Main menu

Background

ခရီးသည်သွားလိုတဲ့ နေရာတွေမှာဆိုရင် လမ်းကြို၊ လမ်းကြား တွေ ပို့ပေးရလို့လည်း ငြိုငြင်မှု မရှိပါဘူး

Tue, 05/07/2024 - 12:33 -- journal_editor

ရန်ကုန်မြို့ရှိ မြို့တွင်း၊ မြို့ပြင် ခရီးသည်များအား  ဝန်ဆောင်မှုကောင်းဖြင့် ပို့ဆောင်ပေးလျက်ရှိသည့်  ှနလနည ွှထေင အား ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်မှ စတင်တည်ထောင် ခဲ့ပြီး နေ့စဉ်သွားလာနေကြသည့် ခရီးသည်များအား အချိန်မီ ပို့ဆောင်ပေးလျက်ရှိသည်။  ခရီးသည်များအား စတက် ကျပ် ၂၅၀ဝ၊ တစ်ကီလို ကျပ် ၇၀ဝ ဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။ သို့ဖြစ်ရာ ခရီးသည်များ၏ လုံခြုံရေးနှင့် မေ့ကျန်ပစ္စည်းများ ပျောက်ဆုံးမှု မရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသည့်Seven Taxi  ၏ Admin  ပိုင်းတာဝန်ခံ ဦးဟိန်းနောင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

Seven Taxi   အနေနဲ့ ဒီကာလမှာ ဘယ်လိုမျိုး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသလဲ။
    အဓိကအနေနဲ့ကတော့ ခရီးသည်တွေရဲ့ လုံခြုံမှု၊ ယာဉ် မောင်းရဲ့ လုံခြုံမှုကိုဦးစားပေးတယ်။ခရီးသည် လုံခြုံမှုအရဆိုရင် တော့ ကျွန်တော်တို့ အော်ဒါကိုကောက်တဲ့ ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေ၊ ယာဉ်မောင်းတွေရဲ့ ကားနံပါတ်တွေ၊ မှတ်ပုံ တင်နံပါတ်‌၊ ယာဉ်မောင်းလိုင်စင်နံပါတ်၊ ယာဉ်မောင်းတွေနေတဲ့ နေရာ အဲဒါတွေကို ဒေတာအနေနဲ့ သိမ်းဆည်းထားတယ်။ ကျွန် တော်တို့ဘက်ကလည်း စိတ်ချယုံကြည်ရတဲ့ ယာဉ်မောင်းတွေကိုပဲ အော်ဒါချပေးတယ်။ ခရီးသည်တွေဘက်ကနေပြီးတော့ ယာဉ် မောင်းတွေရဲ့လုံခြုံမှုကို ဘယ်လိုပြန်ပေးလဲဆိုတော့ အမြဲတမ်းစီး နေတဲ့ ဖောက်သည်တွေရှိတယ်။ ရုံးသွား၊ ရုံးပြန်၊ ဈေးဝယ်စင်တာ သွားတယ်။ ဒါတွေအတွက်က မှတ်တမ်းသက်သက်ရှိတယ်။ ခရီး သည် အသစ်အနေနဲ့ကကျတော့ ဠငဘနမ ကနေတစ်ဆင့် ဆက် သွယ်လာတယ်။ အဲဒီအချိန်ကျ ကြိုရမယ့် လိပ်စာလေး အတိအကျ ပြောပေးပါ။ ပြီးရင် သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က လမ်း ကြောင်းတစ်ခု သတ်မှတ်ပေးလိုက်တာပေါ့။ ပုဒ်ဖြတ်ဈေး ဘယ် လောက်ပေါ့။ အဲလိုမျိုးသတ်မှတ်ပေးလိုက်ပါတယ်။ 

ဝန်ဆောင်မှုပေးတဲ့ နှုန်းထားလေးတွေလည်း သိပါရစေ။ 
အခုကာလမှာတော့ စပြီးတက်တယ်ဆို ကျပ် ၂၅၀ဝပါ။ တစ်ကီလို ကျပ် ၇၀ဝ နဲ့ ဝန်ဆောင်မှုပေးပါတယ်။ အဝေးပြေး၊ လေဆိပ်၊  ရန်ကုန်ဘူတာကြီး တို့ဆို နောက်ထပ်Demand  နှစ်ထောင် ထပ် ပေါင်းပါတယ်။အဲဒီ တော့ သတ်မှတ်ထားတဲ့အတိုင်း ကားပေါ်မှာ လူဦးရေ လေးယောက်၊ ယာဉ်မောင်းအပါ ငါးယောက် အဲဒါပဲ စီးနင်းခွင့်ပြုထားပါ တယ်။ ကျွန်တော်တို့ကို အော်ဒါတင်တဲ့ အချိန်ကလည်း ည ၁၁ နာရီအထိပဲ နောက်ဆုံးသတ်မှတ်ပေးထားပါ တယ်။ ည ၁၁ နာရီ ကနေ နံနက် ၅ နာရီထိပဲ ဒီဝန်ဆောင်မှုကို ခေါ်လို့ရပါမယ်။

စီးနင်းသူတွေဘက်ကကော ဘယ်လိုမှတ်ချက်ပြုပါသလဲ။
    ကျွန်တော်တို့ဘက်ကနေပြီးတော့ ကားသန့်ရှင်းမှု၊ ကိုဗစ် ကာလမှာဆိုရင်လည်း ယာဉ်မောင်းတွေရဲ့ တစ်ကိုယ်ရည် သန့် ရှင်းမှုကအစ ဆောင်ရွက်ပေးပါတယ်။ ယာဉ်မောင်းတွေအကုန်လုံး နှာခေါင်းစည်းတပ်၊ လက်သန့်ဆေး အသုံးပြုရပါတယ်။အဲလိုမျိုး လေးတွေပေါ့။ ကိုဗစ်အလွန်ကာလတွေမှာလည်း  ခရီးသည်တွေ ကို ကားပေါ်တက်လာရင် အဲယားကွန်းဝန်ဆောင်မှုပေးပါတယ်။ကားတွေဆိုရင်လည်း အမြဲသန့်ရှင်းအောင် လုပ်ပေးပါတယ်။အဲလိုမျိုး ဝန်ဆောင်မှုတွေပေးပါတယ်။ ခရီးသည်သွားလိုတဲ့နေရာ တွေမှာဆိုရင် လမ်းကြို၊ လမ်း ကြားတွေဆိုလည်း ကျွန်တော်တို့က သွားတဲ့ ကီလိုအတိုင်းပဲ ယူတာဆိုတော့ အဲလိုမျိုးပို့ပေးရလို့လည်း ငြိုငြင်မှုတော့မရှိပါဘူး။ ခရီးသည် ဆင်းချင်တဲ့နေရာ သွားရမယ့် နေရာကို ရအောင်ကြိုပို့ပေးပါတယ်။

ခရီးသည်တွေအတွက် လုံခြုံမှုတွေရှိအောင်  ဘယ်လိုမျိုး စီစဉ် ဆောင်ရွက်ထားရှိပါသလဲ။
    ယာဉ်မောင်းတွေဆိုရင်လည်း သူတို့ရဲ့အချက်အလက်တွေ ကို အမြဲတမ်း Update လုပ်တယ်။ ယာဉ်မောင်းတွေကတော့ စိတ် ချရပါတယ်။ ယာဉ်မောင်းတွေ လုံခြုံမှုရှိအောင်လည်း စိစစ်ပြီး တော့ အမြဲတမ်းလုပ်ဆောင်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ပေးနေ ပါတယ်။ ခရီးသည်တွေကိုလည်း အမြဲတမ်း စိစစ်ပြီး တင်ပေးနေ တာဆိုတော့ ခရီးသည်အသစ်ဆိုရင် ွသသါူန အကောင့်သုံးတယ် ဆို ကျွန်တော်တို့ဖုန်းတွေမှာ တန်းပြီးပေါ်ပါတယ်။ ဒီခရီးသည်ကGoogle   အကောင့်ကို ဘာနာမည်နဲ့ သုံးတယ်ဆိုတာကိုပေါ့။ ဥပမာ ညဘက်တွေမှာ အရေးတကြီးခေါ်တဲ့ ခရီးသည်တွေဆိုရင် ကျွန်တော်တို့က မေးပါတယ်။ ကျွန်တော်တို့ ဖုန်းနံပါတ်တွေကို ဘယ်ကတွေ့တာလဲ။ Facebook ကသော်လည်းကောင်းတွေ့တယ်။ ခရီးသည်ကိုမေးတဲ့အခါမှာ သူငယ်ချင်းတစ်ယောက်ယောက်က မိတ်ဆက်ပေးတယ်ဆို  ယာဉ်မောင်းတွေအတွက်က  လုံခြုံမှုရှိပါ တယ်။ 

Seven Taxi   အနေနဲ့ ဒီကာလမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
    ယာဉ်မောင်းတွေအတွက် အခက်အခဲကတော့ ဒီလိုကာလ မှာ အဲယားကွန်းဖွင့်ပေးရတဲ့အတွက်ကိုတော့ အခက်အခဲတော့ရှိ ပါတယ်။ အဲလိုအခါမျိုးကျရင် ခရီးသည်ဘက်ကိုလည်း ညှိနှိုင်းပြီး တော့ လုပ်ပေးပါတယ်။  ခရီးသည်လည်း ကျေနပ်မှုရှိတယ်ဆိုရင် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။ နောက်ပြီးMIT ဆော့ဝဲလ်ကုမ္ပဏီကနေ ယာဉ်မောင်းတွေအတွက်ကို Car Sayar  ဆိုတဲ့ ဆော့ဝဲလ်တစ်ခု စီစဉ်ပေးထားပါတယ်။ အဲဒီဆော့ဝဲလ်မှာ လည်း စပြီးတက် ကျပ် ၂၅၀ဝ တစ်ကီလိုကို ကျပ် ၇၀ဝ ဆိုတာ တစ်ခါတည်း ထည့်သွင်းထားပြီးသားပါ။ အဲလိုမျိုးလုပ်ဆောင်ပေး ပါတယ်။နောက်ပိုင်း ကျရင်တော့ ခရီးသည်ဘက်ကနေပြီးတော့ ဖုန်းကနေ နှိပ်လိုက်ရင် ကားတွေရှိရာကို မြင်ရမယ်။ မြင်ရပြီးတော့ ယာဉ်မောင်းတွေကို ခေါ်ဆိုနိုင်မယ်။ အဲလိုမျိုးခရီးသည်တွေဘက် ကနေလည်း အဆင်ပြေအောင်လည်း စီစဉ်ထားပါတယ်။ လော လောဆယ်တော့ On call ဝန်ဆောင်မှုအနေနဲ့ သွားပြီးတော့ ယာဉ် မောင်းတွေအတွက်ကိုပဲ  ဆော့ဝဲလ် လုပ်ဆောင်ပေးတာရှိပါ တယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
 Seven Taxi    ကို ဝင်ချင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ကလည်း ကျွန်တော်တို့Seven Taxi    ရဲ့ Facebook Page Viber ကနေတစ် ဆင့် ဆက်သွယ်ပြီးတော့ ယာဉ်မောင်းတွေရဲ့ ကားဝှီးတက်၊ ယာဉ် မောင်း လိုင်စင်၊ ကားဓာတ်ပုံ၊လူဓာတ်ပုံတို့ကို ပေးပို့ပြီးတော့ ယာဉ် မောင်းစာရင်း  ပေးသွင်းနိုင်ပါတယ်။ ခရီးသည်က အော်ဒါတင် မယ်ဆိုရင်လည်း ၁၅ မိနစ်လောက် ကြိုတင်ပေးရင်တော့ အဆင် ပြေတာပေါ့။ ဥပမာ မနက် ၄ နာရီလောက် လေဆိပ်တို့၊ အဝေး ပြေးတို့ သွားချင်တယ်ဆိုရင် ညနေကတည်းက ကြိုတင်အော်ဒါ တင်လို့ ရပါတယ်။ ကျွန်တော်တို့Seven Taxi   အနေနဲ့ ဝန်ဆောင်မှု ပေးလာတာဆိုရင် ၇ခုနစ်နှစ်ပြည့်တော့မယ်ပေါ့။ အဲယားကွန်းနဲ့ လည်း ဝန်ဆောင်မှုပေးတယ်။ ခရီးသည်တွေကိုလည်း ကြိုရမယ့် နေရာ၊ ပို့ရမယ့်နေရာတွေကို  အပြည့်အဝ ဝန်ဆောင်မှုပေးတဲ့ အတွက် ခရီးသည်တွေအနေနဲ့လည်း စိတ်ကျေနပ်မှုရှိပါတယ်။ အသစ် ဝင်မယ့် ယာဉ်မောင်းတွေရှိရင်လည်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်။ ခရီးသည်အသစ်တွေကိုလည်း ဖိတ်ခေါ်လျက်ရှိပါ တယ်။

 

တိဗ္ဗ