Main menu

Background

တရုတ်နိုင်ငံသို့ GACC နည်းလမ်းဖြင့် မွေးမြူရေး ရေငန်ပုစွန် စတင် တင်ပို့

Mon, 04/01/2024 - 11:13 -- journal_editor

မြန်မာ့မွေးမြူရေး  ရေထွက်ကုန်ဖြစ်သည့် ရေငန်ပုစွန်ကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် ယင်းနိုင်ငံသို့ စတင် တင်ပို့နိုင်ပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မွေးမြူရေး ရေထွက်ကုန် တင်ပို့ခွင့်နှင့်ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အဓိကအားဖြင့် ရေငန်ပုစွန်ဖြူ တင်ပို့ရန်အတွက် ကုမ္ပဏီခြောက်ခုမှ တင်ပို့ခွင့် မှတ်ပုံ တင် အောင်မြင်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မှတ်ပုံတင်ခွင့် အောင်မြင်ထားသည့် ကုမ္ပဏီများထဲမှ ပထမဆုံးသော ကုမ္ပဏီတစ်ခုက ယခုမတ်လ ဒုတိယပတ်မှ စတင် ကာ ရေငန်ပုစွန် တန်ချိန် ၁၂၄ တန်၊ အမေရိကန်ဒေါ်လာ သုံးသိန်း ခုနစ်သောင်း နှစ်ထောင်ကျော်ကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့် မွေးမြူရေးရေထွက်ကုန် တင်ပို့မှု လမ်း ကြောင်းအနေဖြင့် ရေကြောင်းကုန်သွယ်မှုမှ ကွန်တိန်နာများနှင့် အေးခဲပုစွန်များကို တင်ပို့နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာ့ရေထွက်ကုန် တင်ပို့မှု၏ အဓိကဈေး ကွက်တစ်ခုဖြစ်ပြီး ပြည်တွင်းရေထွက်ကုန်၏ ၃၀ ရာခိုင်နှုန်းကို တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် သဘာဝရေထွက်ကုန် တင်ပို့နေ သည့်ကုမ္ပဏီ စုစုပေါင်း ၆၀ ကျော်ရှိကြောင်း သိရသည်။

ပန်းဆု