Main menu

Background

မြင်းခြံမြို့နယ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Tue, 02/28/2023 - 15:00 -- journal_editor

မြင်းခြံခရိုင် မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ဖေဖော်ဝါရီ တတိယ ပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင် ကျပ် ၃၈၀ဝ၊ (အသစ်)တစ်ပြည်လျှင် ကျပ် ၃၂၀ဝ ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည်လျှင် ကျပ် ၃၆၀ဝ၊ (အသစ်)တစ်ပြည်လျှင် ကျပ် ၃၁၀ဝ၊ ပုသိမ်ပေါ်ဆန်း(ဟောင်း)တစ်ပြည်လျှင်  ကျပ် ၃၃၀ဝ ၊ မနောသုခ တစ်ပြည်လျှင် ကျပ် ၂၄၀ဝ၊ ကုလားပဲခြမ်း တစ်ပြည်လျှင် ကျပ် ၅၂၀ဝ၊ ပဲနီပြား တစ်ပြည်လျှင် ကျပ် ၄၀ဝ၀၊ ကြက်ဥတစ်လုံးလျှင် ၂၀ဝ၊၂၅၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၃၀ဝ၊ ၃၅၀ ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ၉၀ဝ၀၊ ငါးမြင်းတစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ရေချိုပုစွန် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀၊ ကြက်သား(ဃဏ)အကောင်လိုက် တစ်ပိဿာလျှင်  ကျပ် ၈၅၀ဝ၊ ရင်ပုံသား တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀၊ ပေါင်သား တစ်ပိဿာလျှင်  ကျပ် ၁၀ဝ၀ဝ၊ ဗမာ ကြက် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ၁၅၀ဝ၀၊ အမဲသား တစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀၊ ၁၅၀ဝ၀၊  ဆိတ်သားတစ်ပိဿာလျှင်  ကျပ် ၂၅၀ဝ၀ များဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရသည်။
မိုးကြက်သွန်နီ လက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ အလတ် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၊ အသေးတစ်ပိဿာလျှင်  ကျပ် ၈၀ဝ၊ ၁၀ဝ၀၊ ကြက်သွန်ဖြူလက်လီတစ်ပိဿာဈေးနှုန်းများမှာ ဗမာ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ၄၅၀ဝ၊ ကြူကုတ်တစ်ပိဿာလျှင်  ကျပ် ၅၀ဝ၀၊ ၅၅၀ဝ၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၊ ၅၀ဝ၀၊ ချင်းတစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၊ ၁၅၀ဝ၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀၊ ၁၈၀ဝ၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ၃၀ဝ၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀၊ ၁၈၀ဝ၊ စားသုံးဆီ ဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀၊ ၁၂၀ဝ၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။                                    

  ဝင်းထွန်းဦး