Main menu

Background

ကားလောကတစ်ခုလုံး ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ တစ်ပတ်ရစ် အဟောင်းဈေးကွက်ကိုသာ အားကိုးရမှာပါ

Mon, 01/15/2024 - 12:30 -- journal_editor

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း  အထွေထွေ အတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း 

ယခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး မူဝါဒပြောင်းလဲခြင်းမရှိခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယခုနှစ်အတွင်း ပြည်တွင်းကားဈေးကွက်အခြေအနေ မည်သို့ဖြစ်ပေါ်လာနိုင်ပါသလဲ။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ မြင့်တက်ခဲ့သည့် ကားဈေးတွေ ပြန်ကျနေပါပြီလား။ အီးဗွီလျှပ်စစ်ကား ဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါသလဲဆိုခြင်းအား မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်နှင့် တွေ့ဆုံခိုက် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

၂၀၂၄ ခုနှစ်ရဲ့ ကားဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်
ပါသလဲ။

CBU စနစ်နဲ့ ကားအစီးလုံးလိုက် တင်သွင်းဖို့ဆို လက်ကျန်ခွင့်ပြုပြီးသား ပါမစ်လိုင်စင် ခွင့်ပြုမိန့် MIC သက်တမ်းကျန်ရှိနေတဲ့ ခွင့်ပြုပြီးအစီးရေအတိုင်း သွင်းခွင့်ရပြီးဖြစ်လို့ ရောက်ရှိလာပါဦးမယ်။ နှစ်အလိုက်သတ်မှတ်ချက်နဲ့ အသစ်တင်သွင်းခွင့်ရရှိဖို့
ရာနှုန်းမရှိသလောက်နည်းပါးမှာပါ။ လောင်စာဆီသုံး လူစီးကားတင်သွင်းခွင့် ယခင်မရရှိပေမယ့် လုပ်ငန်းသုံးကားနဲ့ လုပ်ငန်းသုံးခေါင်းစဉ်အမည်ခံ ယခင်နှစ် ခွင့်ပြုပြီးသား Brand new နဲ့Usedcarများ ယခုနှစ်အတွက် ခွင့်ပြုပေးဦးမှာ မဟုတ်ပါဘူး။လာမယ့်နှစ်မှာ လောင်စာဆီသုံးကား အစီးလိုက်တင်သွင်းခွင့်က ရရှိနိုင်ဖို့အခွင့်အလမ်း အင်မတန်နည်းပါးသလို မရှိသလောက်ဖြစ်လာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
SKD ကားဈေးကွက်အခြေအနေလည်း သိပါရစေ။
SKD စနစ်နဲ့ တင်သွင်းတပ်ဆင်ခွင့်ပြုထားတဲ့ ပြည်တွင်းတပ်ဆင်ထုတ်လုပ်သော ှီု ကားတွေလည်း နှစ်အလိုက်လျာထားချက်အပေါ် ရာခိုင်နှုန်းအလိုက် လျှော့ချတင်သွင်း တပ်ဆင်ထုတ်လုပ်မှု အနည်းများလိုက် ရှိနေမယ်။ တင်သွင်းခွင့်ပြုလျက်ခွင့်ပြုမိန့်လုပ်ငန်းစဉ်အတိုင်း တင်ပြလုပ်ကိုင်ခြင်းမရှိဘဲ လက်ကျန်လုပ်ကိုင်နေတဲ့ ဃီု+ှီု ရရှိထားတဲ့ တစ်ခုတည်းသောဂျပန်အခြေပြု ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုမှ လက်ကျန်ှီု ကားရာဂဏန်းအထိ တပ်ဆင်ထုတ်လုပ်ပြီးဖြစ်တာကြောင့်ပြည်တွင်းဈေးကွကထဲကို ငညလသငခန လေူကန အသစ် ( ယခင်ရောင်းဈေး နှစ်ဆနီးပါး)ဖြင့်စတင်ဖြန့်ချိတော့မှာဖြစ်တယ်။အမျိုးအစားကွဲ ယခင်ထုတ်ယာဉ်တွေလည်း ပြန်ထုတ်နိုင်မယ်။ထုတ်လုပ်ခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားတဲ့အမျိုးအစားတွေလည်း ရှိလာနိုင်
တယ်။ တရုတ်၊ ကိုရီးယား ဘရန်း ှီု ကားတွေ တပ်ဆင်ထုတ်လုပ်မှု လက်ကျန်ခွင့်ပြုကျန်တွေကတော့ ဈေးကွက်ထဲကို ဝင်ရောက်လာပါလိမ့်ဦးမယ်။ နှစ်အလိုက် ထပ်ပြီးခွင့်ပြု အသစ်တပ်ဆင်ဖို့ကတော့ အနည်းအကျဉ်းသာ ရှိလာနိုင်မှာဖြစ်ပါတယ်။ဂျပန်အခြေပြု ှီုကားတပ်ဆင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ တပ်ဆင်ထုတ်လုပ်မှု ဆက်ရှိနေမှာပါ။ လက်ကျန်ခွင့်ပြုအနည်းငယ် ှီု ကား တရားဝင်ရောင်းဈေးကတော့ ရာခိုင်နှုန်းအလိုက် မြင့်မားမယ်လို့ ထင်မြင်မိပါတယ်။

လျှပ်စစ်ကားရှေ့ပြေးစီမံကိန်းကာလ တစ်နှစ်ပြည့်မြောက်ပြီဆိုတော့ ပြည်တွင်းမှာ လျှပ်စစ်ကားဈေးကွက်အပေါ် ဘယ်လိုမြင်မိပါသလဲ။
အီးဗွီကားတွေအနေနဲ့ ကနဦးရှေ့ပြေးစီမံကိန်း အပြီးဟုဆိုရမယ့် ၂၀၂၃ နှစ်ကုန်အထိ ကုမ္ပဏီပေါင်း ၃၀ ကျော်က အစီးရေ ထောင်ဂဏန်းတင်သွင်းခွင့်ရပြီးသလို ထပ်မံ တင်ပြခွင့်ပြုမိန့်တောင်းခံဆဲ ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိပါတယ်။ ကနဦးရှေ့ပြေးစီမံ
ကိန်းကို လုပ်ဆောင်လာတာဆိုရင် တော်တော်လေး ခရီးရောက်နေပြီလို့ ပြောလို့ရပါတယ်။ ယခုနှစ် တင်သွင်းဖို့ကလည်း အီးဗွီကားတွေကိုပဲ ခွင့်ပြုထားတာကြောင့် လာမယ့် တင်သွင်းခွင့်လျှောက်ထားမယ့် ကုမ္ပဏီတွေ များလာနိုင်သလို မတူညီတဲ့ ကား
အမျိုးအစားတွေလည်း ဒီထက်ပိုပြီး ဝင်ရောက်လာနိုင်တယ်လို့သုံးသပ်မိပါတယ်။ အီးဗွီကားဈေးတွေကလည်း လက်ရှိ မြေပြင်ဈေးထက် ပိုများနိုင်တယ်။ ဈေးကွက်တည်ငြိမ်မှုလိုလားတဲ့ငာစသမအနမ ကုမ္ပဏီတွေအနေနဲ့ ထိန်းကျောင်း ဈေးနှုန်းထိန်းညှိမှသာကားဈေးကွက် ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန် ကားဝယ်မယ့်သူတွေကိုရော ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ။
ဒီအချိန်မှာတော့ ကားဝယ်မယ်ဆို ဝယ်လို့ရပါပြီ။ ရောင်းမယ်ဆိုလည်း ရောင်းလို့ရပါပြီ။ ဇူလိုင် ၂၃ ရက်မှာ အထိမ်းအမှတ် ဆိုတဲ့နောက်မှာ အားလုံးဆွဲတင်ပါတယ်။ အဓိက ဈေးကွက်ကြီးလေးခုဖြစ်တဲ့ ငွေဈေး၊ ရွှေဈေး၊ ကားဈေး၊ အိမ်ခြံမြေဈေး အကုန်
ဆွဲတင်ပါတယ်။ အကုန်လုံးတက်ပြီးတော့ သြဂုတ်လလောက်မှာရပ်သွားပါတယ်။ ရပ်လို့ ပြန်ကျတဲ့အချိန်မှာ ဈေးကွက်ထဲမှာ ကားက အရင်ဦးဆုံး ဈေးပြန်ကျပါတယ်။ နောက် အိမ်ခြံမြေ ကျလာပါတယ်။ ရွှေနဲ့ငွေကတော့ အထိုက်အသင့်လောက်ပဲ ကျပါတယ်။ဒါပေမယ့် တကယ့်လက်ရှိကားဈေးမှာ ကျသွားတဲ့အချိန်မှာ နည်းမျိုးစုံ ကောလာဟလပေါင်းစုံနဲ့ ဆွဲတင်ပေမယ့်မရပါဘူး။ လက်ရှိအချိန် ကားဈေးကွက်ကတော့ ဇူလိုင် ၂၃ ရက်မတိုင်မီ ဈေးလောက်ပြန်ရောက်သွားတယ်လို့ ပြောလို့ရပါတယ်။  တ ကယ်တမ်း ရောင်း မယ် ဝယ်မယ်ဆိုရင်တော့ ကားမှာ နှစ်မျိုးခွဲရပါမယ်။မော်တော်ကားဆိုရင်တော့ လောင်စာဆီသုံးကား၊ လျှပ်စစ်ကား အဲဒီအပေါ်မှာ ကားအားလုံးကို ဝါးလုံးရှည်နဲ့သိမ်းရိုက်ပြီးတော့ ကားအားလုံးဝယ်ပါလို့တော့ မပြောချင်ပါဘူး။လောင်စာဆီသုံး ကားကတော့ ဝယ်လို့ ရောင်းလို့အဆင်ပြေပါတယ်။ ရောင်းလို့လည်းသင့်ပါပြီ။ ဝယ်လို့ လည်း သင့်ပါပြီ။ လျှပ်စစ်ကား အီးဗွီကားမှာတော့အားလုံးက ကိုယ့်ရဲ့ ဝယ်ချင်တဲ့ ဘတ်ဂျက်ရယ် ကိုယ်ကြိုက်တဲ့ Brand  ရယ၊် ကိုယ့်ရဲ့လေ့လာမှုရယ်၊  အားသာမ၊ှု အားနည်းချက်ကို စဉ်းစားပြီးတော့  ဝယ်လို့သင့်ပါတယ်လို့ ပြောချင်ပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ဒီနှစ်ဈေးကွက်ထဲမှာတော့ SKD တချို့နဲ့ အီးဗွီကားတွေသာရောင်းကုန်အဖြစ် ရှိနေနိုင်ပါတယ်။ ကားလောကတစ်ခုလုံး ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ တစ်ပတ်ရစ်အဟောင်းဈေးကွက်ကိုသာအားကိုးရမှာပါ။ ကားဈေးကတော့ လက်ရှိဖြစ်နေတဲ့ ဈေးအောက်ကျဖို့မလွယ်ကူသလို မြင့်တက်နေတဲ့ ကားဈေးကို ဆွဲတင်ဖို့ကလည်း ဖြစ်နိုင်ခြေနည်းပါးမှာပါ။ လောင်စာဆီသုံး တစ်ပတ်ရစ်အများကြိုက် ဈေးကွက်ကတော့ လိုအပ်တဲ့သူကဝယ်၊ မလိုအပ်တဲ့သူကရောင်း၊ အသုံးတည့်မယ့်သူကတော့ ပြုပြင်မွမ်းမံပြီးသားကားကို အပိုဆောင်းပေးဝယ်မယ်ဆိုတဲ့ ပုံမှန်သံသရာအတိုင်းအရောင်းအဝယ်လောကမှာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေမှာဖြစ်ပါတယ်။ အီးဗွီကား ဝယ်သုံးဖို့ဆိုတာထက် တစ်ဆင့်ပြန်ရောင်းချမယ့်သူတွေထဲ အီးဗွီကားဈေးကွက်က မြည်းစမ်းအသုံးပြုလာမယ့်သူတွေ ဒီနှစ်ထဲ ပိုမိုများပြားလာနိုင်ပါတယ်လို့ သုံးသပ်မိပါတယ်။

 

တိဗ္ဗ