Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 02/05/2024 - 12:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ    တညင်းကုန်း  လက်ကားဈေးကြီး အတွင်းသို့ ဇန်နဝါရီ စတုတ္ထပတ်အတွင်း ညောင်တုန်း၊မှော်ဘီ၊ သာရဝေါ၊   ညောင်နှစ်ပင်ကျေးရွာ၊   ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ဇန်နဝါရီ စတုတ္ထပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၆၀ဝ မှ ၁၅၀ဝ၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၅၀ဝ၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀ဝ မှ ၁၈၀ဝ ၊ အာလူး(ပိဿာ)ကျပ် ၂၈၀ဝ မှ ၃၀ဝ၀၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၄၀ဝ၀ မှ ၄၃၀ဝ ရွှေဖရုံသီး(လုံး)ကျပ် ၁၈၀ဝ မှ ၅၄၀ဝ၊ ဘူးသီး(လုံး)ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း၊ မုန်ညင်း (ထုပ်)(ပိဿာ)ကျပ် ၁၅၀ဝ မှ ၁၈၀ဝ၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၇၀ဝမှ ၃၃၀ဝ၊ ကြက်သွန်ဖြူ(ရှမ်း)   (ပိဿာ)ကျပ် ၁၅၀ဝ၀ မှ ၁၇၀ဝ၀၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ၊ ချင်း(ပိဿာ)ကျပ် ၃၅၀ဝ မှ ၄၅၀ဝ၊ ငရုတ် သီးစိမ်း(ကျောက်စိမ်း)(ပိဿာ)ကျပ် ၁၃၀ဝ မှ ၂၃၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် ၁၅၀ဝ မှ ၈၅၀ဝ အတွင်းဖြစ်ကြောင်း သိရသည်။     

 

လဲ့လဲ့စိုး(ရန်ကုန်)