Main menu

Background

သဘာဝပုံရိပ်အရည်အသွေးအတိုင်း ခံစားမှုပေးနိုင်တဲ့ LG တီဗွီ

Fri, 02/26/2010 - 16:34 -- Anonymous (not verified)

     LGရဲ့ 42PQ60R တီဗွီဟာ High   Definition    HD Ready  ဖြစ်လို့ ကြည်လင်ပြတ်သားလှတဲ့ ပုံရိပ် အရည်အသွေးကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။Resolution u 1365 x 768 (50'')  နဲ့ 1029 x 768 (42'') ဖြစ်လို့ ပုံရိပ်တွေ သဘာဝအတိုင်း ရှင်း လင်းပေါ်လွင်မှာဖြစ်ပါတယ်။ Dynamic Contrast Ration ကလည်း 200000 : 1  ရှိတော့ အရောင်ကွဲပြားခြား နားမှု ပြတ် သားပေါ်လွင်ပြီး ပုံရိပ်ထွက် ကောင်းမှုကို အားဖြည့်ပေးပါတယ်။ အရှိန်မြန်မြန်နဲ့ ဖြတ်သန်းသွားတဲ့ပုံရိပ် တွေကို ရှင်းလင်းစွာ မြင် နိုင်ရဖို့အတွက် 600 Hz Sub  Field Driving ပါပါ တယ်။ တီဗွီထားတဲ့အခန်းရဲ့ အလင်း အမှောင်ကိုလည်း ထည့်တွက်စရာ မလိုအောင် Intelligent Sensor ထည့် ထားပေးပါတယ်။ စွမ်းအင်ချွေတာတဲ့ စနစ်ကိုလည်း သုံးထားပါတယ်။ လေး ဘက်လေး တန်ကလာတဲ့ သဘာဝအသံ တွေလိုမျိုး အသံတွေ ထွက်ပေါ်စေတဲ့ စနစ်ပါရှိပါတယ်။  ကြည်လင်ပြတ်သား တဲ့အသံတွေ နားထောင်နိုင်ဖို့ Clear Voice နည်းပညာ သုံးထားပါတယ်။ ဘောင်အကွပ်မပါတဲ့ မျက်နှာပြင်ဒီဇိုင်း (Framless Plasma) ပါ။ HDMI ပါရှိပြီး USB 2.0 ပါပါတယ်။ ကွန်ပျူ တာမော်နီတာအဖြစ်လည်း ချိတ်ဆက် သုံးနိုင်ပါတယ်။ LG42 PQ60R  Plasma TV တစ်လုံးရဲ့ ဈေးနှုန်းက ကျပ် ခုနစ် သိန်းလေးသောင်းကိုးထောင်ဖြစ်ပြီး LG အရောင်းပြခန်းတွေမှာဝယ်လို့ရပါတယ်။