Main menu

Background

ပယင်းက ကျန်းမာရေးကောင်းတယ်ဆိုတာလောက်ပဲ သိကြတာ။ အမှန်က ပယင်းရဲ့ကောင်းကျိုးတွေက များပါတ်

Mon, 01/01/2024 - 12:16 -- journal_editor

ပယင်းသည် အပင်မှဖြစ်တည်သည့် အော်ဂဲနစ်ပစ္စည်းဖြစ်ခြင်းကြောင့် လူ့ခန္ဓာကိုယ်အား များစွာအထောက်အကူပြုလျက်ရှိသည်။ အပင်၏ သစ်စေးမှ နှစ်ချီကြာလာသည့်အခါ ကျောက်အဖြစ်သို့ ပြောင်းလဲသွားသည့် ရတနာလည်းဖြစ်သည်။ သို့ဖြစ်ရာ ပယင်းကို ကျန်းမာရေးအတွက်သော်လည်းကောင်း၊ လက်ဝတ်ရတနာအဖြစ်သော်လည်းကောင်း ဝတ်ဆင်လျက်ရှိရာ ပယင်းဖြင့် ပြည်တွင်းတွင် ကျောက်မျက်ရတနာနှင့် တိုင်းရင်းဆေးထုတ်လုပ်ရောင်းချလျက်ရှိသည့် ဒေါ်ယုယုဌေးအား ပယင်းအကြောင်းနှင့် စပ်လျဉ်းသည်များကို မေးမြန်းထားသည်များအားဖော်ပြလိုက်ရပါသည်။ 

ပယင်းဆိုတာ ဘယ်လိုပါလဲ။ ပယင်းရဲ့ ဂုဏ်သတ္တိတွေအကြောင်း ရှင်းပြပေးပါဦး။
ပယင်းရဲ့ စွမ်းအင်သတ္တိကတော့ အများစုက ကျန်းမာရေး ကောင်းချင်ကြတယ်။ တကယ်တမ်းမှာ ပယင်းက သွေးလည်ပတ် မှုကို ကောင်းစေတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်အသစ်ဖြစ်တည်မှုတွေ ကိုလည်း အားပေးတယ်။ ဟော်မုန်းတွေကို  Supporting ပေး တယ်။ အဲဒီအတွက်ကြောင့် အပူကိုလည်းစုပ်ယူတဲ့အတွက် အပူ လျော့ကျတဲ့အခါမှာ  ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှုက အရမ်းအား ကောင်းလာတယ်။ အဲဒီအတွက် ပယင်းက သဘာဝက ရရှိထားတဲ့ လက်ဆောင်ဖြစ်ပါတယ်။ ပယင်းက နှစ်သန်းပေါင်းများစွာပေါ့နော် ပယင်းက ပစ္စည်းကဖြစ်တာမှန်တယ်။  ပစ္စည်းတိုင်းက ပယင်း မဖြစ်ဘူး။ ပယင်းဖြစ်ဖို့အတွက် နှစ် ၁၀ သန်းလိုပါတယ်။ မြန်မာ့ ပယင်းဟာဆိုရင် နှစ်သန်းပေါင်း၁၂၀ နဲ့ ၁၈၀ ကြား Jurassic  ရဲ့ ခေတ်ဦးကို မှီပါတယ်။ ပယင်းဟာ သစ်စေးဖြစ်ရတဲ့အကြောင်းက သစ်ပင်ကို ကာကွယ်ဖို့အတွက် သစ်စေးထုတ်တာပါ။ အဲဒါကို လူ ခန္ဓာကိုယ်အတွက် အသုံးပြုမယ်ဆို အများကြီးအကျိုးရှိပါတယ်။အဲဒီအတွက်ကြောင့်  ပယင်းကို  အဓိကထုတ်ကုန်တစ်ခုလိုမျိုး အသုံးပြုနေကြတာဖြစ်ပါတယ်။

ပယင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
မြန်မာ့ ပယင်းက ကမ္ဘာဦးပယင်းပေါ့နော်။ ကမ္ဘာဦးကို မှီ တယ်လို့ အနောက်တိုင်းက ပညာရှင်တွေက သုတေသနလုပ်ပြီး တော့ ယူဆကြတယ်။ ပယင်းက သစ်ပင်အစေးကနေ ဖြစ်တဲ့ ကျောက်၊ သဘာဝအရ ပယင်းကျောက်ဖြစ်ဖို့အတွက်ကို သစ်စေး တိုင်းဟာ ဘုရင်မဖြစ်ဘူး။ အဲတော့ ပယင်းဖြစ်သွားပြီဆိုတဲ့ အခါ မှာလည်း သစ်ပင်တောင်မှ စားရင်း ဒီလောက် အကျိုးရှိမှန်းသိတော့ သစ်စေးဘာလို့ ထွက်လဲပေါ့။ သစ်စေးထွက်ရတဲ့အကြောင်း ရင်း က သစ်ပင်လုံးပတ်ကြီးမှာ သဘာဝကြောင့်သော် လည်းကောင်း၊ တိရစ္ဆာန်တွေကြောင့်သော် လည်းကောင်း ဖြစ်သွားတဲ့အခါမှာ အပင်ကဆေးကုဖို့အတွက်  ပင်စည်ရဲ့အလယ်ကနေ  သဘာဝ အလျာက်  ထုတ်ပေးတဲ့အဆီကို  သစ်စေးလို့ခေါ်တာ။ အဲတော့ အပင်စားရင်တော့ ဒီလောက်အကျိုးရှိနေတဲ့ ကိစ္စအပင်က သူ့ ကိုယ့်သူ  ဆေးကုဖို့ ထုတ်တဲ့ပစ္စည်းက ပိုပြီးတော့ အကျိုးသက် ရောက်မှုများပါတယ်။ ပယင်းက ဘယ်လောက်ထိကောင်းသလဲ ဆိုရင် သွေးလည်ပတ်မှုကို ထိန်းပေးတယ်။ ခန္ဓာကိုယ်ရဲ့ အပူကို စုပ်ယူတယ်။ နောက်ပြီးရင် ဟော်မုန်းဖြစ်တည်မှုကို တွန်းအားပေး တယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အသစ်တွေဖြစ်ဖို့ အရမ်းတွန်းအား ပေး တယ်။ အဲအတွက်ကြောင့် ပယင်းက ကျန်းမာရေးကောင်းတယ် ဆိုတာလောက်ပဲ သိကြတာပေါ့။ အမှန်က ပယင်းရဲ့ကောင်းကျိုး တွေက များပါတယ်။ ဒီလိုမျိုးပဲ ပယင်းက ကျွန်မတို့နိုင်ငံမှာ ထွက် သလို ကျန်တဲ့နိုင်ငံတွေမှာလည်း အကုန်ထွက်ပါတယ်။ဥရောပ မှာဆိုရင်လည်း ပယင်းနဲ့ ထုတ်ထားတဲ့ ဆေးကင်ဆာပျောက်ဆေး အမျိုးအမည် ၁၃၅ မျိုးလောက်ရှိပါတယ်။ ပယင်းကို လိမ်းဆေးတို့ ရှူဆေးတို့ဆိုပြီး ပြန်ဖော်ပြီးတော့ ပြန်သုံးတာပါ။  ခန္ဓာကိုယ် တကယ်   အကျိုးပြုတဲ့  သဘာဝကပေးတဲ့ လက်ဆောင်အဖြစ် အကျိုးရှိရှိ အသုံးချရတာဖြစ်ပါတယ်။

ပယင်းနဲ့ပတ်သက်ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ဖို့ နည်းပညာ ရရှိလာပုံ ပြောပြပေးပါဦး။
ပယင်းထဲက အကောင်သည် ကမ္ဘာဦးကိုမှီပါတယ်။ကမ္ဘာဦး ကိုမှီရုံနဲ့ ပယင်းထဲက အကောင်ဈေးကြီးတာ လူတိုင်းသိပါ တယ်။ ဒါနဲ့ ဘာကြောင့်ဈေးကြီးလဲဆိုတာ မသိကြပါဘူး။  အဲမသိတဲ့ အချက်ကိုပဲ  တရုတ်က လုပ်ဆောင်ကြပါတယ်။  ပယင်းထဲက အကောင်သည်  ရှားပါးပစ္စည်းဖြစ်ပါတယ်။  ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာလက်ရှိ ရှိနေတဲ့ မတူညီသော မျိုးစိတ်ရဲ့ ၈၀ ရာခိုင် နှုန်းက ပယင်းကျောက်ထဲမှာ ၃ီ ပုံစံအဖြစ်နဲ့ကျန်ရှိနေပါတယ်။ ဒီ ၃ီ ပုံစံက ဘယ်လိုမျိုး အသုံးချလို့ရလဲဆိုတော့  ဒီအန်အေ ထုတ်ပြီးတော့ မျိုးပွားလို့ရတယ်။ မတူညီတဲ့ ဆဲလ်တွေ ပြောင်းလဲ မှုတွေအကုန်လုံး သက်ရောက်မှုရှိပါတယ်။ ပယင်းအကောင်တိုင်း က ဈေးရတာမဟုတ်ဘူး။  မတူညီတဲ့ မျိုးစိတ်တွေ မတူကွဲပြားမှု တွေ ဆင့်ပွားပြောင်းလဲဖြစ်စဉ်တွေရှိတယ်။  အဲဒီဟာတွေရဲ့ ပြောင်းလဲမှုတွေကို သိပံပညာရှင်တွေက တန်ဖိုးဖြတ်လို့မရတဲ့ အတွက် တန်ဖိုးမြင့်တာပါ။ ပယင်းအကောင်တိုင်းက တန်ဖိုး မြင့်တာမဟုတ်ပါဘူး။ အဲဒါလေးကတော့ အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ အဲထဲကအကောင်သည်  ၃ီ ပုံစံဖြစ်တဲ့အတွက် ပုံ လည်းမပျက်ဘူး။ ရုပြွ်ကင်းလည်းမပျက်ဘူး။ အဲခါကျတော့ တရုတ် လူမျိုးတွေက အသက်ရှင်လျက် ပုံစံမပျောက်ပျက်ဘဲ ကမ္ဘာတည် သရွေ့ တည်ရှိနေတဲ့ပစ္စည်းလို့  ယူဆတဲ့အတွက် သူတို့က ဒါကို အရမ်းတန်ဖိုးထားပြီး သုံးကြတာဖြစ်ပါတယ်။ ကျောက်စိမ်းက လာဘ်ကောင်းတယ်လို့   သူတို့ရဲ့ယူဆတယ်။   ကျောက်စိမ်းက အအေးဓာတ်ကိုပေးတယ်။ ပယင်းက ကိုင်ကြည့်လိုက်ရင် ပူပါ တယ်။ ကျောက်စိမ်းက ချမ်းသြွာကယ်ဝခြင်းကိုပေးတယ်။ ပယင်း က  အသက်ဆိုတဲ့ ကျန်းမာရေးကို ပေးတယ်လို့ တရုတ်တွေက ယူဆပါတယ်။ အဲဒါကြောင့် ပယင်းရော၊ ကျောက်စိမ်းရောကို တရုတ်က အသည်းအသန် ကြိုက်ကြပါတယ်။

အဲလိုမျိုး တိုင်းရင်းဆေးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ဘယ်လိုမျိုး ရရှိခဲ့ပါသလဲ။
ဒီပယင်းက  အကောင်သီးသန့်ပဲ  ကိုင်တာအခါကျတော့ Waste တွေကို မြစ်ကြီးနားမှာ  သွေးကျတဲ့အခါကျတော့ မေခ မလိခ မြစ်ဆုံထဲကို သွားပစ်ရင်ပစ်၊ မပစ်လို့ရှိရင် အိမ်မှာ မီးရှို့ပစ်ရ တယ်။ ပယင်းက လောင်ကျွမ်းအား အရမ်းများတယ်။အဲခါကျ တော့ အန္တရာယ်ရှိတယ်။  မီးရှို့ပစ်လိုက်ရင် အန္တရာယ်ရှိတော့ မေခ မလိခ မြစ်ဆုံထဲကို သွားပစ်တဲ့အခါကျတော့ ကားတစ်စီးတိုင်း  သွားပစ်လို့ရှိရင် တစ်သိန်းခွဲပေးရတယ်။ အဲတော့ ကျွန်မတို့က ပြောတယ်။ ဒါတွေကို မပစ်ပါနဲ့ ခန္ဓာကိုယ်အတွက် အရမ်းအကျိုးရှိ ပါတယ်ပေါ့။ ပထမတော့ သူတို့တွေ မသိကြတော့ အဲအတိုင်းပစ် နေကြတာပေါ့။ နောက်ပိုင်းကျတော့ အဲဒါတွေကို ဝယ်ပေးလိုက်တဲ့ အခါကျတော့ သွေးတဲ့သူတွေက ပို့ကြတာပေါ့။ ပို့တာလည်း ဂို ဒေါင်တစ်လုံးပြည့်နေတဲ့အခါကျတော့ ပထမတော့ ထုတ်ကုန်လေး တွေ ထုတ်ဖို့ အကြံÓဏ်ပေးတယ်။ အသေးစားစက်မှုကကျတော့  ၂၀၁၃-၁၄ လောက်မှာ နည်းပညာပေးပါ အိုကေဆိုပြီးတော့ ပယင်းသနပ်ခါးနဲ့ ပယင်းဆပ်ပြာ စထုတ်တယ်။ ဒိန်းမတ်ကို နည်း ပညာတောင်းတယ်။ ဒိန်းမတ်ကလည်း ပေးတယ်။ ပိုလန်ကလည်း ပေးတယ်။သူတို့နှစ်ခုပေးတဲ့ နည်းပညာနဲ့ ပယင်းဆီထုတ်တယ်။ ပယင်းဆီထုတ်ပြီးတော့ ပယင်းပရုတ်ဆီဆိုတာကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပယင်းပရုတ်ဆီကို ၂၀၁၅ ခုနှစ်မှာ ထုတ်ခဲ့တယ်။မြန်မာပြည်တင်မဟုတ် အရှေ့တောင်အာရှတစ်ခုလုံးမှာ ပထမဦး ဆုံး စထုတ်လုပ်ခဲ့တာပေါ့။ ပြီးရင် ပယင်းသံလိုင်းဆီထုတ်တယ်။ ပယင်းရှူဆေးထုတ်တယ်။ သောက်ဆေးကတော့ တိုင်းရင်းဆေး တင်ထားနေပြီပေါ့။ 

ပယင်းမှာ အရောင်ဘယ်နှမျိုးလောက် ထွက်ရှိပါသလဲ။
ပယင်းကတော့ အမျိုးအစားမျိုးစုံထွက်ပါတယ်။ ပယင်းမှာ သဘာဝအလျောက် အရောင်အားဖြင့် ၅၀ ကျော်ရှိပါတယ်။ အဝါ၊ အစိမ်း၊ ကြံရည်စိမ်း၊ အနီ၊ ချယ်ရီနီ၊ အနက်၊ ခရမ်း စသည်ဖြင့်ပေါ့။ ရှားပါးတဲ့ အရောင်ကတော့ ခရမ်းရောင်ဖြစ်ပြီး အဲဒါတွေကတော့ အရမ်းရှားပါတယ်။  ကျွန်မတို့နိုင်ငံကနေပြီးတော့ ၂၀၁၂ ခုနှစ် လောက်မှာ ပယင်းက တစ်နှစ်ကိုခုနစ်တန်ထွက်ပါတယ်။သူများ နိုင်ငံကို ရောက်သွားတဲ့အခါ ဒီကနေ အကောင်းတွေယူပြီး သွား တဲ့အခါ  ျွှျေအန တွေထွက်လာတယ်။ သူများနိုင်ငံက အဲဒီ  ျွှျေအန တွေကို အရည်ကျိုပြီးတော့ မြန်မာပြည်တွင်းကို လက်ကောက်တွေ အနေနဲ့  ပြန်ဝင်လာပါတယ်။ လက်ကောက်၊ လက်စွပ်၊ အတုံး၊ အခဲတွေနဲ့ ပြန်ဝင်လာပါတယ်။  ပြီးရင်  ဘယ်လောက်ထိ နည်း ပညာ မြင့်လာလဲဆို ပယင်းထဲမှာ သစ်စေးရဲ့ စီးဆင်းမှုတွေကအစ  ပါတယ်။ အဲတော့ အတု၊ အစစ်က ခွဲလို့ရတယ်။ ကြိုက်တာနဲ့ စမ်း လို့ရတယ်။ အဲတော့ အတွေ့အကြုံရှိတဲ့သူက မျက်စိသော် လည်း ကောင်း လက်နဲ့သော် လည်းကောင်း ချိန်ဆပြီးတော့ ခွဲလို့ရတယ်။ 

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ပယင်းကို ကျန်းမာရေးအတွက်လည်း အသုံးပြုကြသလို အလှအပအနေနဲ့လည်း ဝတ်ဆင်ကြ တယ်။ ဆေးဝါးအနေနဲ့လည်း အသုံးပြုကြတယ်။ ကျန်းမာရေးအတွက် အသုံးပြုတဲ့အခါမှာလည်း လေးဘက်နာ၊ အဆစ်အမြတ်ကိုက်၊ ကျီးပေါင်း ဒါတွေကို သက် သာစေပါတယ်။ ကလေးတွေအတွက်လည်း ကျောပူခေါင်းပူဖြစ် တာတွေကိုလည်း ပယင်းသံလိုက်ဆီကို လိမ်းရင် အပူချိန်ကျ စေပါ တယ်။ လက်တွေ၊ ခြေထောက်တွေ ကိုက်တာတွေက သက်သာလာ တယ်။ နေပူထဲထွက်လို့ရှိရင်လည်း ပယင်းမှာရှိတဲ့ ဂုဏ်သတ္တိက  လူ့ခန္ဓာကိုယ်မှာရှိတဲ့ချွေးနဲ့  ထိတွေ့ပြီးတော့ ဆဲလ်တွေကို အား ဖြည့်ပေးစေတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အပူချိန်တွေ၊ ဟော်မုန်း တွေကို ထိန်းညှိပေးတဲ့အတွက်ကြောင့် အဆစ်အမြစ်ကိုက်တာ တွေကို သက်သာစေမှာဖြစ်ပါတယ်။

တိဗ္ဗ