Main menu

Background

မုဒ္ဒရာများပူနွေးလာခြင်းနှင့်ရာသီဥတုပြောင်းလဲလာမှု

Mon, 03/08/2010 - 04:21 -- Anonymous (not verified)

တချို့လူတွေက ကမ္ဘာကြီး ပူနွေးလာနေ တာကို မယုံကြည်ကြဘူး။ ဖြစ်ရိုးဖြစ်စဉ် သဘာ၀ တရားကြီးရဲ့ ပြောင်းလဲမှုရလဒ်လို့ပဲ ယုံကြည်နေ ကြပါတယ်။ တချို့ကတော့ လူတွေရဲ့ ပယောဂ ဖြစ်တဲ့  ကာဗွန်ဒိုင်အောက်ဆိုက်လို  ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့တွေ  နှစ်ပေါင်းများစွာ အမြောက်အမြား  ထုတ်လွှတ်ခဲ့လို့  ကမ္ဘာကြီး ပူနွေးလာတာကို လက်ခံယုံကြည်ကြပါတယ်။ရာသီဥတုပြောင်းလဲလာ မှုနဲ့ ပတ်သက်ပြီး ပုံနှိပ်ဖြန့်ဝေခဲ့တဲ့ သုတေသနစာတမ်း အများ အပြားဟာ ကမ္ဘာ့ပတ်ဝန်းကျင် လေထုအပေါ် မှာ အခြေခံပြီး လေ့လာတင်ပြခဲ့ကြတာကို တွေ့ ရပါတယ်။ ဒီလိုတင်ပြနိုင်ခဲ့တာကလည်း ကမ္ဘာ့ လေထုနဲ့ပတ်သက်တဲ့ တိကျတဲ့မှတ်တမ်းမှတ်ရာ တွေ  ပြည့်စုံကောင်းမွန် ခဲ့တာကြောင့်  တစ် ကြောင်း၊  လူတို့ရဲ့  လုပ်ဆောင်မှုတွေကလည်း လေထုညစ်ညမ်း ပူနွေးလာအောင် မျက်မြင်ဖန် တီးနေကြတာကြောင့် တစ်ကြောင်း၊ ဖြစ်ပါ တယ်။ လေထုအတွင်း သိတာထင်ရှားတဲ့ ပြောင်း လဲမှုကြီး တစ်ခုကတော့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့လို ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေဟာ နေရောင်ခြည်က အပူ ဓာတ်ငွေ့တွေကို ဖမ်း ယူထိန်းသိမ်းထားတဲ့အတွက်  ကမ္ဘာ့လေထုကို ပိုမို ပိုနွေးလာစေခြင်းပဲ ဖြစ်ပါတယ်။ဒါပေမယ့် ကယ်လီဖိုးနီးယားပြည်နယ်၊ လာ ဂျိုလာမြို့မှာရှိတဲ့  စခလစ်  အဏ္ဏဝါဗေဒပညာ တက္ကသိုလ်မှ   ဒေါက်တာတင်း(မ်)ဘားနတ်ဟာ အမေရိကန် နိုင်ငံခေတ်မီတိုးတက်တဲ့ သိပ္ပံပညာ ဆိုင်ရာအဖွဲ့ကို တင်သွင်းခဲ့တဲ့ သုတေသနစာတမ်း တစ်စောင်ထဲမှာ ရာသီဥတု  ပြောင်းလဲမှုနဲ့ ပတ် သက်ပြီး ကမ္ဘာ့လေထုတစ်ခုတည်းကိုသာ လေ့လာ နေကြတာဟာ နေရာလွှဲမှားနေတယ်လို့ ထောက် ပြခဲ့ပါတယ်။ သူ့အနေနဲ့ ပင်လယ်သမုဒ္ဒရာတွေကို လည်း လေ့လာဖို့ တိုက်တွန်း လိုတယ်လို့  ဆိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေထုဟာ လေထု ထက် အပူဓာတ်ကို ပိုမိုပြီးထိန်းသိမ်းထားရှိနိုင်လို့ ပဲဖြစ်တယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာကြီး  ပူနွေးလာမှု ကိုဖြစ်ပေါ်စေတဲ့  အပူဓာတ် အများစုဟာ ပင်လယ်သမုဒ္ဒရာတွေကြောင့် ဖြစ် နိုင်တယ်လို့ သူကတ္တုချခဲ့ပါတယ်။ (တချို့ သိပ္ပံ ပညာရှင်တွေက သမုဒ္ဒရာရေမျက်နှာပြင် ပူနွေး လာမှုကြောင့် မုန်တိုင်းတွေ ပိုမိုဖြစ်ပွား၊ ပြင်းထန် လာပြီး ရာသီဥတုကို ဆိုးဝါးလာစေတယ်လို့ ယူဆ ပါတယ်။)ဒေါက်တာတင်း(မ်) ဘားနတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း  ၆၅ နှစ်ကနေ ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ သမုဒ္ဒရာအပူချိန်တွေကို လေ့လာခဲ့ပါတယ်။ သူက ၁၉၄၀ ပြည့်နှစ်ကစပြီး သမုဒ္ဒရာတွေရဲ့ အပူ ချိန်ဟာမြင့်လာပြီး ပိုမိုပူနွေးလာခဲ့တာ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ သိသိသာသာပိုနွေး လာ ကြောင်း  သိရှိရတယ်လို့  တင်ပြထားပါတယ်။ သမုဒ္ဒရာတွေရဲ့ ရေအနက် မီတာ ၇၀၀ မှာရှိတဲ့ အပူချိန်ဟာ ပြောင်းလဲမှုမရှိသလောက် တွေ့ရ ပေမယ့် ရေမျက်နှာပြင်နားမှာရှိတဲ့ အပူချိန် ဟာ  စဲလ်စီးယပ်စ်  ဒီဂရီထက်ဝက်လောက် မြင့်တက်လာခဲ့တာ  တွေ့ရှိရတယ်လို့  သိရပါ တယ်။ ဒါကြောင့် တခြားဇလဗေဒ ပညာရှင်တွေ ယုံကြည်ခဲ့သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ် အတွင်း  ကမ္ဘာကြီးဟာ  ပိုပြီးပူနွေးလာကြောင်း ဒေါက်တာတင်း(မ်)ဘားနက်က   ထောက်ခံခဲ့ပါ တယ်။ဒေါက်တာတင်း(မ်)ဘားနက်ဟာ  ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ပုံစံနှစ်ခုလုံးကို လေ့လာ ခဲ့ပါတယ်။ ဖန်လုံအိမ်အာနိသင်  ဓာတ်ငွေ့တွေ ကြောင့်  လေထုအတွင်း  အပူချိန်ပြောင်းလဲမှုပုံစံ ရော၊ သမုဒ္ဒရာအတွင်း  အပူချိန်ပြောင်းလဲမှုပုံစံပါ အမျိုးမျိုးလေ့လာပြီး သူ့ရဲ့ အယူအဆ မှန်၊ မမှန် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးသူ့ရဲ့ တွေ့ရှိချက်ကတော့ လူတွေနေ့စဉ် နဲ့အမျှ တန် ချိန် အမြောက်အမြားထုတ်လွှတ်နေတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့တွေကြောင့် လေထုရော၊ ရေထုပါ အပူချိန်မြင့်တက်လာပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေကာ ရာသီဥတု ပြောင်းလဲစေခဲ့ကြောင်း၊ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုကို  ဖြစ်ပွား စေတဲ့ အဓိကတာဝန်ရှိသူ တွေဟာ စက်မှုနိုင်ငံတွေက စက်ရုံပိုင်ရှင်ကြီးတွေပဲ  ဖြစ်တယ်လို့ အခိုင်အမာ သက်သေထူ ခဲ့ကြောင်းပါခင်ဗျား။Ref; ''Oceans apart'' (Economist)မောင်ပုဆိုးကြမ်း