Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 04/01/2024 - 10:35 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ  ၂၅  ရက်နေ့Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် အီဂျစ်နိုင်ငံသည် ယခု တစ်ပတ်တွင် ၈ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်း၊ တူကီယဲ (တူရကီ)နိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိကြောင်း တွေ့ရသည်။
လာအို၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ နော်ဝေ၊  တောင်အာဖရိက၊ ဂျော်ဒန်၊ ပိုလန်နှင့် အိုက်စလန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၇၇ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲ ခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်းGlobal Petrol Prices Website ၏ ယခုတစ်ပတ်အတွက် မတ် ၂၅ ရက် ဖော်ပြချက်၌ တွေ့ရသည်။
ဓာတ်ဆီဈေးနှုန ်း ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ခရိုအေးရှား၊ ချက်၊ သြစတြေးလျနှင့် ဘူလ်တန်အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံသာရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင် နှုန်းမှ ၁ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
အာဆီယံနိုင်ငံများ၏  ၂၀၂၄ ခုနှစ်၊ မတ်လ  ၂၅ ရက်နေ့ ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင် နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက် ခဲ့ပြီး  ဖိလစ်ပိုင်နိုင်ငံတွင် သုညဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ကာ   ကျန်အာဆီယံနိုင်ငံများတွင်   ဈေးနှုန်း အပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် အီဂျစ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၂၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နိုင်ဂျီး ရီးယားနိုင်ငံတွင် ၉ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၃ ဒသမ ၆၀  ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိကြောင်း  တွေ့ ရသည်။
ယခုတစ်ပတ်အတွင်း  အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အာဂျင်တီးနား၊ ကင်မရွန်း၊ ဂွါတီမာလာ၊ အိုက်စလန်၊ ဂျော်ဒန်၊ ကင်ညာ၊ ပီရူးနှင့် တောင်အာဖရိက စသည့် နိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း ၆၆ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ  ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်းGlobal Petrol Prices Website  ၏ ဖော်ပြချက်၌ တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း  ကျဆင်းသွားသည့်   နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ လက်ဘနွန်၊ ပိုလန်၊ ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဘူလ်တန်နှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံသာရှိပြီး ယခင်တစ်ပတ် ဈေးနှုန်း ထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၉၀ ရာခိုင် နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် မတ်လ  ၂၅  ရက်နေ့ ဒီဇယ် ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ကမ္ဘော ဒီးယားနိုင်ငံတွင် ၃ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။  
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၇၉၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၂၉၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ၂၄၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ လျှင်ကျပ်  ၂၄၈၀  အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၃၇၂ ကျပ်၊ ဒီဇယ် တစ်လီ တာလျှင် ၂၉၂၅ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၂၅၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၅၄၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၉၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ၂၄၃၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၂၉၁၀၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၅ ကျပ်ဖြင့် အနည်း ဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၅ ကျပ် မြင့်တက်ခဲ့သော်လည်း  ဒီဇယ်ဈေးနှုန်းမှာ တည်ငြိမ်ခဲ့ကြောင်း  တင်ပြအပ်ပါသည်။ 

 

P&S