Main menu

Background

ရုံးတက်ရုံးဆင်းတွေကိုအလွယ်တကူမှတ်ထားနိုင်တဲ့ Fingerprint Time Recorder

Tue, 03/09/2010 - 07:26 -- Anonymous (not verified)

    လုပ်ငန်းအဖွဲ့အစည်းများရဲ့ ဝန်ထမ်းများရုံးတက်ရုံးဆင်းမှတ်တမ်းကို စာအုပ်တွေမလိုဘဲ လက်ဗွေနှိပ်ပြီး မှတ်တမ်းတင်ထားနိုင်တဲ့ Time Attendance & Payroll Systemာ ပါ။ ဝန်ထမ်းတွေ ဟာ ရုံးတက်ရုံးဆင်းလုပ်တဲ့အခါမှာ ဒီ စက်ကလေးမှာ မိမိရဲ့လက်ဗွေကို နှိပ်ရ မှာဖြစ်ပါတယ်။ လက်ဗွေစနစ်သုံးတာ ဖြစ်လို့ လူစားထိုးမှတ်တမ်းတင်တာတွေ ကို ကာကွယ်တားဆီးနိုင်တာပေါ့။ ဝန် ထမ်းတွေရဲ့ ခွင့်ရက်တွေ၊ ပျက်ကွက်မှုတွေ၊ အချိန်ပိုဆင်းတာတွေကိုပါ တိတိ ကျကျမှတ်တမ်းတင်ထားနိုင်တာကြောင့် ဒီစက်ကလေးကိုသုံးပြီး လုပ်အားခများ ကို အလွယ်တကူရေးဆွဲနိုင်ပါတယ်။ ရုံးတက်ရုံးဆင်းမှတ်တမ်းတွေကို ကြည့်ရာမှာလည်း နေ့စဉ်ဒါမှမဟုတ် လအလိုက် ပြန်ကြည့်နိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ဓာတ်ပုံနဲ့တကွသိမ်းဆည်းထားနိုင်ပါတယ်။ Payroll Software ဝယ်ယူပြီးတဲ့ အခါ သုံးလဆက်တိုက် အခမဲ့ဝန် ဆောင်မှုပေးမယ်လို့ ဆိုပါတယ်။ T6 Fingerprint Time Recorder ကို တာ မွေမြို့နယ်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ် ရောင်အိမ်ရာမှာရှိတဲ့ Global Wave Technology မှာ တစ်လုံးကို ကျပ်ငါး သိန်းနဲ့ ဝယ်ယူ ရရှိနိုင်ပါတယ်။