့ သက်တမ်းကတော့ ၁၇ နှစ်ရှိပါပြီ။ အသင်းက စတင်တည်ထောင်စဉ်ကတည်းကနေ ဒီကနေ့အထိ နိုင်ငံတော်က ချမှတ်ထားတဲ့လမ်းစဉ်များနဲ့ စားသောက်ကုန်များ ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ ကျန်းမာစေဖို့၊ ဘေးကင်းစေဖို့၊ နိုင်ငံတော်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ တစ်ဖက်တစ်လမ်း ကနေ ပါဝင်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။အခု ချိန်မှာ ဘာတွေပိုပြီးတော့ တိုးတက်ကောင်းမွန်လာသလဲဆိုတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံတော်မှာ ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းက အကြီးအကျယ်လိုအပ်နေတဲ့အချိန်ဖြစ်တယ်။ နိုင်ငံ တော်အစိုးရအနေနဲ့ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့ စားသောက်ကုန်အသင်းအနေနဲ့ အံဝင်ခွင်ကျ သွားဖြစ်တာပေါ့။ ဒါက ပြည်ပကနေ သွင်းလာမယ့်ပစ္စည်းတွေ နည်းပါးသွားပေမယ့်  ပြည်တွင်းမှာ  ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးကနေ ထွက်ရှိ လာမယ့် ကုန်ကြမ်းတွေကို ကုန်ချောထုတ်ပြီးတော့ ပြည်တွင်းမှာ လည်း စားသုံးမယ်။ ပြည်ပကိုလည်း ရောင်းချမယ်။ အဲလိုဆိုရင် တော့ နိုင်ငံတော်ရဲ့ ဒေါ်လာဆုံးရှုံးမှု နည်းသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်ကို ရည်ရွယ်ပြီးတော့ ဒီအသင်းကို ဖွဲ့စည်းထားခြင်း ဖြစ်တယ်။

စားသောက်ကုန်ထုတ်လုပ်တဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေရှိရင် ပြောပြပေးပါဦး။
စိန်ခေါ်မှုတွေကတော့ ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေကြတာပါ။ အဲတော့ အခက်အခဲလေး တွေကတော့ ကုန်ကြမ်းပစ္စည်းရှားပါးမှု၊လျှပ်စစ်ဓာတ်အား မမှန်မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဒါတွေအားလုံး ကြုံတွေ့နေရ တာ လူတွေအားလုံးသိပါတယ်။  ဒီအခက်အခဲတွေရှိပါတယ်။ ဒါတွေကိုလည်း စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ဖြေရှင်းနေရတယ်။ ကုန်ပစ္စည်းတွေ များများထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်း စက်မှု လုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲဒီလို ဖွံ့ဖြိုး တိုးတက် လာမယ်ဆိုရင် ပြည်တွင်း ချမ်းသာလာမယ်။ ပြည်တွင်းမှာ ချမ်း သာလာတယ်ဆို အားလုံးကို ဝိုင်းဝန်းစောင့်ရှောက်နိုင်မှာပေါ့။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ချမ်းသာရင် နိုင်ငံတော်က အခွန် အခလည်းရရှိမယ်။ တစ်ယောက်နဲ့တစ်ယောက်  အပြန်အလှန် စောင့်ရှောက်ရမယ်။  ဒါ့ကြောင့်မို့   ပြည်တွင်းထုတ်ကုန်တွေ တိုးတက်လာဖို့ နိုင်ငံတော်က အားပေးတယ်။ အဲလိုအားပေးတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဈေးကွက်မှာ နေရယူတက်ဖို့လို တယ်။ စေတနာကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ပြီးတော့ ဈေးကွက်ကို အမိအရယူမယ်ဆိုရင် ပြည်တွင်း စက်မှုလုပ်ငန်းတွေ ထွန်းကားလာမယ်။ ဒါဟာ တကယ့်တိုင်းပြည်ရဲ့ မောင်းနှင်အား လည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီလည်း တိုးတက်လာမှာဖြစ် ပါတယ်။

အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဘယ်လိုလုပ်ဆောင်သွားဖို့ရှိပါသလဲ။
အခုချိန်မှာ နိုင်ငံတော်အနေနဲ့ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်နေ တဲ့ကာလဖြစ်ပါတယ်။  အထူးသဖြင့် ြှနြ လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးပေး ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်က တိုးတက်တာ ပါ။ တိုင်းပြည်ရဲ့ အဓိက မောင်းနှင်အားလည်းဖြစ်ပါတယ်။

စားသောက်ကုန် အရည်အသွေး စစ်ဆေးရာမှာ အရေးပါတဲ့  FIDSL ဓာတ်ခွဲခန်းအကြောင်းလည်း ပြောပြပေးပါဦး။
ကျွန်တော်တို့အသင်းမှာ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ စားသောက်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေး မှန်ကန်မှု ရှိ-မရှိကို စမ်းသပ်ပေးနေတဲ့  ငှ်္ှီုူ ဆိုတဲ့ ဓာတ်ခွဲခန်း ရှိပါတယ်။ ဒီဓာတ်ခွဲခန်းကို ဂျပန်အကူအညီ၊ အသင်းသူ၊ အသင်း သားတွေရဲ့ ရန်ပုံငွေ ထည့်ငွေအလှူငွေများနဲ့ ကြိုးကြိုးစားစား ထူထောင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တစ်စနဲ့တစ်စ ပိုမိုတိုး တက်လာပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့  ှှုဥ။ှုနဃ ၁၇၀၂၅ ါ် ၂၀၁၇ လက်မှတ်လည်းရရှိခဲ့ပြီးဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာရှိတဲ့ ပညာရှင်တွေ၊ဝန်ထမ်းတွေကိုလည်း စနစ်တကျပြုစုပျိုးထောင်ခဲ့ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဓာတ်ခွဲခန်းမှာ တိကျမှန်ကန်တဲ့ အဖြေတွေကို ရက်ချိန်းမှန်မှန်၊ ဈေးနှုန်းသက်သက်သာသာနဲ့ စားသောက်ကုန် ထုတ်လုပ်သူတွေကို တာဝန်ကျေစွာ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ စား သောက်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသေးစား၊ အလတ်စား လုပ်ငန်းတွေချည်းပဲ လုပ်လို့လည်းမရပါဘူး။ သူနဲ့ပတ်သက်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း ရရှိနိုင်စေမယ့် တောင်သူလယ် သမား အလုပ်သမားများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါ တယ်။ သူတို့အနေနဲ့ကလည်း သူတို့စိုက်ပျိုးထုတ်လုပ်တဲ့ ကုန် ပစ္စည်းတွေကို ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ် ကျင့်စဉ် တွေနဲ့ စိုက်ပျိုးထုတ်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှ သူတို့ကုန်ကြမ်း ပစ္စည်းတွေမှာ မှိုတွေကင်းစင်မယ်၊ ဘေးအန္တရာယ်ကင်းရှင်းမယ် ဆိုရင် ကျွန်တော် တို့ ထုတ်လုပ်တဲ့နေရာမှာလည်း အရည်အသွေး ကောင်းမွန်မှာဖြစ်တယ်။ ဒါကြောင့်မို့ ကုန်ကြမ်းကောင်းမှ ကုန် ချောကောင်းမှာဖြစ်ပါတယ်။ အဲလိုထွက်ရှိလာတဲ့ ကုန်ကြမ်းပစ္စည်း တွေကို စက်မှုလက်မှုထုတ်လုပ်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းများဟာ ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အသိပညာတွေနဲ့ ထုတ်လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြည်တွင်း စားသုံးသူ ၅၄ သန်းသော ပြည်သူများလည်း အခိုင်အမာရှိပြီးဖြစ်ပါ တယ်။ အဲဒီ ပြည်သူများက ထုတ်ကုန်ပစ္စည်းတွေကို ယုံယုံကြည် ကြည်နဲ့   သုံးစွဲတဲ့အတွက်   ထုတ်လုပ်တဲ့သူတွေအနေနဲ့လည်း စေတနာမှန်မှန်နဲ့ ထုတ်လုပ်ဖို့အရေးကြီးပါတယ်လို့ ပြောချင်ပါ တယ်။

 

တိဗ္ဗ