Main menu

Background

အဆိုတော်သရုပ်ဆောင်နှင်းဉ္ဇလီ (ခ)သဲသဲရဲ့သြင်္ကန်ဖက်ရှင်

Thu, 04/01/2010 - 02:58 -- Anonymous (not verified)

   သဲသဲက သြင်္ကန်လားရှိုးမှာ ရှိနေမယ်၊ သြင်္ကန်ရိုးရာအကအတွက် မြန်မာ အင်္ကျီ၊ထမီတွေချုပ်ထားတယ်၊ ရောင်စုံရောစပ်ထားတဲ့ ဒီဇိုင်းလေးတွေပဲ။ ဒီဇိုင်နာ အုန်းမောင်နဲ သဲသဲရယ်၊ မေမေရယ် ဒီဇိုင်းလုပ်ထားတယ်။   ရေပက်ချိန်မှာတော့ ဘောင်းဘီအတိုနဲ့ဖရီးစတိုင်အင်္ကျီလေး တွေ ဝတ် မယ်၊ သြင်္ကန်ရက်မှာ ဆံပင် ဆက်ပြီးအရှည်ချမယ်၊ ဘေး ကိုကျစ် ဆံမြီးကျစ်မယ်၊ တချို့ ရက်မှာ ကိုရီးယား စတိုင်ကောက်မယ်၊ Beauty Spaက ဆံပင် စပွန်စာပေးတယ်။  မျက်နှာကိုတော့ လိုင်နာခပ်ရှည်ရှည်ဆွဲပြီး ကာလာများများတင်တဲ့ ပုံစံမျိုး လိမ်းမယ်၊ မျက်ခွံပေါ်မှာ အရောင် စုံအကွက်တွေ ဖော်မယ်၊ ပန်းကနုတ်တွေ လုပ် မယ်၊ ဖန်စီပစ္စည်းအနေနဲ့ ဝတ်လို့ ရတဲ့တွင်းထွက်ကျောက်တွေကို လည်ဆွဲ၊ နားကပ်၊ လက်ကောက်ဒီဇိုင်း ဆန်းတွေလုပ်ထားတယ်၊ မုတ်ခွံနဲ့လုပ်ထားတဲ့ ပစ္စည်းဆန်း လေးတွေ ဝတ်မယ်။