Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 04/01/2024 - 10:32 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊မတ် ၂၇ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ(၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ ဖြင့်လည်းကောင်း၊ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ % ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ၆၁၅ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၁ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ % ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၄ ဖြင့်လည်းကောင်းအသီးသီး ဖြစ်ပေါ်ခဲ့သည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၆ ဖြင့် လည်းကောင်း၊ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် (၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ ဖြင့် လည်းကောင်းအသီးသီး ရှိခဲ့ပြီးThai Rice Exporter Association Websiteတွင် ဖော်ပြချကအ် ရ ယခတု စပ် တတ် ငွ ်ထငို း် နငို င် ၌ံ (၁၀ဝ %) ဘဂီ ရတိ ်ဆန၊်ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်ဈေးနှုန်းများမှာကျဆင်းလျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာကျဆင်းလျက်ရှိကြောင်း သိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ပြည်ပဆန်တင်ပို့မှုသည် တန်ချိန် ၈ သန်းကျော်နှင့် အမေရိကန်ဒေါ်လာသန်း ၅ ဘီလီယံခန့် တင်ပို့နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရပြီး ကမ္ဘာ့ဆန်ဈေးကွက်အဝင် ကျဆင်းနေချိန်တွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အချို့သော ဈေးကွက်များသည် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆန်ပိုမို တင်သွင်းကြ၍ ယခုနှစ်တွင် ဗီယက်နမ်ဆန်အတွက် အခွင့်အလမ်းကောင်းဖြစ်စေကြောင်း သိရသည်။ရာသီဥတုမကောင်း၍ ဆန်ဈေးကွက်အဝင် ကန့်သတ်မှုရှိခြင်း၊ အချို့သောနိုင်ငံများ၌ ဆန်တင်ပို့မှုကို တားမြစ် ကန့်သတ်ခြင်း၊ ဈေးကွက်ထဲတွင် ဝယ်လိုအား မြင့်တက်ခြင်းနှင့် ပင်လယ်နီရှိဟူသီအုပ်စုများ၏ တိုက်ခိုက်မှုများကြောင့် ရေကြောင်းသွားလာမှုအမျှင်ပြတ်ခြင်းတို့သည် ယခုနှစ် ကမ္ဘာ့ဆန်ဈေးကွက် ဈေးနှုန်းမြင့်မားရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဆန် ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ မှ ၁၁၀ဝ၀ဝ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ မှ၁၃၅၀ဝ၀ ပေါက်ဈေး ရှိသည်။ ဆန်ကြမ်း ဧည့်မထ ၂၅ မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀ မှ ၇၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီးဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၇၉၀ဝ၀ မှ ၈၀ဝ၀ဝ ကြားပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန်တစ်အိတ်လျှင် ၂၈၉ ယွမ် ဝန်းကျင် ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၉၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ၂၈ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၀၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်းသိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၇၀ဝ၀ ဖြင့်အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် ဧည့်မထဆန်တစ်ပြည် လျှင် ကျပ် ၃၂၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၈၈ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် မတ်လနောက်ဆုံးအပတ်တွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့မြန်မာနိုင်ငံတွင် လည်း ဆန်ဈေးနှုန်းများ အတက်/အကျအပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်းသိရသည်။

 

P&S