Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Tue, 05/07/2024 - 10:41 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဧပြီ ၂၉ ရက်နေ့တွင် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆  နိုင်ငံအနက် အင်ဒိုနီးရှားနိုင်ငံ သည် ယခုတစ်ပတ်တွင် ၆ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီးUnitedArab Emiratesနိုင်ငံတွင် ၆ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဂါနာနိုင်ငံတွင်၅ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ှနပခ့နူနျ နိုင်ငံတွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဧပြီ၂၉ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ အီဂျစ်၊ထိုင်ဝမ်၊ နီပေါ၊ အန်ဒိုရာ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကာဂျစ္စတန်၊မိုနာကို၊ နယူးဇီလန်နှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင်နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်းပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်းတွေ့ရှိရသည်။ ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်ဗီယက်နမ်၊ တရုတ်၊ ပါကစ္စတန်၊ ဂရိ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ပိုလန်၊ ကင်ညာနှင့် ဆူရီနမ် အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိပြီးယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ဒသမ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် ၆ ဒသမ၉၀ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် သုည ဒသမ ၈၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရသည်။ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံအနက် လာအိုနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၁၀ရာခိုင်နှုန်းဖြင့် ဈေးနှုန်းအမြင့်တက်ဆုံးနိုင်ငံဖြစ်ခဲပြီး ဇမ်ဘီယာ နိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့်Curacao နိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်
ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ရှစ်နိုင်ငံရှိကြောင်း တွေ့ရှိ ရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင၊် ဘဂင်္လ ားဒေရ့ ၊ှ် ဂျောဒ် န၊် နေော် ဝ၊ အာဂျငတ် းီ နား၊ မကဆ္က ကီ ၊ိုဘူတန်၊ ကိုလံဘီယာ၊ အီဂျစ်၊ နယူးဇီလန်နှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၀ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်းတွေ့ရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်၊ ဆွစ်ဇာလန်၊ ဆိုက်ပရပ်စ်၊အိုက်စလန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ပီရူး၊ ပါကစ္စတန်နှင့် ကင်ညာအပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံသာရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် လာအိုနိုင်ငံတွင် ၃ဒသမ ၁၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင် ၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီးဗီယက်နမ်နိုင်ငံတွင် ၃ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် နိုင်ငံတွင် ၄ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် အောက်တိန်း-၉၂
တစ်လီတာလျှင် ၂၈၄၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင်ကျပ် ၂၉၆၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၁၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင်ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၆၀၊ ဒီဇယ် တစ်လီတာလျှင် ၃၇၂၅ ကျပ်၊ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင်၃၄၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၉၄၀ ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၉၆၀၊ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၁၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၉၆၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ ဖြင့် အနည်းဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက်ဓာတ်ဆီ တစ်လီတာလျှင် ၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၂၀ ကျပ်ကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။