Main menu

Background

မိုးရာသီစာ ခဝဲသီးများ အရောင်းအဝယ်သွက်နေ

Mon, 07/03/2023 - 13:07 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ရိုး ကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင် သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ခဝဲစိုက်ပျိုးခြင်းမှ ပေါ်ဦးပေါ်ဖျား ခဝဲသီးများမှာ ဈေးကောင်းရလျက်ရှိ ကြောင်း သိရသည်။ 
ခဝဲပင်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ခဝဲသီး အမျိုးအစားတွင် အပုမျိုးနှင့် အရှည်မျိုးဟူ၍ နှစ်မျိုးရှိရာ အပုမျိုးသည် ငါးလက်မ၊ ခြောက်လက်မခန့်ရှိပြီး အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျား ပိုင်းရှူသွားသည်။  အရှည်မျိုးသည် တစ်ပေခန့်ရှည်၍ အရင်းအဖျား ညီညာပြီး တဖြောင့်တည်း သေးသွယ်သည်။ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ များတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက် ပျိုးကြသည်။ ယခုအချိန်ထွက်ရှိသော ခဝဲသီးများသည် ရေသွင်းစိုက်ပျိုး သော အပင်များမှထွက်ရှိသည့် အရှည်သီး အမျိုးအစားအသီးများဖြစ် သည်။ ဈေးကွက်တွင် မုံရွာမြို့ နယ်ဒေသထွက် ခဝဲသီးများ စတင်ရောင်းချ နေပြီး ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် ကျပ် ၃၀ဝ-၄၀ဝ နှုန်းဖြင့် ဈေးကောင်းရ ရောင်းချနေကြောင်း သိရသည်။

ထက်ထက်ဝင်း (မုံရွာ)