Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 01/15/2024 - 11:40 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၅ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၂၀၄၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၁၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၀၃၁ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဇန်နဝါရီ ၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၃၇၀၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၁၀ ရက်တွင်ကျပ် ၃၇၃၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDPသည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏GDP သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bank မှ ခန့်မှန်းထားသည်ကို တွေ့ရသည်။ ခနခငိအေေ.ခသာ မှ ဖော်ပြချက်၌ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ွီဏ မှာ - ၅ ဒသမ ၉ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ဇန်နဝါရီ ၅ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း ကျပ် ၃၄၅၅-၃၄၆၀ ကြားရှိနေကြောင်း သိရှိရသည်။