Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းလဲသွားသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Mon, 08/14/2023 - 11:17 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏  ပြည်ပပို့ကုန် များတွင် ပါဝင်လျက်ရှိသော ဆံပင်ဈေးကွက်မှာ ယခင် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသော်လည်း ကိုဗစ်ကာလ တွင် ဆံပင်  အရောင်းအဝယ်အေးသွား၍ ကိုဗစ် ကာလအလွန် ရန်ကုန်မြို့သို့ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများက လာရောက်ဝယ်ယူလျက်ရှိပြီး ဥညူငညန ဖြင့် ပစ္စည်းနမူနာပြသ၍ ရောင်းဝယ် လျက် ရှိသည့်အတွက် ဆံပင်ဈေးကွက် ပြောင်းလဲသွား ကြောင်း လုပ်ငန်းရှင်ထံမှသိရ သည်၊
မြို့ပေါ်ဆံပင်အဝယ်ဒိုင်သို့ မြို့တွင်းနှင့် ကျေး ရွာများအနီး ဝန်းကျင်ရှိမြို့နယ်များမှာ လာရောက် ရောင်းချမှုရှိပြီး    ဆံပင်ဝယ်ယူရာတွင် အတို/ အရှည်၊ ဖြတ်စနှင့်ဆံပင်ကျွတ်စ(အပွအရိုင်း) တစ် ပိဿာ ကျပ် ၅၀ဝ၀ဝ ဈေးနှင့်  ရှစ်လက်မမှ လက်မ ၄၀ ခန့်အထိ  ဝယ်ယူလျက်ရှိပြီး ဆံပင် ဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၃-၄သိန်းမှ ၇-၉သိန်းနှင့် သိန်း ၂၀ ဝန်းကျင်အထိ ဈေးနှုန်းရှိသည်။ ကာလာဆေးဆိုး ထားသော ဆံပင်၊ သဘာဝအဖြူရောင်ဆံပင်ဆေး ဆိုးထားသော အမဲရောင်ဆံပင်မှာ ဈေးကောင်းမရ ဘဲ ဆံပင် အရင်းအဖျား ဖြောင့်စင်းနေသော ဆံပင် မှာ ဈေးကောင်းရပြီး ဆံပင်အရှည်ဆိုဒ်နှင့် ဆံပင် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိ ကြောင်း ပုသိမ်မြို့ပေါ်တွင် ယခင်က ဆံပင်အဝယ် ဒိုင် ၂/၃ဒိုင်သာ ရှိသော်လည်း  ယခုအခါ အဝယ် ဒိုင်အသစ်များထပ်မံ ဖွင့်လှစ်၍ ၆/၇ ဒိုင်ထိရှိ ကြောင်း တစ်နေ့လျှင် ငွေ ကျပ်  တစ်သိန်းမှ ငါး သိန်းဖိုး တစ်ခါတစ်ရံ ၁၄/၁၅ သိန်းထိ ဆံပင်ဝယ်ယူ ရရှိကြောင်း ပုသိမ်မြို့ မင်းကြီးလမ်း    စိတ်တိုင်းကျ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးရဲသီဟထံမှ သိ  ရသည်၊
မြန်မာနိုင်ငံမှ ဝယ်ယူရရှိသော ဆံပင်များကို ဥရောပတိုက်အတွင်းရှိ နာမည်ကြီး  ပြင်သစ် ကိန်း ရုပ်ရှင်ပွဲတော်၊ နာတာလူးပွဲတော်၊ ဖက်ရှင်ပွဲတော်၊ ခရစ္စမတ်ပွဲတော်များနှင့်    အခြားထင်ရှားသော ပွဲတော်များအတွက်   ဆံပင်အတုပြုလုပ်လျက်ရှိပြီး အသားအုပ် ပလာစတာပေါ်တွင် ဆံပင်အတုပြု လုပ်၍ ထိပ်ပြောင်သူများအတွက်  အသုံးပြုခြင်း၊ မုတ်ဆိတ်မွေး၊   ပါးသိုင်းမွေးများ   အသုံးပြုခြင်း တရုတ်ရုပ်ရှင်ကားများတွင် ဆံတု၊ ဆံထုံးအတွက် အသုံးပြုခြင်း၊ ဂီတရုပ်ရှင်နယ်ပယ်နှင့် ပျော်ပွဲရွှင် ပွဲများတွင်  အလှကုန်ပစ္စည်းအဖြစ်  ဆံပင်တုကို အမျိုးမျိုး တွင်ကျယ်စွာ  အသုံးပြုလျက်ရှိကြောင်း မြန်မာနိုင်ငံရှိ မိတ်ကပ်ပညာရှင်များမှာ ပြည်ပမှ ဆံပင်အတုများကိုလည်း    ဝယ်ယူအသုံးပြုမှုရှိ ကြောင်း သိရသည်။                    

မင်းမင်းဦး(ပသ)