Main menu

Background

ရေသယံဇာတကိုအမှီပြုပြီး ရေထွက်ကုန်ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် သူတို့အမြင်

Fri, 02/05/2010 - 05:47 -- Anonymous (not verified)

 ဦးနှင်းဦး (ဥက္ကဌ)ကဏန်းလုပ်ငန်းရှင်များအသင်း      ကဏန်းပျော့ကို ရန်ကုန်တိုင်းမှာ ၂ဝဝ၉ ခုနှစ်ကစတင် မွေးမြုပြီး ကဏန်းကနေ တန်ဖိုးမြှင့် ကဏန်းပျော့ ထုတ်ကုန်အဖြစ် စတင်မွေးမြူ ထုတ်လုပ်တင်ပို့နိုင်ခဲ့ပါတယ်။ အချို့ရေ လုပ်ငန်းရှင်တွေကလည်း ကဏန်းပျော့ လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင် လာကြ ပါတယ်။ ကဏန်းပျော့ မွေးမြူရေးကို မူလဆောင်ရွက်နေတဲ့ တနင်္သာရီတိုင်း သာမက ရန်ကုန်တိုင်း အတွင်းက ကျောက်တန်းဒေသမှာလည်း ကဏန်း မွေးမြူရေးဇုန် တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ကဏန်းကို ရိုးရိုးကဏန်း အနေနဲ့ တင်ပို့ရင် တစ်ကီလိုကို ၁၅ဝဝ ကျပ်ဝန်းကျင်ပဲ ရနိုင်တာပါ။ အခုလို ကဏန်းပျော့အဖြစ် မွေးမြူထုတ်လုပ်နိုင်တော့ တစ်ကီလိုကို ၆ ဒေါ်လာ ဝန်းကျင်ရရှိပါတယ်။ ကဏန်းပျော့ဟာဟောင်ကောင်၊ တရုတ်(တိုင်ပေ) နဲ့ တရုတ် ဈေးကွက်ကိုရထားပါတယ်။ ရိုးရိုးကဏန်းတွေကိုတော့ တရုတ်နဲ့ ထိုင်းက ဝယ်ယူပါတယ်။ဦးဘသော် (ဥက္ကဌ)ငါးရှဉ့်လုပ်ငန်းရှင်များအသင်း    အသင်းအနေနဲ့ ပြည်ပပို့ကုန်က ဝင်ငွေ ရရှိအောင် မျှော်မှန်းလုပ်ဆောင် ရာမှာ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့အ ထိ ဒေါ်လာ ၁၅ သန်း ကျော် ရရှိထားပြီးပါပြီ၊ ရာခိုင်နှုန်း အနေနဲ့ ၆၃ ရာခိုင်နှုန်းကျော် ရရှိထား ပါတယ်။ လက်ရှိ ငါးရှဉ့် တစ်တန် ကို ဒေါ်လာ ၄ဝ၅ဝ ရရှိနေပါတယ်။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က ထွက်တဲ့ ငါးရှဉ့်တွေကို မူဆယ် နဲ့ ကန်ပိုက်တီး ကနေ တင်ပို့နေတာပါ။ မူဆယ်ကဆိုရင် အမျိုးသား ကြီးပွားတိုး တက်ရေးကုမ္ပဏီကတစ်ဆင့် လေလံစနစ် နဲ့ တင်ပို့နေပါတယ်။ မူဆယ်လေလံ က ပေးတဲ့ဈေးတွေက တခိုျ့လတွေဆိုရင် တရုတ်နိုင်ငံ ကွမ်းကျိုးဈေးကွက် ပေါက်ဈေးထက် တော်တော်လျော့ ပေးတဲ့အတွက် ငါးရှဉ့် သမားတွေအတွက် နစ်နာမှုရှိနေပါတယ်။ လေလံ ကြမ်းခင်းဈေး သတ်မှတ်တဲ့နေရာမှာ ကွမ်းကျိုး၊ ကူမင်း ဈေးကွက်ပေါက် ဈေးကိုညှိပြီး သင့်တင့်တဲ့ ကြမ်းခင်းဈေး ဖြစ်သင့်ပါတယ်။ဦးမြင့်စိုး (တွဲဘက်အတွင်းရေးမှူး )ပုစွန်လုပ်ငန်းရှင်များအသင်း   ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်အတွင်း ပုစွန်မွေးမြူတဲ့ ဧကတွေကို ကြည့်ရင် ၂ဝဝဝ ပြည့်နှစ်ကထက် ၂ ဆကျော် တိုးတက်လာ ပါတယ်။ ပုစွန်လုပ်ငန်းရှင် တွေအနေနဲ့  နာဂစ်မုန်တိုင်း ကြောင့်တော်တော်အထိနာခဲ့ပေမယ့် FAO က ကူညီဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ အဲဒီက အကူအညီရမယ် ဆိုရင် ပုစွန်သားပေါက်စခန်းတွေ ပြန် လည်လည်ပတ်လာနိုင်မယ်။ မြန်မာ့ပုစွန်တွေ အနေနဲ့ တရုတ်၊ ထိုင်း၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမဏီစတဲ့ ဈေးကွက်တွေ ရရှိထားပြီး ဖြစ်ပါ တယ်။ ဦးထွန်းအေးရေလုပ်ငန်းရှင်(ရွှေယမုန်)    ရေချို-ရေငန်ငါးပုစွန်ကို တန်ဖိုးမြှင့် ကုန်ထုတ်ပြီး ဂျပန်နဲ့အီးယူ ဈေးကွက်ကို တင်ပို့နေပါတယ်။ ဒါ့အပြင် ရေချို-ရေငန်ငါး တွေ ကိုလည်း ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ ရုရှားနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ဈေးကွက်ကိုတင်ပို့နေတာပါ နောက်ထပ်လည်း ဈေးကွက်ထပ်ခဲျ့ဖို့အစီအစဉ်ရှိပါတယ်။ဦးညိုမင်းမင်းဇာနည်ရေလုပ်ငန်း    ရေချို-ရေငန်ငါးမိုျးစုံကို တန်ဖိုးမြှင့် ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပတင်ပို့မှုနှင့်ပတ်သက်ပြီး ဂျပန်နဲ့ ကိုရီးယားမှာ ငါးကြိတ်သားဈေးကွက် ကို ၂ဝဝ၃ ကတည်းက ရရှိခဲ့သလို သြစတြေးလျကိုလည်း ၁၉၉၄ က စပြီး ငါးအသားလွှာတင်ပို့ခဲ့ပါ တယ်။ အခုချိန်အထိငါးရရှိတဲ့ပေါ်မူတည်ပြီး ပုံမှန်တင်ပို့နေပါတယ်။ဦးမျိုးညွန့်   (MD)အီးယူတင်ပို့ခွင့်ရသေ ာGeneral Food Technology Industrial Co.,Ltd    မြန်မာ့ရေထွက်ကုန်တွေထဲက ရေချို-ရေငန်ငါးပုစွန်တွေကို ပုစွန် မုန့်နှစ်ကပ်၊ ပုစွန်ကော်ပြန့်လိပ်၊ ရေချို ပုစွန်အရသာမှုန့်ကပ်၊ ငါးမုန့်နှစ်ကပ်၊ ပုစွန်ကိုပြောင်းဖူးပုံအလိပ်စတဲ့ တန်ဖိုးမြှင့်ကုန်တွေပြောင်းပြီး လစဉ် ကွန်တိန်နာ ၇ လုံးခန့် သြစတြေးလျ၊ မလေးရှား၊ ယူကေနဲ့ ဂျာမနီဈေးကွက်တို့ကို ပို့နေရပါတယ်။ အအေးပိုင်းငါးများကို စီအမ်ပီ (CMP) စနစ်ဖြင့် လုပ်ကိုင်ရန်ပြင်ဆင်     General Food Technology Industry ကုမ္ပဏီမှအအေးပိုင်းငါးများကို CMP စနစ်ဖြင့် လုပ်ကိုင်ခွင့် ရရန်ပြင် ဆင်နေပြီဖြစ်သည်။''အာဂျင်တီးနားဘက်က အအေးပိုင်းငါးတွေ၊ အထူးသဖြင့် မြန်မာပြည်မှာမရနိုင်တဲ့ အအေးပိုင်းငါးတွေ ကို CMP စနစ်နဲ့လုပ်ကိုင်ဖို့ ထုပ်ပိုး ပြင်ဆင်မှုအတွက် ကြိုးစားနေပါတယ်။ခွင့်ပြုလုပ်ကိုင်ခွင့်ရရင် ပြုပြင်ထုတ် လုပ်ခြင်းနဲ့ထုပ်ပိုး ပြင် ဆင်ခြင်းအတွက် ဝန်ဆောင်မှုရရှိမှာဖြစ်တဲ့အပြင်၊ ကုမ္ပဏီ အနေနဲ့လည်း ငွေစိုက်ထုတ်စရာမလိုဘဲ လုပ်ကိုင်ဆောင်ရွက် နိုင်မယ့် အကျိုးကျေးဇူးကို ခံစားရရှိစေ မှာဖြစ်ပါတယ်။ ပြီးတော့သယ်ယူဖို့သင်္ဘောလိုင်းတွေ ဆိပ်ကမ်းက အလုပ်တွေ၊ ဆိပ်ကမ်းနဲ့ စက်ရုံကြားသယ်ယူမယ့် ကွန်တိန်နာ ကားတွေစက်ရုံပိုင်းတွေ အားလုံးပူးတွဲ အလုပ်ရမှာပါ။ ဒါ့အပြင် လုပ်သားတွေ အနေနဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေရရှိမှာဖြစ်သလို နည်းပညာ တွေကိုလည်းပိုမို ရရှိလာနိုင်မှာပါ''ဟု ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးညွန့်ကပြောကြားသည်။ အဆိုပါစက်ရုံမှ ငါး၊ပုစွန်များကို တန်ဖိုးမြှင့်ကုန်ထုတ်လုပ်၍ မလေးရှား၊ သြစတြေးလျ၊ ယူကေနှင့် ဂျာမနီနိုင်ငံ တို့သို့၂ဝဝ၈ခုနှစ်မှစ၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။