Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 05/06/2024 - 13:18 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ဧပြီ ၃၀ ရက်တွင် Thai Rice Exporter Association Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၂ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၁ ဖြငလ့် ညး် ကောငး် ဖြစေ် ပါ်ခသဲ့ ညက် ိုသရိ ရှိ သည။်ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရကိ န ် ဒေါ်လာ ၆၁၃ ဖြင့်လည်းကောင်း ၊ ဧည့်မထ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၉ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၅၈ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၁ ဖြင့် လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ွှ့ငေ ျွငခနနထစသမအနမ ဗျသခငအေငသည တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိသည်။ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ကောင်းမွန်သောရလဒ်များနှင့်အတူ ၂၀၂၄ ခုနှစ်အတွက် ဗီယက်နမ်နိုင်ငံ၏ လျာထားသော ဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၆ သန်းထက် ကျော်လွန်နိုင်သည်ဟု ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာအသင်း ဥက္ကဋ္ဌ၏ကန်သို မဲခေါင်မြစ်ဝှမ်းမြို့၌ ပြုလုပ်သောညီလာခံ၌ ပြောကြားချက်အရ သိရှိရသည်။ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုပမာဏသည် တန်ချိန် ၄ ဒသမ ၃ သန်းကျော်မည်ဟု ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) က ခန့်မှန်းထားကြောင်း သိရှိရ သည်။သို့ရာတွင် ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ(ပထမလေးလအတွင်း) ဆန်တင်ပို့မှုသည် တန်ချိန် ၃ သန်းတင်ပို့နိုင်ခြင်းကြောင့် ရလဒ်အားဖြင့် ယခုနှစ် ပထမခြောက်လ၌ဆန်တင်ပို့မှုသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ၏ ခန့်မှန်းချက်ထက်ကျော်လွန်နိုင်ကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ မှ ၁၁၀ဝ၀ဝ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ်၁၂၅၀ဝ၀ မှ ၁၃၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သောဧည့်မထ ၂၅ မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀ မှ၇၄၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင်ကျပ် ၇၈၀ဝ၀ မှ ၈၀ဝ၀ဝ ကြားပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် သောင်းလေးထောင်ကျော် လျော့နည်းခဲ့ပြီး တန်ဖိုးအားဖြင့် ကာလတူထက် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၄သန်း ပိုမိုရရှိသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဧည့်မထ ဆန်တစ်အိတ်လျှင် ၂၈၉ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၅၀ဝ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည။် မြနမ် ာ-ထငို း် နယစ် ပေ် ဒသဖြစေ် သာ မြဝတြီမို ့တငွ ် ၂၀၂၄ခုနှစ် ဧပြီ ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရပြင်ပငွေလဲနှုန်းအနေဖြင့် ၁တစ်ဘတ်လျှင် ၁၀၆ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၇၅၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၂၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇၁ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရသည်။  ၂၀၂၄ ခုနှစ်၊ မေလ လဆန်းအပတ်တွင် နိုင်ငံတကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါ သည်။