Main menu

Background

ဗီယက်နမ်နိုင်ငံUPCOM စတော့ဈေးကွက်

Mon, 04/01/2024 - 12:08 -- journal_editor

UPCOM Market သည် ဗီယက်နမ်နိုင်ငံ  ဟနွိုင်းစတော့ အိပ်ချိန်းတွင် ဆောင်ရွက်နေသည့်Junior Secondary Market  တစ်ခုဖြစ်သည်။ စတော့အိပ်ချိန်း၏ ပထမဈေးကွက် Main Board) ) သို့ ဝင်ရောက်ရန် အဆင်သင့်မဖြစ်သေးသည့် ကုမ္ပဏီ များအတွက်ရည်ရွယ်ကာ တည်ထောင်ထားသည့် ဈေးကွက်ဖြစ် သည်။ အဆိုပါဈေးကွက်ကို ၂၀ဝ၉ ခု ဇွန်လ ၂၄ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ်အစိုးရမှ ထုတ်ပြန်ထားသည့်  ဒီကရီ အရ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများသည် သတ်မှတ်ထား သည့် အရည်အချင်းများနှင့်ပြည့်စုံပါက UPCOM Market  သို့ မဖြစ်မနေ ဝင်ရောက်ရသည်။ ဤဈေးကွက်သည် ကုမ္ပဏီများ အတွက် သတင်းအချက်အလက် ဖွင့်ဟကြေညာမှု Disclosure)၊ စာရင်းစစ် စာရင်းကိုင်စံများ ကိုက်ညီစေမှုနှင့် ကောင်းမွန်သည့် ကော်ပိုရိတ်စီမံခန့်ခွဲမှု  စနစ်များကို ဆောင်ရွက်ရန်  အခြေခံ ကောင်းများ ဖော်ဆောင်ပေးသည့် ဈေးကွက်တစ်ခုဖြစ်သည်။ 
အထူးသဖြင့် အလားအလာ ကောင်းမွန်ပြီး အကျိုးအမြတ် ကောင်းမွန်သည့်  နိုင်ငံပိုင်စီးပွားရေး  အဖွဲ့အစည်းများသည်  ့UPCOM သို့ ဝင်ရောက်ကြသည်။UPCOMဈေးကွက် သို့ ဝင်ရောက်ပြီးနောက်ပိုင်း   စတော့အိပ်ချိန်း၏ Mainboard မှ သတ်မှတ်ထားသည့် အရည်အချင်းများပြည့်စုံလျှင်Mainboard သို့ အဆင့်တက်နိုင်သည်။ သို့သော် ဤသို့ အဆင့်မြှင့်တင်ခြင်းမှာ ကုမ္ပဏီနှင့်  ရှယ်ယာရှင်များ၏  ဆုံးဖြတ်ချက်အရသာဖြစ်ပြီး မပြောင်းမနေရမဟုတ်ပါ။ သို့သော်လည်း နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများအနေနှင့်   အများ ပြည်သူသို့ ရှယ်ယာကမ်းလှမ်း ရောင်းချခြင်း IPO  ပြုလုပ်ခြင်း)  နှင့်UPCOM တွင် စာရင်းဝင် ခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်သည်။ 
အဆိုပါ ဈေးကွက်သို့  ဝင်ရောက်နိုင်မည့် စာရင်းဝင်စံ Listing Criteria)မှာ စတော့အိပ်ချိန်း၏Mainboardမှ  သတ် မှတ်ထားသည့် စံများထက်ပိုမိုပျော့ပျောင်းပြီး စာရင်းဝင်ကြေး Listing Fees)မှာလည်း ပိုမိုသက်သာသည်။UPCOM  သို့စာရင်း ဝင်ရန် လိုအပ်ချက်များမှာ-
    (က)    အနည်းဆုံး ထည့်ဝင်ပြီးမတည်ငွေရင် ဗီယက်နမ် ဒေါင် ၁၀ ဘီလီယံ (Approx. USD 430,000) ရှိရ မည်၊
    (ခ)    အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီဖြစ်ပြီး ရှယ်ယာရှင် အနည်းဆုံး ၁၀ဝ ရှိရမည်၊
    (ဂ)     ဗီယက်နမ်   Securities  Depository  ဌာနတွင် ရှယ်ယာများ အပ်နှံပြီးဖြစ်ရမည်၊
    (ဃ)    စဉ်ဆက်မပြတ်   ရပ်တည်လာမှုနှင့်  အမြတ်ရရှိမှု အခြေအနေများ၊ ဝင်ငွေရရှိမှုနှုန်းထားများကို တင်ပြ ရန် မလိုပါ။
UPCOM ဈေးကွက်သည်စတော့အိပ်ချိန်းMainboard  ကဲ့သို့ပင် real-time trading စနစ်ကျင့်သုံးပြီး စာရင်းရှင်းလင်းရေး စနစ်မှာ T+2)ဖြစ်သည်။ စတော့အိပ်ချိန်းကဲ့သို့ပင် ဈေးနှုန်း ဦးစားပေးစနစ်၊ အချိန်ဦးစားပေးစနစ်များကို ကျင့်သုံးသော်လည်း ဈေးကွက်အမှာလွှာ Market Order) ကို လက်ခံခြင်း မရှိပါ။
UPCOM ဈေးကွက်ထူထောင်ရေးအတွက် ဗီယက်နမ် ကွန်ဂရက်မှLaw on Securities 70/2006  ကို ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း  ၂၀၁၂ ခုနှစ်တွင် လိုအပ်သည့် အမိန့်ဒီကရီများ ထုတ်ပြန်ခဲ့သည်။  UPCOM ဈေးကွက်ရှိခြင်းကြောင့်  စတော့အိပ်ချိန်းMainboard တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများမှ စည်းကမ်းနှင့်ညီညွတ်မှု မရှိ သော၊ ရောင်းဝယ်မှုပမဏ လျော့ကျသွားသော ကုမ္ပဏီများအား UPCOM ဈေးကွက်သို့ အဆင့်လျှော့ချနိုင်သည့် အခွင့်အလမ်း များ ရရှိသွားသည်။ ထို့အပြင် အခြားကုမ္ပဏီများကို  ဝယ်ယူခြင်း၊ ပေါင်းစည်းခြင်း (M&A) ပြုလုပ်လိုသည့် စာရင်းဝင်ကုမ္ပဏီ များ  ယာယီရောင်းဝယ်နိုင်သည့် နေရာတစ်ခုအဖြစ်လည်းကောင်း၊ မိမိသဘောဖြင့် UPCOMသို့ အဆင့်လျှော့ချလိုသည့်  ကုမ္ပဏီ များအတွက်လည်း အခွင့်အရေးတစ်ခုကို ရရှိစေသည်။  
UPCOMဈေးကွက်သည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOE) များအား ဖွဲ့စည်းမှုပုံသဏ္ဌာန် ပြောင်းလဲပြီး စတော့ဈေး ကွက်သို့ ဝင်ရောက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ် သည်။ ထို့သို့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စတော့ဈေးကွက်သို့ ဝင်ရောက်ခြင်းကြောင့် နိုင်ငံတော်မှ ကျခံနေရသည့် ဘတ်ဂျက် ဝန်ထုပ်ဝန်ပိုးများ သက်သာသွားခြင်း၊SOE များ၏ ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်များ ပိုမိုကောင်းမွန်လာစေခြင်းနှင့် ဈေးကွက်တွင် ငွေဖြစ်လွယ်မှုနှင့် ဈေးကွက်ထိုးဖောက်ဝင်ရောက်မှု ပိုမိုကောင်း မွန်လာစေခြင်း စသည့် အခွင့်အရေးများကို ရရှိစေမည်ဖြစ်သည်။ နိုင်ငံပိုင်  စီးပွားရေးအဖွဲ့အစည်းများသည်UPCOM  သို့ မဝင် ရောက်ဘဲ ဟိုချီမင်း စတော့အိပ်ချိန်းနှင့်  ဟနွိုင်းစတော့အိပ်ချိန်း များ၏ Mainboard သို့ တိုက်ရိုက်ဝင်ရောက်လိုပါကလည်း သတ် မှတ်ချက်များ ပြည့်ပါက ဝင်ရောက်နိုင်သည်။ 
UPCOM သို့ ဝင်ရောက်လိုသည့်ကုမ္ပဏီများသည် ၂၀၁၅ ခု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဆာကျူလာ 180/2015  အရ အောက် ဖော်ပြပါ အထောက်အထားများကို တင်ပြရန်လိုအပ်ပါသည်။
    (က) စာရင်းဝင်လျှောက်လွာ
    (ခ)     လုပ်ငန်းအလားအလာညွှန်းတမ်း (အကျဉ်းချုပ်)
    (ဂ)     ပြီးခဲ့သည့်တစ်နှစ်၏ စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေး အစီရင်ခံစာ
    (ဃ)     စာရင်းစစ်ဆေးပြီး အီကွစ်တီပြောင်းလဲမှု အစီရင် ခံစာ
    (င)     ဗီယက်နမ် Securities Depository ဌာနသို့ ရှယ်ယာ များ အပ်နှံပြီးကြောင်း လက်မှတ်နှင့်
    (စ)     ကုမ္ပဏီတည်ထောင်သည့် လက်မှတ်တို့ဖြစ်သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှတ်၍ အောက်ဖော်ပြ ပါဇယားတွင်ပါရှိသည့်အတိုင်း သတ်မှတ်ချက်များနှင့် ပြည့်စုံ သည့် ကုမ္ပဏီများသည် ့ဏဃဥြ ဈေးကွက်သို့ ဝင်ရောက်ကြရ မည်ဖြစ်သည်။
    သတ်မှတ်ချက်များ                                                                                                               နောက်ဆုံးဝင်ရောက်ရမည့်နေ့
  စာရင်းမဝင်ရသေးသည့်အများနှင့်သက်ဆိုင်သောကုမ္ပဏီ                                                              နိုင်ငံတော်ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်မှ အများပိုင်ကုမ္ပဏီဟုသတ်မှတ်ပြီးရက် (၃၀) အတွင်း

   MainBoard စာရင်းဝင်အဖြစ်မှ ရပ်တန့်သည့်ကုမ္ပဏီ                                                                   စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ပြီး (၁၀) ရက်အတွင်း

စတော့အိပ်ချိန်းတွင်စာရင်းမဝင်ဘဲအများပြည်သူသို့ IPOပြုလုပ်သည့်ကုမ္ပဏီများ                                IPO ပြုလုပ်ပြီးရက်ပေါင်း (၃၀) အတွင်း

ကုမ္ပဏီများပေါင်းစည်းခြင်း (Merger) ပြုလုပ်ခြင်းနှင့်ခွဲထုတ်ခြင်း                                                     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ပြန်လည်ရရှိပြီး (၆)လအတွင်း

UPCOM  စတင်တည်ထောင်သည့် ၂၀ဝ၉ ခုနှစ်က စာရင်း ဝင် ကုမ္ပဏီ ၄ ခုနှင့် စတင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် မတ်လတွင် ကုမ္ပဏီပေါင်း ၈၆၀ ခုရှိသည်။ တစ်ရက် ပျမ်းမျှ ဗီယက်နမ်ဒေါင် ဘီလီယံ ၆၆၀ ခန့် အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ ဈေး ကွက်တည်ငြိမ်မှု ရှိစေရေးနှင့် မသမာသည့်ရောင်းဝယ်မှုများကို ကာကွယ်ရေး၊ အများပြည်သူများ ပိုမိုယုံကြည်စိတ်ချမှု ရှိစေရေး အတွက် ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးဌာနသည် 115/2017 ဆာ ကျူလာကိုထုတ်ပြန်ကာ UPCOM    ဈေးကွက်ထောက်လှမ်းရေး နှင့်သက်ဆိုင်သည့် လမ်းညွှန်မှု Guideline) များကို ချမှတ်ပေးခဲ့ သည်။ 
ယခုအခါUPCOM  ဈေးကွက်ရှိ ဗီယက်နမ်ကုမ္ပဏီအတော် များများသည် စာရင်းစစ်စာရင်းကိုင်စံများ ကောင်းမွန်မှု၊ အစီရင် ခံစာများ ကောင်းမွန်မှုနှင့် ပွင့်လင်းမြင်သာမှုများကြောင့် ၂၀၁၈ ခုနှစ်အတွက် Vietnam Listed Companies Award ကို ရရှိခဲ့ သည်။ ဗီယက်နမ်စတော့ဈေးကွက် ပိုမိုအောင်မြင်ရေးအတွက် သတင်းအချက်အလက်   ဖွင့်ကြေညာချက်နှင့် သက်ဆိုင်သည့် ဆီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိသည်။

Reference : Investment Guide Book

ထွန်းသက်ထွန်း