Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 04/01/2024 - 10:28 -- journal_editor

ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၂၀၈ ဒေါ်လာပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၇၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၂၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မတ် ၂၆ ရက်တွင် ကျပ် ၄၃၂၀ဝ၀ဝသို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှသိရသည် ။ Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD  ၆၄ ဒသမ ၇၅ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်Trading Economics global macro model  နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရသည်။ Econometric Modelအရ မြန်မာနိုင်ငံ၏GDPသည် ၂၀၂၅ ခုနှစ် တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ခုနှစ်တွင်USD  ၆၇ဒသမ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။  ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မတ် ၂၁ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၂၆ရက်ထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝ ဖြစ်သည်။အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ မတ် ၂၁ ရက်မှ မတ် ၂၆ ရက်ထိ ရက်သတ္တပတ်အတွင်း ၃၆၇၀-၃၆၇၅ ကျပ်ကြားရှိနေကြောင်း သိရသည်။

P&S