Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 05/06/2024 - 13:13 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၂၃၂၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဧပြီ၃၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၁၆ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဧပြီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၄၇၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဧပြီ ၃၀ ရက်တွင် ကျပ်၄၇၈၀ဝ၀ဝသို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ကို ရွှေဈေးကွက်အတွင်းမှသိရှိရသည်။Trading Economicsတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်Trading Economics global macro modelနှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏ွီဏ သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD  ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟုခန့်မှန်းထားကြောင်း သိရသည်။၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည်၂ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်းသည် ၃ဒသမ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရသည်။ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ချက် အရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဧပြီ ၃၀ ရက်ထိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၁၀ဝဖြစ်သည်။ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟဘို ဏသ် တ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်မှ ဧပြီ ၃၀ ရက်ထိရက်သတ္တပတ်အတွင်း ၃၉၁၀-၃၉၁၅ ကျပ်ကြား ရှိနေကြောင်း သိရသည်။